မဲဆောက်တွင် ရဲကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သူကို ကော်ဘရာစစ်ကြောင်းမှူးက ထိုင်းဘက်ပြန်လွှဲ
Dawei Watch
January 22, 2026ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မယ်ကုရပ်ကွက်တွင် ရဲတပ်ကြပ်ကြီးကို သေနတ်ပစ်ခတ်ထွက်ပြေးသွားသော မြန်မာနိုင်ငံသားကို KNU လက်အောက်ခံ ကော်ဘရာစစ်ကြောင်းမှူးက ထိုင်းအာဏာပိုင်များထံ လွှဲပြောင်းအပ်နှံခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ ကော်ဘရာစစ်ကြောင်း၏ ရဲဘော်ဟောင်းဖြစ်သည့် ကိုနိုင်လင်းအောင်ကို ယနေ့ ဇန်နဝါရီလ ၂၂ ရက် နေ့လယ် ၁၂ နာရီတွင် ကော်ဘရာစစ်ကြောင်း ဗိုလ်ဒါဘော ကိုယ်တိုင် ထိုင်းအာဏာပိုင်များထံ အပ်နှံခဲ့သည်။ ရဲတပ်ကြပ်ကြီးကို ပစ်ခတ်ခဲ့ပြီးနောက် ကိုနိုင်လင်းအောင်သည် မြန်မာနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်သွားခြင်း ဖြစ်ကြောင်း ဆိုသည်။ ဇန်နဝါရီလ ၂၀ ရက် ညနေပိုင်းက မဲဆောက်မြို့ မယ်ကုရပ်ကွက် မဲဆောက်-အူဖန်းလမ်းပေါ် စတိုးဆိုင်အနီးတွင် လက်နက်မှောင်ခို ရောင်းဝယ်ရန် ဆိုင်ကယ်ဖြင့် လာသော မြန်မာနိုင်ငံသားနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရန် ကြိုးပမ်းစဉ် ပစ်ခတ်မှုဖြစ်ပြီးနောက် ကိုနိုင်လင်းအောင် ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်များသည် […]


