အမေရိကကို အာဏာရှင်နိုင်ငံဖြစ်ရန် ထရမ့် ဖန်တီးနေပြီဟု HRW ပြော
Dawei Watch
February 5, 2026သမ္မတဒေါ်နယ်ထရမ့်သည် အမေရိကန်ပြည်ထောင်စုကို အာဏာရှင်နိုင်ငံတစ်ခုဖြစ်အောင် ဖန်တီးနေကြောင်း Human Rights Watch (HRW) အဖွဲ့က ဖေဖော်ဝါရီ ၄ ရက်နေ့တွင် သတိပေးလိုက်သည်။ ကမ္ဘာတစ်ဝန်း ဒီမိုကရေစီကျဆင်းမှု ဆယ်စုနှစ်လေးခုအတွင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနေချိန်တွင် ထရမ့်က ယင်းသို့ ဖန်တီးနေခြင်းဖြစ်ကြောင်း နယူးယောက်အခြေစိုက် HRW အဖွဲ့က ဆိုသည်။ လူ့အခွင့်အရေးကိစ္စရပ်များမှာ ရုရှားနှင့် တရုတ်နိုင်ငံတို့ကြောင့် ဖိအားအောက် ကျရောက်နေပြီးသားဖြစ်ရာ ဒေါ်နယ်ထရမ့် အိမ်ဖြူတော်သို့ တစ်ကျော့ပြန် ရောက်လာခြင်းက ယင်းအခြေအနေများကို ပိုမိုဆိုးရွားသွားစေကြောင်း HRW အဖွဲ့၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။ ‘ထရမ့်အစိုးရက လူမျိုးရေးနှင့် လူနည်းစုအခြေခံအပြစ်ပုံချခြင်း၊ အာဏာတိုးချဲ့ရယူနိုင်ရေးအတွက် မဟုတ်မမှန် အကြောင်းပြချက်ဖြင့် နိုင်ငံအတွင်း၌ အမျိုးသားအစောင့်တပ်ဖွဲ့များကို ဖြန့်ကျက်ခြင်း၊ ထရမ့်အား ဝေဖန်သည့် အရာရှိဟောင်းများနှင့် နိုင်ငံရေးရန်သူဟု ယူဆရသူများအပေါ် […]


