ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အီရန်ကို အမေရိကန် ထပ်မံတိုက်ခိုက်

June 10, 2026

ဓာတ်ပုံ - US strikes Iran in response to helicopter shootdown

အမေရိကန်စစ်တပ်က အီရန်ကို ဇွန်လ ၉ ရက်တွင် ထပ်မံ တိုက်ခိုက်သောကြောင့် နှစ်နိုင်ငံကြား အပစ်ရပ် သဘောတူညီချက် ပေါ်ပေါက်ရေးအတွက် စိုးရိမ်မှုများ ပိုမိုကြီးထွားလာသည်။

ဟော်မုဇ်ရေလက်ကြားတွင် အမေရိကန်အပါချီရဟတ်ယာဉ်တစ်စင်းကို အီရန်ဘက်က ပစ်ချခဲ့သည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပြီးနောက် အမေရိကန်စစ်တပ်၏ အဆိုပါ တိုက်ခိုက်မှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

အီရန်၏ အသေခံတိုက်ခိုက်ရေး ဒရုန်းတစ်စင်းကြောင့် အဆိုပါ အမေရိကန်အပါချီရဟတ်ယာဉ် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် အမေရိကန်အရာရှိတစ်ဦးက ပြောသည်။

အင်္ဂါနေ့က တိုက်ခိုက်မှုအတွင်း ဟော်မုဇ်ရေလက်ကြားအနီးရှိ အီရန်၏ လေကြောင်းရန်ကာကွယ်ရေးစနစ်၊ မြေပြင်ထိန်းချုပ်ရေးစခန်းများနှင့် စောင့်ကြည့်ထောက်လှမ်းရေး ရေဒါစခန်းများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အမေရိကန်စစ်တပ်က X လူမှုကွန်ရက်ပေါ်တွင် ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ဆင်ရေးသည် အမေရိကန်တပ်ဖွဲ့များနှင့် ကုန်သွယ်သင်္ဘောများ မကြာသေးမီက တိုက်ခိုက်ခံရမှုအတွက် လက်တုံ့ပြန်မှုဖြစ်ကြောင်း အမေရိကန်ဗဟိုစစ်ဌာနချုပ်က ဖော်ပြသည်။

အဆိုပါ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် ဒေသတွင်းရှိ အမေရိကန် စစ်အခြေစိုက်စခန်းအချို့ကို အီရန်ဘက်က ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်မီဒီယာများက ဖော်ပြသည်။

Source: Reuters

ဓာတ်ပုံ – US strikes Iran in response to helicopter shootdown