ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရေနံဈေး ဒေါ်လာ ၈၀ အောက် ကျဆင်း

June 17, 2026

Photo - Oil drops below US$80 on US-Iran deal - CNA

ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်တော့မည့်သတင်းကြောင့် ဇွန်လ ၁၆ ရက်နေ့တွင် ရေနံဈေးနှုန်းများ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈၀ အောက် ကျဆင်းခဲ့သည်။

ယင်းသို့ ရေနံဈေးနှုန်းကျဆင်းမှုက ကမ္ဘာ့စီးပွားရေးအပေါ် ကျရောက်နေသည့် ငွေကြေးဖောင်းပွမှုဖိအားများ လျော့ပါးသက်သာစေခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြသည်။

အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်မည့် သဘောတူညီချက်၏ တစိတ်တပိုင်းအနေဖြင့် အမေရိကန်အစိုးရက အီရန်ရေနံစိမ်းအပေါ် ပိတ်ဆို့အရေးယူမှုများကို ဖြေလျှော့ပေးနိုင်ကြောင်း The Wall Street Journal က ဖော်ပြခဲ့ပြီးနောက် ရေနံဈေးကျဆင်းမှုမှာ ငါးရာခိုင်နှုန်းကျော်အထိ ပိုမိုမြန်ဆန်လာခဲ့သည်။

နိုင်ငံတကာစံညွှန်း Brent North Sea ရေနံစိမ်းစျေးနှုန်းသည် ၅ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၈ ဒသမ ၉၆ ဒေါ်လာအထိ ကျဆင်းခဲ့သည်။

ရေနံလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူများနှင့် သင်္ဘောလိုင်းကုမ္ပဏီများကမူ ဟော်မုဇ်ရေလက်ကြား လုံးဝနီးပါး ပိတ်ဆို့သွားခဲ့ရပြီးနောက် ပုံမှန်လုပ်ငန်းလည်ပတ်မှုများကို ပြန်လည်စတင်နိုင်ရန် အချိန်ယူရမည်ဖြစ်ကြောင်း သတိပေးပြောကြားထားကြသည်။

သို့ရာတွင် လက်ရှိအခြေအနေသည် ဟော်မုဇ်ရေလက်ကြား ဘယ်တော့ပြန်ဖွင့်မလဲ မသိရသည့် စစ်ဖြစ်နေဆဲအချိန်ကထက် များစွာတိုးတက်ကောင်းမွန်လာသည်ဟု ဈေးကွက်များက ရှုမြင်ကြကြောင်း လေ့လာဆန်းစစ်သူများက ဆိုသည်။

Source: AFP

ဓာတ်ပုံ – Oil drops below US$80 on US-Iran deal – CNA