ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

ဆုန်ကရန်အပြီး ထိုင်းတွင် ဆီဆိုင်များကို ညဘက် ပိတ်ထားရန်စီစဉ်

Dawei Watch

April 7, 2026

ထိုင်းသင်္ကြန်ဟု လူသိများသည့် ဆုန်ကရန်ပွဲတော်အပြီး ထိုင်းနိုင်ငံအတွင်းရှိ ဆီဆိုင်များကို ညဘက် ပိတ်ထားမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် အနုထင် ချန်ဝီရကူက ယနေ့တွင် ပြောသည်။ စွမ်းအင်ချွေတာရေး အစီအစဉ်အနေဖြင့် လာမည့် ဧပြီလ ၂၀ ရက်မှစ၍ နိုင်ငံတဝန်း ဆီဆိုင်အားလုံးကို ည ၁၀ နာရီမှ နံနက် ၅ နာရီအထိ ပိတ်ထားရန် စီစဉ်ထားကြောင်း ၎င်းက ဆိုသည်။ ထို့ကြောင့် ဆုန်ကရန်ပွဲတော်ကာလ ဧပြီလ ၁၁ ရက်မှ ၁၅ ရက်အတွင်း အိမ်ပြန်မည့်သူများနှင့် လည်ပတ်မည့် သူများအတွက် ထိခိုက်စေမည်မဟုတ်ကြောင်း ဝန်ကြီးချုပ်က ပြောဆိုသည်။ ဆုန်ကရန် ပွဲတော်အပြီး လူအများ ပုံမှန်လုပ်ငန်း လည်ပတ်နေသည့်အချိန်မှသာ ၎င်းအစီအစဉ်ကို အကောင်အထည် ဖော်မည်ဖြစ်သဖြင့် ပွဲတော်ကာလတွင် မိဘအိမ်ကို အေးဆေးစွာပြန်နိုင်ကြောင်း ၎င်းက […]

အီရန်တိုက်ခိုက်မှုကြောင့် ဆော်ဒီအာရေဗျ အကြီးဆုံးစက်မှုဇုန် မီးလောင်ပေါက်ကွဲ

Dawei Watch

April 7, 2026

စတုရန်းကီလိုမီတာ ၁၀၀၀ ကျော် ကျယ်ဝန်းသည့် အယ်လ်ဂျူဘေးလ်စက်မှုဇုန်မြို့သည် ဆော်ဒီအာရေဗျ၏ အဓိက ရေနံဓာတုနှင့် စွမ်းအင်အခြေခံအဆောက်အအုံများ တည်ရှိရာ နေရာဖြစ်သည်။

အမေရိကန်၏ ယာယီအပစ်ရပ်မည့် ကမ်းလှမ်းချက် အီရန် ပယ်ချ

Dawei Watch

April 7, 2026

ပါကစ္စတန်မှတစ်ဆင့် အမေရိကန်က အဆိုပြုလာသည့် စစ်ပွဲအဆုံးသတ်ရေးအစီအစဉ်နှင့် ပတ်သက်၍ အီရန်ဘက်က ယာယီအပစ်ရပ်ရေးကို ပယ်ချခဲ့ပြီး စစ်ပွဲကို အပြီးတိုင်အဆုံးသတ်ရန်သာ လိုအပ်ကြောင်း ဧပြီလ ၆ ရက်နေ့က တုံ့ပြန်ခဲ့သည်ဟု အီရန်အစိုးရပိုင် IRNA သတင်းဌာနက ဖော်ပြသည်။ ဟော်မုဇ်ရေလက်ကြားပြန်ဖွင့်ပေးရန် ဖိအားပေးမှုများကို အီရန်ဘက်က ဆန့်ကျင်ပယ်ချလိုက်ပြီး ရေရှည်တည်တံ့သည့် စစ်ပွဲအဆုံးသတ်ရေးကို လိုအပ်ကြောင်း အီရန်ဘက်က ဆိုသည်။ စစ်ပွဲအဆုံးသတ်ရေးအတွက် အမေရိကန်၏ အဆိုပြုအစီအစဉ်ကို အီရန်ဘက်မှ တုံ့ပြန်ချက်တွင် အချက် ၁၀ ချက် ပါဝင်သည်။ ယင်းတို့တွင် ဒေသတွင်း ပဋိပက္ခများ ရပ်တန့်ရေး၊ ဟော်မုဇ်ရေလက်ကြားအတွင်း ဘေးကင်းလုံခြုံစွာ ဖြတ်သန်းသွားလာနိုင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ သတ်မှတ်ရေး၊ အီရန်အပေါ် ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ပါဝင်ကြောင်း အီရန်အစိုးရပိုင် IRNA သတင်းဌာနက ဆက်လက်ဖော်ပြသည်။ […]

လောင်စာဆီ ၅၇ သန်းကျော် ပျောက်ဆုံးမှု ဖော်ထုတ်နိုင်ပြီဟု ထိုင်းအစိုးရထုတ်ပြန်

Dawei Watch

April 7, 2026

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်တွင် ဆီသိုလှောင်ရုံများသို့ မရောက်လာဘဲ ပျောက်ဆုံးနေသော ဆီလီတာ ၅၇ သန်းကျော်သည် ပင်လယ်ပြင်တွင် ခိုးယူသယ်ထုတ်ခြင်းခံရခြင်းဖြစ်ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ခဲ့သည်။ ပျောက်ဆုံးနေသော လောင်စာဆီများသည် ပင်လယ်ပြင်ရှိ ဆီတင်သင်္ဘောကြီးများပေါ်မှတစ်ဆင့် သင်္ဘောငယ်များပေါ်သို့ ၉၆ ခေါက်အထိ သယ်ထုတ်ခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း တရားမျှတမှုဝန်ကြီး Rutthapon Naowarat က ဧပြီလ ၆ ရက်နေ့က ပြောသည်။ လောင်စာဆီများသည် သတ်မှတ်နေရာသို့ မရောက်လာဘဲ အခြားနေရာအသီးသီးသို့ ရောက်သွားကြောင်း ဝန်ကြီးက ပြောသော်လည်း ရောက်ရှိသွားသောနေရာအသေးစိတ်နှင့် ပါဝင်ပတ်သက်နေသူများကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။ အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ဆီဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေချိန် လောင်စာဆီများ ပျောက်ဆုံးခဲ့မှုနှင့် ပတ်သက်၍ ထိုင်းအစိုးရအဖွဲ့က အပြင်းအထန် စုံစမ်းနေခြင်းဖြစ်သည်။ စုံစမ်းမှုအရ စူရတ်ဌာနီခရိုင်အတွင်း လောင်စာဆီ လီတာ ၂၁၇ သန်းကို သယ်ယူပို့ဆောင်ရာတွင် […]

အစ္စရေးက အီရန်၏ အကြီးဆုံးရေနံဓာတုစက်ရုံကို ပစ်ခတ်တိုက်ခိုက်

Dawei Watch

April 6, 2026

အစ္စရေးနိုင်ငံက အီရန်နိုင်ငံရှိ အဓိက သဘာဝဓါတ်ငွေ့သိုလှောင်ရာ South Pars ဓါတ်ငွေ့လုပ်ကွက်ရှိ ရေနံဓာတုစက်ရုံကြီးကို ယနေ့တွင် ပစ်ခတ်တိုက်ခိုက်လိုက်ကြောင်း နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြသည်။ South Pars ဓါတ်ငွေ့လုပ်ကွက်ဆိုသည်မှာ ပါရှန်းပင်လယ်ကွေ့တွင် တည်ရှိသော ကမ္ဘာ့အကြီးဆုံး သဘာဝဓါတ်ငွေ့သိုလှောင်ရာ နေရာတစ်ခုဖြစ်ပြီး အီရန်နှင့် ကာတာနိုင်ငံက မျှဝေသုံးစွဲနေသော နေရာလည်းဖြစ်သည်။ နိုင်ငံ၏ အကြီးဆုံး ရေနံဓါတုစက်ရုံကြီး တိုက်ခိုက်ခံရကြောင်းနှင့် တိုက်ခိုက်မှုကြောင့် လုံခြုံရေးအစောင့်တပ်က နှစ်ဦး သေဆုံးကြောင်း အီရန်ဘက်က အတည်ပြုထားသည်။ အဆိုပါတိုက်ခိုက်မှုသည် အီရန်နိုင်ငံ၏ အဓိကဝင်ငွေကို ဖြတ်တောက်နိုင်ရန် ရည်ရွယ်ကြောင်း အစ္စရေးဘက်က ပြောသည်။ တိုက်ခိုက်ခံရသော South Pars ဓါတ်ငွေ့လုပ်ကွက်သည် အီရန်နိုင်ငံ လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုအတွက် အရေးကြီးသော နေရာတစ်ခုဖြစ်သည်။ ဟော်မုဇ်ရေလက်ကြားကို မဖွင့်ပေးပါက လျှပ်စစ်ဓါတ်အားပေးစက်ရုံများကို တိုက်ခိုက်မည်ဟု အမေရိကန်သမ္မတ […]

ထိုင်းမြောက်ပိုင်း ခရိုင်များတွင် မိုးစရွာ၊ တောမီးမရှို့ကြရန် သတိပေး

Dawei Watch

April 6, 2026

လေထုညစ်ညမ်းမှု ဆိုးရွားစွာဖြစ်နေသော ထိုင်းမြောက်ပိုင်း ချင်းမိုင်၊ ချင်းရိုင်နှင့် လမ်ဖွန်ခရိုင်များတွင် ယနေ့ ညနေပိုင်း၌ မိုးစတင် ရွာသွန်းပြီဖြစ်ကြောင်း ထိုင်းမိုးလေဝသဌာနက ထုတ်ပြန်သည်။ ချင်းမိုင်ခရိုင်ရှိ အုံးကွန်၊ ဟွတ်၊ မယ်အိုင်း၊ မယ်ကျန်း၊ ကျွန်ထွန်းတို့တွင်လည်းကောင်း ချင်းရိုင်ခရိုင်ရှိ မယ်ဆွိုင်၊ ချင်းရိုင်မြို့တွင်လည်းကောင်း၊ လမ်ဖွန်ခရိုင်ရှိ ဘန်းဟော့တွင်လည်းကောင်း ယနေ့ညနေပိုင်းတွင် မိုးစတင်ရွာသွန်းပြီဖြစ်ကြောင်း သိရသည်။ ချင်းမိုင်ခရိုင်ရှိ အုံးကွန်ဒေသတွင် နေ့လယ် ၂ နာရီ ၁၀ မိနစ်ခန့်တွင် မိုးစတင်ရွာသွန်းခဲ့ပြီး လေပြင်းနှင့် လျှပ်စီးလက်ခြင်းများလည်း ရှိခဲ့ကြောင်း ဖော်ပြထားသည်။ မိုးရွာသွန်းပြီးနောက် အုံးကွန်ဒေသရှိ တောမီးလောင်နေမှုနှင့် လေထုညစ်ညမ်းမှုကို သိသိသာသာ သက်သာကျဆင်းသွားစေခဲ့ကြောင်း သိရသည်။ ယနေ့ ညနေပိုင်းတွင် မိုးရွာသွန်းစေရန်အတွက် ယနေ့နံနက်နှင့် နေ့လယ်ပိုင်းတွင် အာဏာပိုင်များက လေယာဉ်ငယ် ၇ စီးဖြင့် ချင်းမိုင်၊ […]

၄၅ ရက်ကြာ အပစ်ရပ်ရန် အမေရိကန်နှင့် အီရန် ကြိုးပမ်းနေ

Dawei Watch

April 6, 2026

ပထမအဆင့်မှာ ၄၅ ရက်ကြာ အပစ်အခတ်ရပ်စဲထားရန်ဖြစ်ပြီး ယင်းအပစ်ရပ်ကာလအတွင်း စစ်ပွဲအပြီးတိုင်ရပ်တန့်ရေးအတွက် ညှိနှိုင်းသွားမည် ဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

အရှေ့အလယ်ပိုင်းပဋိပက္ခအတွက် ရုရှားနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း တရုတ်ပြော

Dawei Watch

April 6, 2026

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ရုရှားနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ပြီး အရှေ့အလယ်ပိုင်းဒေသတင်းမာမှုများကို လျှော့ချရေး ကြိုးပမ်းသွားရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက ဧပြီလ ၅ ရက်တွင် ပြောသည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့ဗ်နှင့် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးစဉ် ၎င်းက ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ ဟော်မုဇ်ရေလက်ကြားအတွင်း ရေကြောင်းသွားလာမှုဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန် အခြေခံအကျဆုံး နည်းလမ်းမှာ အမြန်ဆုံး အပစ်အခတ်ရပ်စဲရေးပင်ဖြစ်ကြောင်း ဝမ်ယိက ဆိုသည်။ တရုတ်နိုင်ငံအနေဖြင့် ပဋိပက္ခဖြစ်ပွားရာဒေသရှိ ပြဿနာများကို တွေ့ဆုံဆွေးနွေးအဖြေရှာသည့် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အမြဲတစေ တိုက်တွန်းအားပေးခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ ဟော်မုဇ်ရေလက်ကြားနှင့် ပတ်ဝန်းကျင်ဒေသများရှိ ကုန်သွယ်ရေးသင်္ဘောများ ဘေးကင်းလုံခြုံရေးအတွက် ဘာရိန်းနိုင်ငံက တင်သွင်းထားသည့် ဆုံးဖြတ်ချက်အဆိုကို လာမည့်သီတင်းပတ်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ မဲခွဲဆုံးဖြတ်ရန် ရှိသည်။ ယင်းမဲခွဲမှု မတိုင်မီ တရုတ်နှင့် […]