ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းတွင် ကားမှောက်ပြီး မြန်မာနှစ်ဦး သေဆုံး၊ ရှစ်ဦး ဒဏ်ရာရ

July 6, 2026

Ref: FM 91, ကန်ဖမ်းဖက်ရဲစခန်း

ထိုင်းနိုင်ငံ၊ ကန်ဖမ်းဖက်ခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာနိုင်ငံသားများ လိုက်ပါလာသည့် ကားတစ်စီး တိမ်းမှောက်ခဲ့ရာ မြန်မာနိုင်ငံသား နှစ်ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဇူလိုင်လ ၃ ရက်နေ့ညက ကန်ဖမ်းဖက်မြို့ အဝေးပြေးလမ်းမကြီးပေါ်တွင် ပစ်ကပ်ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

မိုးရွာသွန်းနေသည့်အချိန် ကားသည် လမ်းချော်သွားခြင်းဖြစ်ပြီး လမ်းကွေ့အဆင်းနေရာတွင် အရှိန်မထိန်းနိုင်တော့ဘဲ လမ်းဘေးမြောင်းထဲသို့ ကျရောက်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

ကားပေါ်တွင် မြန်မာနိုင်ငံသား ၁၀ ဦး လိုက်ပါလာပြီး ကားမှောက်မှုကြောင့် မြန်မာနိုင်ငံသား ရှစ်ဦးမှာ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။

ကျန်ရှိသည့် မြန်မာနိုင်ငံသား ရှစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းတို့အနက် နှစ်ဦးမှာ ဒဏ်ရာပြင်းထန်ပြီး အားလုံးကို ကယ်ဆယ်ရေးအဖွဲ့များက ကန်ဖမ်းဖက်ဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးခဲ့ကြောင်း ဖော်ပြထားသည်။

ကားမှောက်မှုဖြစ်ပွားပြီးနောက် ကားသမားသည် ထွက်ပြေးသွားခဲ့သော်လည်း နောက်တစ်ရက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ဟုဆိုသည်။

ဖမ်းဆီးခံရသော ကားသမားကို လူသေဆုံးမှုဖြစ်စေသည်အထိ ကားကို မဆင်မခြင် မောင်းနှင်မှု၊ နိုင်ငံခြားသားများ တရားမဝင် ဝင်ရောက်လာစဉ် ကူညီမှုနှင့် မတော်တဆမှုဖြစ်ပွားပြီးနောက် ထွက်ပြေးမှုတို့ဖြင့် အမှုဖွင့်ထားကြောင်း သတင်းတွင် ဖော်ပြသည်။

ဇွန်လ ၂၃ ရက်နေ့ကလည်း ဖက်ချ်ဘူရီခရိုင်တွင် ကားတစ်စီး ဓာတ်တိုင်ဝင်တိုက်ပြီး တိမ်းမှောက်ခဲ့ရာမှ တရားမဝင် လာရောက်သူ မြန်မာအမျိုးသမီး တစ်ဦး သေဆုံးခဲ့သေးသည်။