ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အီရန်ကို အမေရိကန် တိုက်ခိုက်

June 27, 2026

Source: Reutersဓာတ်ပုံ - US strikes Iran in response to attack on cargo ship in Strait of Hormuz | Reuters

အမေရိကန်စစ်တပ်သည် အီရန်ကို ဇွန်လ ၂၆ ရက်တွင် တိုက်ခိုက်လိုက်သည်။

ဟော်မုဇ်ရေလက်ကြားအတွင်း ကုန်တင်သင်္ဘောတစ်စီးအား အီရန်က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုအပေါ် လက်တုံ့ပြန်သည့်အနေဖြင့် ယင်းသို့ တိုက်ခိုက်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

အီရန်နှင့် အမေရိကန်အကြား ပြီးခဲ့သည့် သီတင်းပတ်အတွင်း သဘောတူညီခဲ့သည့် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ကြောင်း တစ်ဘက်နှင့် တစ်ဘက် အပြန်အလှန် စွပ်စွဲလျက်ရှိကြသည်။

အီရန်ဒုံးကျည်နှင့် ဒရုန်းသိုလှောင်ရာနေရာများ၊ ကမ်းရိုးတန်းရေဒါစခန်းများကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်ဗဟိုစစ်ဌာနချုပ်က ထုတ်ပြန်သည်။

ယင်းတိုက်ခိုက်မှုစစ်ဆင်ရေး ပြီးဆုံးသွားပြီ ဖြစ်ကြောင်း အမေရိကန်အရာရှိတစ်ဦးက သတင်းထုတ်ပြန်ခဲ့သည်။

အီရန်ဘက်ကလည်း ဒေသတွင်းရှိ အမေရိကန်စစ်ဘက်ဆိုင်ရာပစ်မှတ်များကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ကြာသပတေးနေ့တွင် အိုမန်ကမ်းရိုးတန်းအနီး သွားလာနေသည့် ကုန်တင်သင်္ဘောတစ်စီး ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရပြီးနောက် အီရန်က ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့ ထိန်းချုပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။

ပင်လယ်ကွေ့နိုင်ငံများအနေဖြင့် အမေရိကန်ဘက်က မရပ်တည်ရန်လည်း အီရန်က သတိပေးခဲ့သည်။

သို့ရာတွင် တစ်ဘက်တွင်လည်း အစ္စရေးနှင့် အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာတို့အကြား တိုက်ခိုက်မှုများကို အဆုံးသတ်ရန် နှစ်ဘက်စလုံးက သဘောတူလက်မှတ်ရေးထိုးခဲ့ကြသဖြင့် လေးလကြာပဋိပက္ခကို အဆုံးသတ်ရန် တိုးတက်မှုလက္ခဏာများ ရှိခဲ့သည်။

Source: Reuters

ဓာတ်ပုံ – US strikes Iran in response to attack on cargo ship in Strait of Hormuz | Reuters