အီရန်အပေါ် တိုက်ခိုက်မှုအသစ်များကို အမေရိကန်စစ်တပ်က ဇူလိုင်လ ၇ ရက်တွင် လုပ်ဆောင်လိုက်သည်။
ဟော်မုဇ်ရေလက်ကြားအတွင်း ရေနံတင်သင်္ဘောသုံးစီး ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရပြီးနောက် အမေရိကန်စစ်တပ်၏ အဆိုပါ တိုက်ခိုက်မှုအသစ် ထွက်ပေါ်လာခြင်း ဖြစ်သည်။
အီရန်အား ရေနံရောင်းချခွင့်ပြုထားသည့် လိုင်စင်ကိုလည်း အမေရိကန်ဘက်က ပြန်ရုပ်သိမ်းလိုက်သည်။
ယင်းကြောင့် ယခင်ကတည်းက ထိခိုက်လွယ်နေသည့် အမေရိကန်နှင့် အီရန်အကြား အပစ်အခတ်ရပ်စဲရေးအခြေအနေ ပိုမိုဆိုးရွားလာခဲ့သည်။
အီရန်ဘက်က ပြင်းပြင်းထန်ထန် ပေးဆပ်ရစေရန် ရည်ရွယ်၍ တိုက်ခိုက်ခြင်းဖြစ်ကြောင်း အမေရိကန်အလယ်ပိုင်း စစ်ဌာနချုပ်က ထုတ်ပြန်ထားသည်။
အီရန်၏ အဓိကရေနံအချက်အချာနေရာများဖြစ်သည့် ခါ့ခ်ကျွန်း၊ ကက်ရှ်ကျွန်းနှင့် ဆီရစ်ခ်နှင့် ဘန်ဒါအာဘတ်စ်မြို့တို့တွင် ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့အစောပိုင်းက ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း အီရန်မီဒီယာများက ဖော်ပြသည်။
နိုင်ငံတကာဈေးကွက်တွင် အီရန်အား ရေနံရောင်းချခွင့်ပြုသည့် အဓိကလိုက်လျောမှုကိုလည်း အမေရိကန်အစိုးရက ပြန်ရုပ်သိမ်းလိုက်ရာ ကမ္ဘာ့ရေနံဈေးနှုန်းများ ၃ ရာခိုင်နှုန်းကျော် မြင့်တက်သွားခဲ့သည်။
Source: Reuters
ဓာတ်ပုံ – US launches new strikes on Iran after reinstating oil sanctions over shipping attacks | Reuters







