အာဆီယံထိပ်သီးအစည်းအဝေးများတွင် မြန်မာခေါင်းဆောင်(စစ်အုပ်စု)များ ပါဝင်တက်ရောက်နိုင်ရေးမှာ ဝေးကွာနေဆဲဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဇူလိုင်လ ၂၃ ရက်နေ့တွင် ပြောကြားလိုက်သည်။
အာဆီယံဘုံသဘောတူညီချက် ၅ ရပ်အပေါ် မြန်မာခေါင်းဆောင်များ၏ လိုက်နာဆောင်ရွက်မှုကို အကဲဖြတ်နေဆဲဖြစ်သောကြောင့် မြန်မာခေါင်းဆောင်များအနေဖြင့် အာဆီယံထိပ်သီးအစည်းအဝေးများတွင် ပါဝင်တက်ရောက်နိုင်ဦးမည် မဟုတ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာထရီဆာလာဇာရိုက ဆိုသည်။
“ဒါက အလှမ်းဝေးနေဆဲပါပဲ။ သူတို့ရဲ့ လိုက်နာဆောင်ရွက်မှုနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာတွေ အမျာကြီး ရှိနေပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇာရိုသည် အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ဖြစ်ပြီး ယခုနှစ်နှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သွားမည် ဖြစ်သည်။
အာဆီယံအဖွဲ့အနေဖြင့် မြန်မာခေါင်းဆောင်များ၏ ငြိမ်းချမ်းရေး လမ်းပြမြေပုံ တိုးတက်မှုကို တိုင်းတာရန် စံသတ်မှတ်ချက်များ ချမှတ်သွားမည်ဖြစ်ပြီး အဆိုပါ စံချိန်စံညွှန်းများကို မမီပါက လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်းဟု သတ်မှတ်မည်ဖြစ်ကြောင်းလည်း လာဇာရိုက ဖြည့်စွက်ပြောကြားခဲ့သည်။
Source: Reuters







