ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အန္ဒိယတက်ကြွလှုပ်ရှားသူ ဆိုနမ်ဝမ်ချွတ် အစာငတ်ခံ ဆန္ဒပြမှု အဆုံးသတ်

July 24, 2026

ဆေးတက္ကသိုလ်ဝင်ခွင့်စာမေးပွဲ မေးခွန်းပေါက်ကြားမှုဖြစ်စဉ်နှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံသား တက်ကြွလှုပ်ရှားသူ ဆိုနမ်ဝမ်ချွတ်က အစာငတ်ခံဆန္ဒပြနေခြင်းဖြစ်ပြီး ၎င်း၏ဆန္ဒပြမှုကို ၂၆ ရက်အကြာတွင် အဆုံးသတ်လိုက်ပြီဖြစ်သည်။

သို့ရာတွင် အိန္ဒိယပညာရေးဝန်ကြီး နုတ်ထွက်ပေးရေး တောင်းဆိုဆန္ဒပြမှုများမှာ ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။

အကြောင်းအရပ်အမျိုးမျိုးအပေါ် အချိန်ယူဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် လွှတ်တော်အမတ် အမြောက်အမြား၏ တိုက်တွန်းမှုများအရ နိုင်ငံအတွင်း အကြမ်းဖက်မှုဖြစ်ပေါ်လာနိုင်မှုကို ငဲ့ကွက်သောအားဖြင့် အိန္ဒိယဗဟိုအစိုးရဝန်ကြီးနှစ်ဦး၏ ရှေ့မှောက်တွင် ၎င်း၏ အစာငတ်ခံဆန္ဒပြမှုကို ရပ်ဆိုင်းခဲ့ကြောင်း ဆိုနမ်ဝမ်ချွတ်က X လူမှုကွန်ရက်စာမျက်နှာတွင် ပြောဆိုခဲ့သည်။

၎င်းက အဆိုပါ ဆွေးနွေးပွဲများ၏ အသေးစိတ်ကို ရှင်းလင်းပြောကြားခဲ့ခြင်းမရှိသော်လည်း ရုပ်သံဗီဒီယိုတစ်ခုတွင် အသေးစိတ်အချက်အလက်များကို မကြာမီ ထုတ်ဖော်ပြောကြားသွားမည်ဟု ကတိပြုခဲ့သည်။

ဆေးတက္ကသိုလ်ဝင်ခွင့် စာမေးပွဲမေးခွန်းပေါက်ကြားမှု ဖြစ်စဉ်သည် ကျောင်းသားများ စာခိုးချမှု ဖြစ်ပေါ်စေကြောင်း ဆန္ဒပြသူများဘက်က စွပ်စွဲထားသည်။

ယင်းစာမေးပွဲမေးခွန်းပေါက်ကြားမှုကြောင့် ကျောင်းသားပေါင်း ၂ သန်းခန့်ထိခိုက်နစ်နာခဲ့ရပြီး ကျောင်းသားအချို့ ကိုယ့်ကိုယ်ကို သတ်သေခဲ့သည်။

ယင်းစာမေးပွဲမေးခွန်းပေါက်ကြားမှုကြောင့် ပညာရေးဝန်ကြီးဒါမန်ဒရာပရာဒန်နုတ်ထွက်ပေးရန် ပိုးဟပ်ပြည်သူ့ပါတီလှုပ်ရှားမှုဦးဆောင်သည့် လူငယ်ဆန္ဒပြသူများက တောင်းဆိုလျက် ရှိသည်။

ပညာရေးဝန်ကြီးနုတ်ထွက်ပေးရေး တောင်းဆိုဆန္ဒပြမှုများသည် ဝန်ကြီးချုပ်နရန်ဒရာမိုဒီ အစိုးရအတွက် အကြီးမားဆုံးသော လူထုစိန်ခေါ်မှုတစ်ရပ် ဖြစ်သည်။

ပိုးဟပ်ပြည်သူ့ပါတီလှုပ်ရှားမှု စတင်တည်ထောင်သူ အဘီဂျီးတ် ဒီးပ်ကေ (Abhijeet Dipke) က အသက် ၅၉ နှစ်အရွယ် ဝမ်ချွတ်ခ်၏ “ရဲရင့်မှုနှင့် စွန့်လွှတ်အနှစ်နာခံမှု” အတွက် ကျေးဇူးတင်ရှိကြောင်း ၊ အိန္ဒိယပညာရေးဝန်ကြီး ပရာဒန် နုတ်ထွက်သည်အထိ ဆန္ဒပြမှုများကို ဆက်လက်ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။

Source: Reuters