ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းတွင် မြန်မာအမျိုးသမီးတစ်ဦး သတ်ဖြတ်အလောင်းစွန့်ပစ်ခံရ

July 28, 2026

Photo – Khoasod

ထိုင်းနိုင်ငံ၊ ချာချင်စောင်ခရိုင်တွင် မြန်မာအမျိုးသမီးတစ်ဦးသည် လည်ပင်းပြတ်ရှဒဏ်ရာဖြင့် အသတ်ခံရပြီး လမ်းဘေး ချုံတောထဲတွင် စွန့်ပစ်ခံထားရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဇူလိုင်လ ၂၇ ရက် ညနေက ချာချင်စောင်ခရိုင် ဘန်ဖိုဒေသ လမ်းဘေးချုံတောထဲတွင် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို လမ်းသွားလမ်းလာတစ်ဦးက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့က ရုပ်အလောင်းကို စစ်ဆေးရာ သေဆုံးသူသည် အသက် ၂၆နှစ်အရွယ် မတင်စန္ဒာလင်း ဖြစ်ပြီး လည်ပင်းတွင် ပြတ်ရှဒဏ်ရာ ရရှိထားသည်ကို တွေ့ရကြောင်း ဖော်ပြသည်။

သေဆုံးသူ၏ လက်တစ်ဖက်တွင် ဆံပင်တချို့ကို ကိုင်ထားသည်ကိုလည်း တွေ့ရကြောင်း ဖော်ပြသည်။

မြန်မာအမျိုးသမီးသည် လွန်ခဲ့သော နှစ်ရက်ခန့်က သေဆုံးခြင်းဖြစ်နိုင်ပြီး အလောင်းသည် ပုပ်ပွနေပြီဖြစ်ကြောင်း ဖော်ပြသည်။

မြန်မာအမျိုးသမီးသည် ဇူလိုင်လ ၂၅ ရက်က ဖုန်းပြောနေစဉ် အခန်း အပြင်သို့ ထွက်သွားပြီးနောက် အဆက်အသွယ် လုံးဝ ပြတ်တောက်သွားခဲ့ကြောင်း မောင်တော်စပ်သူက ရဲတပ်ဖွဲ့ထံ ပြောဆိုထားသည်။

နီးစပ်သူများက လိုက်လံရှာဖွေသော်လည်း လုံးဝ ပြန်မတွေ့ခဲ့ကြောင်း ဆိုသည်။ 

ဇူလိုင်လ ၂၇ ရက် ညနေပိုင်းတွင် လမ်းသွားလမ်းလာတစ်ဦးက အပုပ်နံ့ရနေသဖြင့် မြန်မာအမျိုးသမီး၏ အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ရုပ်အလောင်းကို စစ်ဆေးရန် ရဲဆေးရုံရှိ ဆေးမှုခင်းဌာနသို့ ပို့ဆောင်ထားသည်။ 

လက်ရှိတွင် သံသယရှိသူသည် မြန်မာနိုင်ငံသားဖြစ်နိုင်သည်ဟု အချက်အလက်များ ရရှိထားပြီး ဇူလိုင်လ ၂၅ ရက် ကတည်းက ပျောက်ဆုံးနေသဖြင့် စစ်ဆေးမေးမြန်းရန် ရဲတပ်ဖွဲ့က ရှာဖွေနေကြောင်း သတင်းများတွင် ဖော်ပြသည်။

Ref: Khaosod, Thairath

Photo – Khoasod

ပုံစာ – အလောင်းတွေ့ရှိသော နေရာ။