ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် အတိုးဖြင့် ငွေချေးနေသော မြန်မာအမျိုးသမီးတစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ယနေ့ ဩဂုတ်လ ၂၈ ရက်တွင် မယ်ပဒေသရှိ နေအိမ်ထဲတွင် အသက် ၅၁ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့က ဝရမ်းဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
မြန်မာအမျိုးသမီးသည် လူမှုကွန်ရက်မှတစ်ဆင့် တစ်လ အတိုး ၂၀ နှုန်းဖြင့် မြန်မာအလုပ်သမားများနှင့် ထိုင်းနိုင်ငံသားများကို ငွေချေးနေသည်ကို ရဲတပ်ဖွဲ့က စုံစမ်းသိရှိခဲ့သဖြင့် တရားရုံးတွင် ဝရမ်းထုတ်၍ ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။
မြန်မာအမျိုးသမီးထံတွင် စာရင်းစာအုပ် သုံးအုပ်၊ ငွေချေးစာချုပ်နှင့် ငွေသား ဘတ် ၆၃,၀၀၀ ကျော်ကို တွေ့ရှိခဲ့သဖြင့် ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။




မြန်မာအမျိုးသမီးကလည်း ထိုင်းနိုင်ငံသားတစ်ဦးထံမှ ငွေယူပြီး အတိုးဖြင့် ငွေချေးနေသည်ဟု ဝန်ခံခဲ့ကြောင်း ဖော်ပြသည်။
လက်ရှိတွင် မြန်မာအမျိုးသမီးကို မဲဆောက်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး တရားမဝင် ငွေချေးငှားမှု၊ ဥပဒေထက် ကျော်လွန်ပြီး ငွေတိုးရယူမှုဖြင့် အမှုဖွင့်ထားပြီး ပါဝင်ပတ်သက်သူများကိုလည်း စုံစမ်းဖမ်းဆီးမည်ဖြစ်ကြောင်း ဖော်ပြသည်။
Ref: Thai PBS, AEC News







