ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

ထိုင်းတွင် မြန်မာလုပ်သား ၁၃၀ နီးပါး နစ်နာကြေးမရဘဲ အလုပ်ရပ်နားခံရ

Dawei Watch

September 2, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင် မီးကြိုးစက်ရုံတွင် လုပ်ကိုင်သည့် မြန်မာအလုပ်သမား ၁၃၀ နီးပါးသည် နစ်နာကြေးမရရှိဘဲ ရုတ်တရက် အလုပ်ရပ်နားခံရကြောင်း ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ အလုပ်ရပ်နားခံရသော မြန်မာအလုပ်သမားများတွင် အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၁၀၄ ဦး စုစုပေါင်း ၁၂၉ ဦး ပါဝင်ပြီး အများစုသည် လုပ်သက် ငါးနှစ်မှ ခြောက်နှစ်အထိ ရှိသူများဖြစ်ကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။ စက်ရုံ ဒေဝါလီခံ၍ ပိတ်သိမ်းတော့မည်ဟု ဩဂုတ်လ ၃ ရက်နေ့တွင် အလုပ်သမားများကို ပြောဆိုပြီးနောက် မြန်မာအလုပ်သမားများကို လုပ်သက်နစ်နာကြေး မပေးဘဲ အလုပ်မှ ရပ်နားခဲ့ကြောင်း ဆိုသည်။ ထို့ကြောင့် အလုပ်သမားများက လုပ်သက်နစ်နာကြေး ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးရန် ဩဂုတ်လ ၃၁ […]

နယ်စပ်ဒုက္ခသည်စခန်းက မြန်မာကလေးငယ်များ ကျောင်းထုတ်ခံရမှု ဖြေရှင်းပေးနေဟု ထိုင်းပညာရေးဝန်ကြီးဆို

Dawei Watch

September 2, 2026

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းက မြန်မာကလေးငယ်များ ကျောင်းထုတ်ခံရမှုနှင့် ပတ်သက်၍ ပညာသင်ယူခွင့် ဆက်လက်ရရှိနိုင်ရန် ဖြေရှင်းပေးနေကြောင်း ပညာရေးဝန်ကြီး Prasert Chantrawong က ပြောသည်။ စက်တင်ဘာ ၁ ရက်က တာ့ခ်ခရိုင် အခြေခံပညာရေးဌာနတွင် ဒုက္ခသည်စခန်းက ကလေးငယ်များကို စခန်းပြင်ပရှိ အစိုးရကျောင်းများက လက်မခံဘဲ ကျောင်းထုတ်ခဲ့မှုနှင့် ပတ်သက်၍ သတင်းထောက်များက မေးမြန်းစဉ် ဝန်ကြီးက ဖြေကြားခဲ့ခြင်းဖြစ်သည်။ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ထိုင်းအစိုးရကျောင်းများ၌ ကျောင်းတက်နေသော ဒုက္ခသည်စခန်းက မြန်မာကလေးငယ် ၄၆ ဦး ရှိနေရာမှ ဩဂုတ်လတွင် မြန်မာကလေးငယ် ၁၃ ဦးမှာ ကျောင်းတက်ခွင့် ရပ်နားခံလိုက်ရသည်။ နောက်ထပ် ကျန်ရှိသော ကလေးငယ် ၃၃ ဦး၏ အထောက်အထားများလည်း စစ်ဆေးခံနေရသဖြင့် မြန်မာဒုက္ခသည်ကလေးငယ်များ ကျောင်းတက်ခွင့် ရရှိရေး ကရင်အဖွဲ့အစည်းများအပါအဝင် […]

မဲဆောက်တွင် ငွေတိုးချေးသည့် မြန်မာအမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

Dawei Watch

August 28, 2026

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် အတိုးဖြင့် ငွေချေးနေသော မြန်မာအမျိုးသမီးတစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဩဂုတ်လ ၂၈ ရက်တွင် မယ်ပဒေသရှိ နေအိမ်ထဲတွင် အသက် ၅၁ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့က ဝရမ်းဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးသည် လူမှုကွန်ရက်မှတစ်ဆင့် တစ်လ အတိုး ၂၀ နှုန်းဖြင့် မြန်မာအလုပ်သမားများနှင့် ထိုင်းနိုင်ငံသားများကို ငွေချေးနေသည်ကို ရဲတပ်ဖွဲ့က စုံစမ်းသိရှိခဲ့သဖြင့် တရားရုံးတွင် ဝရမ်းထုတ်၍ ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။ မြန်မာအမျိုးသမီးထံတွင် စာရင်းစာအုပ် သုံးအုပ်၊ ငွေချေးစာချုပ်နှင့် ငွေသား ဘတ် ၆၃,၀၀၀ ကျော်ကို တွေ့ရှိခဲ့သဖြင့် ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။ မြန်မာအမျိုးသမီးကလည်း ထိုင်းနိုင်ငံသားတစ်ဦးထံမှ ‌ငွေယူပြီး အတိုးဖြင့် ငွေချေးနေသည်ဟု ဝန်ခံခဲ့ကြောင်း ဖော်ပြသည်။ လက်ရှိတွင် […]

ဖူးခက်တွင် နေ့ကလေးထိန်း မြန်မာတစ်ဦး ဖမ်းဆီးခံရ

Dawei Watch

August 27, 2026

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင်တွင် အခန်းထဲ နေ့ကလေးထိန်းပေးနေသည်ဟုဆိုကာ မြန်မာအမျိုးသမီးတစ်ဦးကို အာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဩဂုတ်လ ၂၆ ရက်က ဖူးခက်မြို့ ဖိချစ်ဒေသတွင် မြန်မာအမျိုးသမီးတစ်ဦးက ကလေးများကို အခန်းထဲတွင် ထိန်းပေးနေသည်ဟု တိုင်ကြားချက်ရရှိသဖြင့် ရဲတပ်ဖွဲ့က သွားရောက်စုံစမ်းခဲ့ကြောင်း ဖော်ပြသည်။ အခန်းထဲ စစ်ဆေးစဉ် မြန်မာအလုပ်သမားများ၏ ကလေးငယ် ၈ ဦးနှင့်အတူ အသက် ၄၀ နှစ်အရွယ် မကေသီလှိုင်အမည်ရှိ မြန်မာအမျိုးသမီးကို တွေ့ရကြောင်း ဖော်ပြသည်။ ကလေးငယ် တစ်ဦးလျှင် ဘတ် တစ်ထောင် ဖြင့် နေ့ဘက် မိဘများ အလုပ်သွားနေချိန် ထိန်းပေးနေခြင်းဖြစ်ပြီး ယခုကဲ့သို့ လုပ်ဆောင်နေသည်မှာ လေးလခန့်သာ ရှိသေးကြောင်း မြန်မာအမျိုးသမီးက ထွက်ဆိုသည်။ ခွင့်ပြုချက်မရှိဘဲ ငွေကြေးရယူ၍ ကလေးထိန်း ဝန်ဆောင်ပေးမှုကို လုပ်ကိုင်နေသဖြင့် […]

ချင်းမိုင်တွင် ဧည့်လမ်းညွှန်လုပ်၍ဟုဆိုကာ မြန်မာတစ်ဦး ဖမ်းဆီးခံရ

Dawei Watch

August 26, 2026

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် တရားမဝင် ခရီးသွားလုပ်ငန်းနှင့် ဧည့်လမ်းညွှန် လုပ်ကိုင်နေသည်ဆိုသော စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အသက် ၃၀ အရွယ် မြန်မာနိုင်ငံသားတစ်ဦးသည် ချင်းမိုင်မြို့တွင် ခရီးသွားလုပ်ငန်းများကို ပက်ကေ့ဂျ်အလိုက် ဆိုရှယ်မီဒီယာပေါ်၌ ရောင်းချနေသည်ဟု ရဲတပ်ဖွဲ့က သတင်းရရှိခဲ့ခြင်း ဖြစ်သည်။ ယနေ့(ဩဂုတ် ၂၆)တွင် ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ရာ အဆိုပါ မြန်မာနိုင်ငံသားသည် ဟိုတယ်တစ်ခုမှ ခရီးသွားနှစ်ဦးကို ကားဖြင့်ကြိုယူကာ ချင်းမိုင်မြို့အတွင်းရှိ နာမည်ကြီး ဘုရားများ၊ ပန်းခြံနှင့် မြို့ဟောင်းတံခါးသို့ ပို့ဆောင်ပြီး ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်ပေးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရဟုဆိုသည်။ မြို့ဟောင်းတံခါး (ထာ့ဖယ်ဂိတ်) တွင် မြန်မာနိုင်ငံသားနှင့် ခရီးသွားနှစ်ဦးကို ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းစဉ် ခရီးသွားနှစ်ဦးက ၎င်းကို ယခင်က သိကျွမ်းခဲ့ခြင်းမရှိဘဲ ဆိုရှယ်မီဒီယာပေါ်တွင် ကြော်ငြာရောင်းချသည့် ခရီးသွားပက်ကေ့ဂျ်ကို […]

ချင်းမိုင်တွင် တောင်ပေါ်သားကတ် လိမ်လည်ရယူထားသည်ဆိုကာ မြန်မာကိုးဦး ဖမ်းဆီးခံရ

Dawei Watch

August 26, 2026

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဆယ်နှစ်ခံကတ်ဟု လူသိများသော တောင်ပေါ်သားကတ် ထုတ်ပေးသည့် ကိစ္စအပေါ် အလွဲသုံးစားလုပ်သည်ဟုဆိုကာ မြန်မာနိုင်ငံသား ကိုးဦးကို ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ တောင်ပေါ်သားကတ်များကို မမှန်မကန် ထုတ်ပေးထားမှုနှင့်ပတ်သက်၍ ချင်းမိုင်ခရိုင် ချိုင်ပရကန်အုပ်ချုပ်ရေးမှူးဟောင်း၊ တွဲဖက်အုပ်ချုပ်ရေးမှူး၊ ရွာလူကြီး၊ အိမ်ပိုင်ရှင် ရှစ် ဦးနှင့် မြန်မာနိုင်ငံသား ကိုးဦးတို့ကို ယနေ့ ဩဂုတ်လ ၂၆ ရက်တွင် ဝရမ်းဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ တောင်ပေါ်သားကတ်ဆိုသည်မှာ ထိုင်းနယ်စပ်ဒေသနေ နိုင်ငံသားမှတ်ပုံတင်မရှိသေးသော အထောက်အထားမဲ့ တိုင်းရင်းသားများကို ဆယ်နှစ် နေထိုင်ခွင့် ရရှိစေရန် ထုတ်ပေးထားသည့် သက်သေခံလက်မှတ်တစ်မျိုးဖြစ်ပြီး ဆယ်နှစ်ခံကတ်ဟုလည်း မြန်မာနိုင်ငံသားများကြား လူသိများသည်။ တရုတ်နိုင်ငံသားတစ်ဦးက ဘတ်တစ်သိန်းပေး၍ ချိုင်ပရကန်ဒေသအတွင်း တောင်ပေါ်သားကတ် ရရှိထားသည်ကို အာဏာပိုင်များက စုံစမ်းသိရှိခဲ့ပြီးနောက် ဒေသအတွင်း ထုတ်ပေးထားသော တောင်ပေါ်သားကတ် ငါးထောင်ကျော်ကို […]

ဘန်ကောက်တွင် ကုန်စုံဆိုင်ပိုင်ရှင်အဘိုးကို သတ်ပြီး တန်ဖိုးကြီးပစ္စည်းများ ခိုးယူမှုဖြင့် မြန်မာတစ်ဦးဖမ်းဆီးခံရ

Dawei Watch

August 26, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အသက် ၈၀ နီးပါးအရွယ် ထိုင်းနိုင်ငံသား ကုန်စုံဆိုင်ပိုင်ရှင်ကို သတ်ပြီး ဖုန်းနှင့် ရွှေဆွဲကြိုး ကဲ့သို့ တန်ဖိုးကြီးပစ္စည်းများကို ခိုးယူထွက်ပြေးခဲ့သော မြန်မာနိုင်ငံသားကို ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဩဂုတ်လ ၂၃ ရက် ညက မြန်မာနိုင်ငံသားတစ်ဦးသည် ဘန်ကောက်မြို့ စဖန်စုန်နယ်မြေရှိ စတိုးဆိုင်ထဲသို့ ခိုးဝင်ပြီး ပစ္စည်းများ ကို ခိုးယူနေစဉ် ဆိုင်ပိုင်ရှင် အသက် ၇၈ နှစ်အရွယ် ထိုင်းနိုင်ငံသားနှင့် ထပ်တိုက်တိုးခဲ့ရာမှ လူသတ်မှုဖြစ်ကြောင်း ဖော်ပြသည်။ ညအချိန် မြန်မာနိုင်ငံသားသည် ဆိုင်ထဲ တန်ဖိုးကြီးပစ္စည်းများကို ရှာဖွေခိုးယူနေစဉ် အိပ်ပျော်နေသော ဆိုင်ပိုင်ရှင်က နိုးလာပြီး တုတ်ကိုင်၍ ဆိုင်ထဲ ဝင်ရောက်လာခဲ့ကြောင်း ဆိုသည်။ ယင်းအချိန် မြန်မာနိုင်ငံသားနှင့် ထိပ်တိုက်တိုးရာမှ ငရုတ်ကျည်ပွေ့ဖြင့် ထိုင်းနိုင်ငံသား၏ ဦးခေါင်းကို […]

အယုဒ္ဓယတွင် တရားမဝင် နေထိုင်လုပ်ကိုင်မှုဖြင့် မြန်မာ ၃၅ ဦး ဖမ်းဆီးခံရ

Dawei Watch

August 21, 2026

ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် တရားမဝင် နေထိုင်လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၃၅ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ပါရှိသည်။ ယနေ့ ဩဂုတ်လ ၂၁ ရက် နံနက်ပိုင်းတွင် ဥထိုင်းဒေသရှိ ဆောက်လုပ်ရေးအလုပ်သမားတန်းလျားကို အာဏာပိုင်များက တိုင်ကြားချက်အရ သွားရောက်စစ်ဆေးစဉ် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အာဏာပိုင်များ ရောက်ရှိချိန် အလုပ်သမားအချို့ အိပ်ပျော်နေဆဲဖြစ်ပြီး အချို့မှာ အလုပ်သွားရန် ပြင်ဆင်နေကြကြောင်း၊ အာဏာပိုင်များကို မြင်လိုက်သည်နှင့် အလုပ်သမားအချို့ ထွက်ပြေးခဲ့ကြ၍ လိုက်လံဖမ်းဆီးခဲ့ကြောင်း သိရသည်။ အားလုံးကို ခေါ်ယူစစ်ဆေးစဉ် အလုပ်သမား ၂၃၀ ခန့် နေထိုင်နေကြပြီး ၎င်းတို့အနက် ၁၉၅ ဦးတွင် တရားဝင် နေထိုင်ခွင့် စာရွက်စာတမ်းများ တွေ့ရကြောင်း ဖော်ပြသည်။ အထောက်အထား မရှိဘဲ နေထိုင်နေသော မြန်မာအလုပ်သမား ၃၅ ဦးကို […]