ထိုင်း-မြန်မာနယ်စပ်က မြန်မာဒုက္ခသည်များကို နေထိုင်အလုပ်လုပ်ခွင့် ပန်းရောင်ကတ် စတင်ထုတ်ပေး
Dawei Watch
June 18, 2026ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများထဲက မြန်မာဒုက္ခသည်များအား နေထိုင်အလုပ်လုပ်ခွင့်ပြုသည့် မှတ်ပုံတင်ကတ် (ပန်းရောင်ကတ်) ထုတ်ပေးရေး အစီအစဉ်ကို ဇွန်လ ၁၇ ရက်တွင် စတင်ဖွင့်လှစ်လိုက်ပြီး မြန်မာဒုက္ခသည် ၃၀၀ ကျော်ကို စတင်ထုတ်ပေးနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မြန်မာဒုက္ခသည်များအား ပန်းရောင်ကတ် ထုတ်ပေးသည့် အခမ်းအနားကို ဇွန်လ ၁၇ ရက် နံနက် ၁၀ နာရီက ရတ်ချ်ဘူရီခရိုင် စွေဖွတ်မြို့နယ်ရုံး၌ ကျင်းပခဲ့သည်။ ယင်းအခမ်းအနားတွင် ဒုက္ခသည်စခန်း ကိုးခုအနက် ဘန်းထမ့်ဟင်းဒုက္ခသည်စခန်းက မြန်မာဒုက္ခသည် ၃၀၀ ကျော်ကို ပန်းရောင်ကတ် စတင်ထုတ်ပေးခဲ့ပြီး ၎င်းတို့သည် ခွင့်ပြုထားသော ဒေသအတွင်း သွားလာနိုင်ပြီဖြစ်ကြောင်း ဖော်ပြသည်။ အကယ်၍ အခြားခရိုင်များသို့ သွားလိုပါက သက်ဆိုင်ရာခရိုင်ရုံးများတွင် ခွင့်ပြုချက် တောင်းခံရမည်ဖြစ်ကြောင်း ဖော်ပြသည်။ ပန်းရောင်ကတ် နောက်ကျောတွင် QR […]


