ကော့စမွေကျွန်းတွင် လုပ်ငန်းခွင်အတွင်း အရိုးကျိုးခဲ့သော ဘုတ်ပြင်းဒေသခံလုပ်သားကို အလုပ်ရှင်တာဝန်မယူ
Dawei Watch
August 20, 2026ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့စမွေကျွန်းရှိ Zipline (ကြိုးတန်းစီး) အလုပ်တွင် ဘုတ်ပြင်းဒေသခံ မြန်မာအလုပ်သမားတစ်ဦးသည် ကြိုးပြတ်ကျပြီး အရိုးကျိုးခဲ့သဖြင့် ဆေးရုံတွင် သုံးလခန့် ကုသမှု ခံယူခဲ့ရသော်လည်း အလုပ်ရှင်က တာဝန်မယူကြောင်း ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ မြန်မာအလုပ်သမား ကိုကောင်းဝင်းကျော်သည် ပြီးခဲ့သည့် မေလ ၂၇ ရက်က Zipline ကြိုးစီးစဉ် ကြိုးတန်းပြတ်ကျပြီး အောက်သို့ ပြုတ်ကျခဲ့သဖြင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။ ကိုကောင်းဝင်းကျော်ကို ကော့စမွေဆေးရုံကြီးမှတစ်ဆင့် စူရတ်ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသခဲ့ရပြီး ၎င်းသည် ပေါင်၊ လည်ပင်းအဆစ်နှင့် ခါးရိုးကျိုး ဒဏ်ရာများ ရရှိခဲ့သည်။ ဒဏ်ရာကို ခွဲစိတ်ကာ စတီးရိုး ထည့်ခဲ့ရပြီး ဆေးရုံတွင် နှစ်လခွဲကျော်ကြာအောင် ကုသမှု ခံယူခဲ့ရကြောင်း WAG အဖွဲ့ထံမှ သိရသည်။ ဆေးကုသမှုစရိတ် […]


