ချင်းမိုင်တွင် မြန်မာပိုင် မျက်မှန်ဆိုင်ကို ထိုင်းရဲဝင်ဖမ်း၊ မြန်မာ ၅ ဦး ဖမ်းဆီးခံရ
Dawei Watch
May 12, 2026ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့တွင် မြန်မာနိုင်ငံသားပိုင် မျက်မှန်ဆိုင်ကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံသား ၅ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မေလ ၁၁ ရက်နေ့က ချင်းမိုင်တက္ကသိုလ်အနီး ဖွင့်လှစ်ထားသော The New Trend Optic မျက်မှန်ဆိုင်ကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ မျက်မှန်ဆိုင်အတွင်းသို့ ရဲတပ်ဖွဲ့က မျက်စိစမ်းသပ်ရန်နှင့် မျက်မှန်ဝယ်ယူရန် အသွင်ယူဝင်ရောက်ခဲ့စဉ် ဆိုင်ဝန်ထမ်းများက ထိုင်းဘာသာစကား မတတ်ဟုဆိုကာ ထိုင်းနိုင်ငံသားများကို ဝန်ဆောင်မှုပေးရန် ငြင်းဆန်ခဲ့ပြီး အခြားဆိုင်များသို့သာ ညွှန်းဆိုခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။ ယင်းလုပ်ဆောင်ချက်သည် ထိုင်းနိုင်ငံအတွင်း မသင့်တော်သဖြင့် ရဲတပ်ဖွဲ့က အခြားဌာနများနှင့် ပူးပေါင်းကာ ဆိုင်အတွင်း ဝင်ရောက်စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်အပါအဝင် မြန်မာနိုင်ငံသား ၅ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အဆိုပါဆိုင်ကို မကြာသေးခင်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ချင်းမိုင်မြို့ရှိ […]


