ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

စမွတ်ပရကန်တွင် ၁၂ နှစ်အရွယ် မြန်မာမိန်းကလေးတစ်ဦး ပျောက်ဆုံး

Dawei Watch

July 10, 2026

ထိုင်းနိုင်ငံ စမွတ်ပရကန်ခရိုင်တွင် အသက် ၁၂ နှစ်အရွယ် မြန်မာမိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေကြောင်း စမွတ်ပရကန် လူမှုကယ်ဆယ်ရေးအသင်းဝင်တစ်ဦးက အင်တာနက်လူမှုကွန်ရက်တွင် ယနေ့ နံနက်က ရေးသားထားသည်။ အသက် ၁၂ နှစ်အရွယ် မြန်မာနိုင်ငံသား မိန်းကလေးသည် စမွတ်ပရကန်မြို့ ထိုင်းဘန်း ၄၀ လမ်းတွင် ဇူလိုင်လ ၉ ရက်က ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ယနေ့ ဇူလိုင်လ ၁၀ ရက်အထိ မိန်းကလေးကို ပြန်လည် ရှာမတွေ့သေးသလို အဆက်အသွယ်လည်း မရသေးကြောင်း ရေးသားထားသည်။ မိန်းကလေး၏ အချက်အလက်နှင့် မိသားစုဝင်များ၏ အချက်အလက်များကိုမူ ရေးသားဖော်ပြထားခြင်း မရှိပေ။ မိန်းကလေးသည် မိသားစုဝင်များနှင့်အတူ စမွတ်ပရကန်မြို့တွင် လာရောက်နေထိုင်သည်မှာ အချိန်မကြာသေးသလို အနီးပတ်ဝန်းကျင်တွင် သူငယ်ချင်း၊ ဆွေမျိုးများလည်း မရှိကြောင်း ရေးသားထားသည်။ လက်ရှိတွင် မိန်းကလေး […]

ချွန်ဘူရီတွင် မြန်မာပွဲစားခြောက်ဦး ဖမ်းဆီးခံရ

Dawei Watch

July 9, 2026

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် အလုပ်အကိုင်ရှာဖွေပေးနေသူများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများကို ဝန်ဆောင်မှုပေး နေသည့် မြန်မာနိုင်ငံသားပွဲစားခြောက်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ချွန်ဘူရီမြို့ ဘန်းဘူးဒေသက မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်လုပ်ခွင့်လက်မှတ်ဆိုင်ရာ စာရွက်စာတမ်းများကို ဝန်ဆောင်မှုပေးနေသော ရုံးအား အလုပ်သမားရုံး တာဝန်ရှိသူများက ဇူလိုင်လ ၈ ရက်တွင် ဝင်ရောက် စစ်ဆေးခဲ့သည်။ ရုံးထဲတွင် ရွှေ့ပြောင်းအလုပ်သမားအတွက် အလုပ်လုပ်ခွင့်လက်မှတ်အပါအဝင် အလုပ်သမားဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။ ရွှေ့ပြောင်းအလုပ်သမားများအတွက် ဝန်ဆောင်မှုပေးသော အကျိုးဆောင်ပွဲစားနှင့် စာရေးအလုပ်များသည် ထိုင်းနိုင်ငံသား များသာ လုပ်ပိုင်ခွင့်ရှိပြီး မြန်မာအပါအဝင် အခြားနိုင်ငံသားများ လုပ်ပိုင်ခွင့် မရှိကြောင်း ဆိုသည်။ မြန်မာနိုင်ငံသား ပွဲစားလေးဦးကို လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်မှုဖြင့် ဖမ်းဆီးခဲ့ပြီး ခလောင်ကီရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြသည်။ အဆိုပါလေးဦးအနက် […]

ထိုင်းတွင် အငှားယာဉ်မောင်းကို မျက်စိကွယ်သည်အထိ ထိုးသည်ဆိုပြီး မြန်မာတစ်ဦး ဖမ်းဆီးခံရ

Dawei Watch

July 8, 2026

ထိုင်းနိုင်ငံ စမွတ်ပရကန်ခရိုင်တွင် အသက် ၆၁ နှစ်အရွယ် ထိုင်းနိုင်ငံသား အငှားယာဉ်မောင်းကို မျက်စိတစ်ဖက် ကွယ်သည်အထိ ထိုးနှက်ခဲ့သည်ဟု စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အသက် ၂၆ နှစ်အရွယ် ကိုသန့်ဇင်ဝင်း ကို ချွန်ဘူရီခရိုင်ရှိ ဟိုတယ်တစ်လုံးတွင် ဇူလိုင်လ ၃ ရက်က ဘန်းကောင်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သော ဧပြီလ၁၂ရက်က မြန်မာနိုင်ငံသား ၅ ဦးသည် အငှားယာဉ် (တက္ကစီ) စီးနင်းကြစဉ် ယာဉ်ငှားခ ပေးချေသည့်ကိစ္စနှင့် ပတ်သက်၍ ထိုင်းယာဉ်မောင်းနှင့် စကားများခဲ့ကြကြောင်း ဖော်ပြသည်။ ဘန်ကောက်မြို့ မော်ချစ်ကားဝင်းမှ စမွတ်ပရကန်ကို ကားငှါးစီးကြစဉ် အမြန်လမ်းအသုံးပြုခ ဘတ် ၅၀ ပိုတောင်းသည့်ကိစ္စနှင့် ပတ်သက်၍ စကားများခြင်းဖြစ်ပြီး ကိုသန့်ဇင်ဝင်းက ယာဉ်မောင်း၏ မျက်နှာကို လက်သီးဖြင့် […]

ထိုင်းတွင် လူသစ် ဘတ်ရိုက်ထားသူများအား အလုပ်လုပ်ခွင့်တစ်နှစ် သက်တမ်းတိုးပေးမည်

Dawei Watch

July 3, 2026

ထိုင်းတွင် ပြီးခဲ့သော ၂၀၂၅ ခုနှစ် ဒီဇင်ဘာလက အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) စတင်ပြုလုပ်ထားသူများအား တစ်နှစ် သက်တမ်းထပ်တိုးပေးမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက အတည်ပြုလိုက်သည်။ ယနေ့ ဇူလိုင်လ ၃ ရက်တွင် ပြုလုပ်သော နိုင်ငံခြားသား အလုပ်သမားများဆိုင်ရာ အစည်းအဝေးတွင် ဘတ်အသစ်ရိုက် ထားသော မြန်မာ၊ လာအို၊ ဗီယက်နမ်နိုင်ငံသားများကို သက်တမ်းတစ်နှစ် ထပ်တိုးပေးရန် အတည်ပြုခဲ့ခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလက ဘတ်အသစ် (အလုပ်လုပ်ခွင့်လက်မှတ်) ရိုက်ထားသူများသည် ယခု ၂၀၂၆ ခုနှစ် ဒီဇင်ဘာလတွင် သက်တမ်း တစ်နှစ်ကုန်ဆုံးမည်ဖြစ်သည်။ ထို့ကြောင့် ဘတ်အသစ်ရိုက်ထားသူများအတွက် အလုပ်လုပ်ခွင့်လက်မှတ်ကို လာမည့် ၂၀၂၇ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်အထိ သက်တမ်းထပ်တိုးပေးမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက အတည်ပြုလိုက်ခြင်းဖြစ်သည်။ အလုပ်သမားဝန်ကြီးဌာန၏ အတည်ပြုချက်ကို လာမည့် […]

ချွန်ဘူရီတွင် ပွဲစားများအပါအဝင် မြန်မာလုပ်သားရှစ်ဦး ဖမ်းဆီးခံရ

Dawei Watch

July 3, 2026

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် ပွဲစားအဖြစ် လုပ်ကိုင်နေသူ မြန်မာနှစ်ဦးနှင့် မြန်မာအလုပ်သမား ခြောက်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ချွန်ဘူရီခရိုင် အလုပ်သမားရုံးဝန်ထမ်းများက ဇူလိုင်လ ၂ ရက်တွင် စီရာချာနှင့် လတ်ချဘန်ဒေသအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများကို ဖမ်းဆီးနှိမ်နှင်းရေးစီမံချက်ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့သည်။ စီရာချာဒေသအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား ငါးဦး၊ ကမ္ဘောဒီးယားအလုပ်သမား နှစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။ ၎င်းတို့သည် တားမြစ်ထားသော အလုပ်များဖြစ်သည့် ဆံပင်ညှပ်၊ အလှပြင်ဆိုင်၊ ကုန်စုံဆိုင်၊ ကွမ်းယာဆိုင်နှင့် စားသောက်ဆိုင်များတွင် လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်နေကြကြောင်း ဆိုသည်။ လတ်ချဘန်ဒေသအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား တစ်ဦး၊ လာအိုနိုင်ငံသား လေးဦးနှင့် ကမ္ဘောဒီးယားနိုင်ငံသား နှစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။ ၎င်းတို့သည် ဈေးရောင်းသူများဖြစ်ကြောင်း […]

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသား ၉၀ ကျော်ကို နေရပ်ပြန်ပို့

Dawei Watch

July 2, 2026

ထိုင်းနိုင်ငံ၊ ရနောင်းထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသား ၉၀ ကျော်ကို ယနေ့ ဇူလိုင်လ ၂ ရက်နေ့တွင် ကော့သောင်းမြို့သို့ နေရပ်ပြန်လည်ပို့ဆောင်လိုက်ကြောင်း ရနောင်းမြို့ လဝကထံမှ သိရသည်။ ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား အမျိုးသား ၇၉ ဦးနှင့် အမျိုးသမီး ၁၆ ဦး၊ စုစုပေါင်း ၉၅ ဦးကို ယနေ့ နံနက် ၁၁ နာရီခွဲတွင် မြန်မာအာဏာပိုင်များထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ယခုပြန်ပို့မှုမှာ ၂၀၂၆ ခုနှစ်အတွင်း ၁၀ ကြိမ်မြောက်ဖြစ်ပြီး အာဏာပိုင်များထံသို့ ပြန်လည်လွှဲပြောင်းခံရသူ မြန်မာနိုင်ငံသား ၈၆၀ ဦးအထိ ရှိလာပြီဖြစ်သည်။ ဇန်နဝါရီလတွင် နှစ်ကြိမ် (၁၆၈ ဦး)၊ ဖေဖော်ဝါရီလတွင် နှစ်ကြိမ် (၁၂၈ ဦး)၊ မတ်လတွင် […]

ထိုင်းတွင် စကားများရန်ဖြစ်ရာမှ မြန်မာသုံးဦး သေနတ်ဖြင့် ပစ်ခံရပြီးသေဆုံး၊ ထိုင်းတစ်ဦး ဓားထိုးခံရ

Dawei Watch

June 29, 2026

ထိုင်းနိုင်ငံ ချာချင်စောင်ခရိုင်တွင် မြန်မာအလုပ်သမား သုံးဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇွန်လ ၂၇ ရက် ညက ဖနွန်စာရမ်ခမ်းဒေသတွင် မြန်မာနိုင်ငံသားများနှင့် ထိုင်းကျေးရွာလုံခြုံရေး လုပ်အားပေးသမားတို့ စကားများ ရန်ဖြစ်ပြီးနောက် မြန်မာနိုင်ငံသားများ သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်။ သေနတ်ပစ်ခတ်ခံရမှုကြောင့် မြန်မာနိုင်ငံသား သုံးဦး သေနတ်ဒဏ်ရာများစွာဖြင့် နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရပြီး သေဆုံးသွားသော မြန်မာနိုင်ငံသား သုံးဦး၏ အချက်အလက်များကို သတင်းတွင် ဖော်ပြထားခြင်းမရှိပေ။ အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံသားတစ်ဦး ဓါးဒဏ်ရာ ရရှိခဲ့သဖြင့် ကယ်ဆယ်ရေးအဖွဲ့က ဖနွန်စာရမ်ခမ်းဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ အခင်းမဖြစ်ပွားမီ မြန်မာနိုင်ငံသားများသည် အုပ်စုလိုက် ဝိုင်းဖွဲ့ စားသောက်နေကြပြီး စပီကာများ အသုံးပြု၍ အသံကျယ်လောင်စွာ ဖွင့်နေကြကြောင်း သတင်းတွင် ဖော်ပြထားသည်။ ယင်းအခြေအနေသည် […]

ဖူးခက်တွင် တရားမဝင်လုပ်ကိုင်သော မြန်မာအပါ နိုင်ငံခြားသားများကို ဖမ်းဆီးမှုအရှိန်မြှင့်

Dawei Watch

June 26, 2026

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် မြန်မာအလုပ်သမားများအပါအဝင် နိုင်ငံခြားသားများသည် တရားမဝင် အလုပ်လုပ် ကိုင်နေသည်ဟုဆိုကာ ဖမ်းဆီးနှိမ်နှင်းမှု အရှိန်မြှင့်လုပ်ဆောင်နေကြောင်း ထိုင်းသတင်းဌာနနှင့် ဖူးခက်နေ မြန်မာနိုင်ငံသားများထံမှ သိရသည်။ ဇွန်လ ၂၃ ရက်က ဖူးခက်မြို့ ချလောင်ဒေသက ဆောက်လုပ်ရေးလုပ်ငန်းထဲတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသော တရုတ်နိုင်ငံသား ၁၈ ဦးနှင့် မြန်မာနိုင်ငံသား လေးဦးတို့ကို ဖမ်းဆီးရမိပြီးနောက် ခရိုင်အတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသူများကို ဖမ်းဆီးမှု အရှိန်မြှင့်လာခြင်းဖြစ်သည်။ မြန်မာနိုင်ငံသားများသည် ဖူးခက်မြို့တွင် ဝန်ဆောင်ခ ဘတ် ၁၅၀၀ နှုန်းယူပြီး အခြားသူများအတွက် ဘဏ်အကောင့် ဖွင့်ပေးနေသည်ဟု Phuket Times သတင်းဌာနက ဇွန်လ ၂၄ ရက်တွင် ဖော်ပြရာ ထိုင်းပြည်သူများကြား ဝေဖန်မှုများ မြင့်တက်လာခဲ့သည်။ ယင်းနောက် ဈေးထဲရှိ ဈေးဆိုင်များတွင်လည်း မြန်မာနိုင်ငံသားများက […]