ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

မဲဆောက်ဈေးထဲတွင် မြန်မာနိုင်ငံသား ၁၀ ဦး ဖမ်းဆီးခံရ

Dawei Watch

June 11, 2026

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ဖာကျရေးဈေးထဲတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၁၀ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဖာကျရေးဈေးထဲတွင် မြန်မာနိုင်ငံသားများက ဥပဒေအရ တားမြစ်အလုပ်များ လုပ်ကိုင်နေသည်ဟု တိုင်ကြားလာသဖြင့် ဇွန်လ ၁၀ ရက်နေ့က မဲဆောက်အုပ်ချုပ်ရေးမှူးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ အာဏာပိုင်များ ဈေးထဲရောက်လာစဉ် မြန်မာနိုင်ငံသားအချို့ ထွက်ပြေးသွားခဲ့ပြီး ဈေးထဲ တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၁၀ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြသည်။ မြန်မာနိုင်ငံသားများကို ဖမ်းဆီးခဲ့သည့် အသေးစိတ်အကြောင်းရင်းများကိုမူ သတင်းများတွင် ဖော်ပြထားခြင်းမရှိပေ။ ဖမ်းဆီးခံရသူများကို ဥပဒေအရ အရေးယူနိုင်ရန်အတွက် မဲဆောက်ရဲစခန်းသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။ မဲဆောက်မြို့ထဲတွင် နိုင်ငံခြားသားများ တရားမဝင် အလုပ်လုပ်ကိုင်မှု မရှိရေး အာဏာပိုင်များက အပတ်စဉ် စစ်ဆေးသွားမည်ဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။ […]

ဘန်ကောက်တွင် မြန်မာအမျိုးသမီး အခန်းထဲ ထိုးသွင်းဒဏ်ရာများဖြင့်သေဆုံး

Dawei Watch

June 11, 2026

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မြန်မာအမျိုးသမီးတစ်ဦးသည် အခန်းထဲ တစ်ဦးတည်း နေထိုင်နေစဉ် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဘန်ခွန်ထီယမ်နယ်မြေ ထာ့ခရမ်းဒေသရှိ အခန်းထဲတွင် ဇွန်လ ၁၀ ရက်က အသက် ၃၅ နှစ်အရွယ် မအိမွန်ထွေးသည် သေဆုံးနေသည်ကို တွေ့ရှိခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့က အလောင်းကို စစ်ဆေးရာ ချွန်ထက်သော အရာဖြင့် လည်ပင်း၊ ရင်ဘတ်နှင် ဝမ်းဗိုက်များကို ထိုးသွင်းခံထားရကြောင်း ဖော်ပြသည်။ အလောင်းသည့် ပုပ်ပွနေပြီဖြစ်သဖြင့် လွန်ခဲ့သော နှစ်ရက်ခန့်က သေဆုံးခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ယူဆထားသည်။ အလောင်းအနီးတွင် တွေ့သည့် သွေးစွန်းနေသည့် ခြေရာများသည် အခန်းအနောက်တံခါးသို့ ဦးတည်နေသဖြင့် တရားခံ လူသတ်မှု ကျူးလွန်ပြီးနောက် ထွက်ပြေးသွားသည့် လမ်းကြောင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ သေဆုံးသူသည် အဆိုပါအခန်းတွင် […]

ချွန်ဘူရီမှာ သေဆုံးခဲ့တဲ့ မြန်မာလုပ်သား နစ်နာကြေး ဘတ် ခုနစ်သိန်းကျော်ရ

Dawei Watch

June 10, 2026

နစ်နာကြေးကိစ္စ ပြေလည်သွားတဲ့အတွက် အမှုကို မိသားစုဘက်က ပိတ်သိမ်းလိုက်တယ်လို့ ဆိုပါတယ်။

ချွန်ဘူရီတွင် ဆေးကုခွင့်မရဘဲ သေဆုံးခဲ့သော မြန်မာလုပ်သား နစ်နာကြေး ဘတ် ခုနစ်သိန်းကျော်ရ

Dawei Watch

June 9, 2026

မိသားစုဝင်များ၏ ခွင့်ပြုချက်မပါဘဲ အလောင်းကို အလုပ်ရှင်ဘက်က မီးသင်္ဂြိုဟ်
ခဲ့သည်ဟုဆိုသည်။

ချွန်ဘူရီရှိ ဆောက်လုပ်ရေးတွင် အမြင့်က ပြုတ်ကျသည့် မြန်မာလုပ်သားတစ်ဦး ဆေးကုသခွင့်မရဘဲသေဆုံး

Dawei Watch

June 8, 2026

ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် မြန်မာအလုပ်သမားတစ်ဦး အလုပ်လုပ်နေစဉ် အမြင့်က ပြုတ်ကျပြီး ဒဏ်ရာအပြင်းအထန်ရသော်လည်း ဆေးကုသခွင့် မရသဖြင့် သေဆုံးကြောင်း အမှုကိုကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ ဇွန်လ ၆ ရက် မွန်းလွဲ ၂ နာရီခန့်က ဖနတ်နိခွန်ဒေသတွင် အသက် ၂၉ နှစ်အရွယ် ကိုလှိုင်မြင့်သည် တရုတ်နိုင်ငံသားပိုင် ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေရင်း အမြင့်က ပြုတ်ကျခဲ့သည်။ ကိုလှိုင်မြင့်ကို ဆေးရုံသို့ ပို့ဆောင်းပေးမည်ဟုဆိုကာ ထိုင်းနိုင်ငံသားတစ်ဦးက ကားဖြင့် လာရောက်ခေါ်ဆောင်ခဲ့ကြောင်း WAG အဖွဲ့ထံမှ သိရသည်။ သို့သော်လည်း ဆေးရုံသို့ လုံးဝ ပို့ဆောင်ခဲ့ခြင်းမရှိဘဲ ဘုန်းကြီးကျောင်းသို့ ပို့ဆောင်ခဲ့ပြီး ည ၇ နာရီခန့်တွင် အလောင်းကို မီးသင်္ဂြိုဟ်ပြီးဖြစ်သည်ဟု မိသားစုဝင်များထံ အကြောင်းကြားလာခဲ့ကြောင်း WAG အဖွဲ့မှ […]

ဖူးခက်တွင် မြန်မာလုပ်သားအဆောင် မီးလောင်ပြီး သုံးဦးဒဏ်ရာရ၊ ရာချီ အခက်အခဲကြုံ

Dawei Watch

June 5, 2026

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်မြို့၊ ဘန်ဂျိုးဒေသရှိ မြန်မာအလုပ်သမားနေထိုင်သည့် အဆောင် မီးလောင်မှုကြောင့် မြန်မာအလုပ်သမား ရာနှင့်ချီ ဒုက္ခရောက်နေကြောင်း မြန်မာအလုပ်သမားများက ပြောသည်။ ယနေ့ ဇွန်လ ၅ ရက် နံနက် (ဇွန်လ ၄ရက် ည ၁၂နာရီ ၁၅မိနစ်) ဘန်ဂျိုးဒေသရှိ DCM ဆောက်လုပ်ရေး အလုပ်သမားအဆောင် မီးလောင်ခဲ့ခြင်းဖြစ်သည်။ မီးလောင်မှုကြောင့် မြန်မာအလုပ်သမား သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း မြန်မာအလုပ်သမားများက ပြောသည်။ မြန်မာအလုပ်သမားများ အိပ်မောကျနေသောအချိန်တွင် လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်ခြင်းဖြစ်ကြောင်း အဆောင်နေ မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။ “အကုန်လုံး အိပ်နေတဲ့ အချိန်မှာ မီးလောင်တာဆိုတော့ ငြှိမ်းတောင် မနိုင်တော့ဘူး။ နောက်ဆုံး လူတွေပဲ ထွက်ပြေး လိုက်ရတာပေါ့။ မီးသတ်ကား လာတဲ့အချိန်က မီးက […]

ထိုင်းတောင်ပိုင်းတွင် မြန်မာအမျိုးသမီးတစ်ဦး အသတ်ခံရ

Dawei Watch

June 4, 2026

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်တွင် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကို ကျောက်ခဲဖြင့် ထုသတ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇွန်လ ၃ ရက် နံနက် ၈ နာရီခန့်က စူရတ်ဌာနီခရိုင် ကန်ချနာဒစ်ဒေသ စူရတ်ဌာနီ-နခွန်စီထမရတ်လမ်းဘေး မြက်တောထဲတွင် သေဆုံးနေသော အသက် ၂၇ နှစ်အရွယ် မအိအိဖြူ၏ အလောင်းကို လမ်းသွားလမ်းလာများက တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အလောင်းကို စစ်ဆေးရာ ဦးခေါင်းကို ထုရိုက်ထားသော ဒဏ်ရာများစွာဖြင့် သေဆုံးနေပြီး အလောင်းအနီးတွင် သွေးစွန်းနေသော အမျိုးသားအင်္ကျီနှင့် သူမ၏ ဆိုင်ကယ်တို့ကို တွေ့ရကြောင်း သတင်းတွင် ဖော်ပြထားသည်။ CCTV မှတ်တမ်းများမှတစ်ဆင့် အသက် ၂၇ နှစ်အရွယ် ကိုအောင်စိုးလင်းအမည်ရှိ မြန်မာနိုင်ငံသားကို နေထိုင်ရာအခန်းတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့သည်။ မအိအိဖြူနှင့် အတူတွေ့ဆုံခဲ့ပြီးနောက် စကားများရန်ဖြစ်ကြရာမှ လူသတ်မှုအထိ […]

ဖူးခက်တွင် မြန်မာလုပ်သားတစ်ဦး ထိုင်းထီ ဘတ်ခြောက်သန်း ကံထူး

Dawei Watch

June 2, 2026

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦး ဘတ် ခြောက်သန်း ထီပေါက်ကြောင်း AAC-မဟာမိတ်အဖွဲ့ထံမှ သိရသည်။ ဇွန်လ ၁ ရက်က ဖွင့်လှစ်ခဲ့သော ထိုင်းထီ ပထမဆုဂဏန်း ၁၇၃၇၇၀ တွင် ခြောက်လုံးတိုက် ပထမဆုကို တစ်စောင် ကံထူးခဲ့ခြင်းဖြစ်သည်။ ထီဆုငွေကို အလုပ်ရှင်ကိုယ်တိုင် လိုက်လံထုတ်ယူပေးမည်ဖြစ်ကြောင်း AAC-မဟာမိတ်အဖွဲ့၏ ဒါရိုက်တာ ဦးခိုင်ကြီးက ပြောသည်။ “ထီပေါက်တာကို ကျွန်တော်တို့ကို အကြောင်းကြားလို့ ကူညီပေးဖို့ လုပ်နေတယ်ပေါ့နော်။ နောက်တော့ သူ့သူဌေး ကိုယ်တိုင်က အာမခံပြီး ထုတ်ပေးမယ်ပြောတော့ ကျွန်တော်တို့က ထုတ်ပေးစရာ မလိုတော့ဘူးပေါ့” ဟု ၎င်းက ပြောဆိုသည်။ လုံခြုံရေးအရ ထီပေါက်သူ၏ အမည်နှင့် မြန်မာနိုင်ငံရှိ နေရပ်ကို ထုတ်ဖော်ပြောဆို၍ မရကြောင်း ဦးခိုင်ကြီးက ဆိုသည်။ […]