ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

ကန်ချနဘူရီတွင် ကလေးငယ်သေဆုံးမှု မြန်မာတစ်ဦး ဖမ်းဆီးခံရ

Dawei Watch

June 1, 2026

ကလေးငယ် သေဆုံးမှုနှင့် ပက်သက်၍ အခင်းဖြစ်ပွားရာ နေရာအနီးရှိ နေအိမ်တွင် နေထိုင်သော မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးထားပြီး ၎င်းက စွပ်စွဲချက်အားလုံးကို ငြင်းဆိုထားသည်။

ဘန်ကောက်တွင် စာသင်ကျောင်းကို ထိုင်းရဲတပ်ဖွဲ့ဝင်ဖမ်း၊ မြန်မာအပါအဝင် ဆရာခြောက်ဦး ဖမ်းဆီးခံရ

Dawei Watch

June 1, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တရားဝင် ခွင့်ပြုချက်မရှိဘဲ ဖွင့်ထားသော နိုင်ငံတကာကျောင်း (international school) တစ်ကျောင်းကို ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံသား အပါအဝင် နိုင်ငံခြားသား ဆရာ၊ ဆရာမ ၆ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မေလ ၃၀ ရက်က ဘန်ကောက်မြို့ ပရီဒီဘနိုမြောင်းနယ်မြေရှိ နိုင်ငံတကာကျောင်းကို လဝကရဲတပ်ဖွဲ့နှင့် အလုပ်သမားရုံး တာဝန်ရှိသူများက ဝင်ရောက်စစ်ဆေးခဲ့သည်။ ကျောင်းကို တရားဝင် ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားပြီး နိုင်ငံခြားသား ဆရာ၊ ဆရာမများကို အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ ခန့်ထားသည်ဟု တိုင်ကြားချက်ရရှိသဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ဥပဒေအရ လိုင်စင်မရှိဘဲ ကျောင်းဖွင့်လှစ်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။ အဆိုပါကျောင်းကို ဖွင့်လှစ်ထားသည်မှာ ၅ နှစ်ကျော်ပြီဖြစ်ပြီး မူကြိုမှ အထက်တန်းအဆင့်အထိ ကျောင်းသားပေါင်း […]

ထိုင်းအစိုးရက မြန်မာ ၁၀၀ ကျော်ကို ‌ကော့သောင်းဘက် ပြန်ပို့

Dawei Watch

May 29, 2026

ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ယနေ့ မေလ ၂၉ ရက်တွင် ကော့သောင်းမြို့သို့ ပြန်ပို့လိုက်ကြောင်း ကိုယ်တိုင်လိုက်ပါပို့ဆောင်သူထံမှ သိရသည်။ ယခုပို့ဆောင်မှုသည် မေလအတွင်း ဒုတိယအကြိမ်မြောက်ဖြစ်သည်။ ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား အမျိုးသား ၉၁ ဦး၊ အမျိုးသမီး ၁၇ ဦး စုစုပေါင်း ၁၀၈ ဦးနှင့်အတူ ကလေးငယ် ၃ ဦးကို ယနေ့ နံနက် ၁၁ နာရီခွဲတွင် မြန်မာစစ်အစိုးရထံသို့ ပြန်လွှဲပြောင်းလိုက်ခြင်းဖြစ်သည်။ ယခု ပြန်ပို့မှုသည် ၂၀၂၆ ခုနှစ်အတွင်း ကိုးကြိမ်မြောက်ဖြစ်ပြီး စစ်အစိုးရထံသို့ ပြန်လည်လွှဲပြောင်းခံရသူ မြန်မာနိုင်ငံသား ၇၆၅ ဦး အထိရှိလာပြီဖြစ်သည်။ ဇန်နဝါရီလတွင် နှစ်ကြိမ် မြန်မာနိုင်ငံသား ၁၆၈ […]

ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော မြန်မာ ၄၀ ကျော် ဖမ်းဆီးခံရ

Dawei Watch

May 28, 2026

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၄၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြချက်အရ သိရသည်။ မေလ ၂၇ ရက် ည‌နေ ၃ နာရီခွဲခန့်က ကန်ချနဘူရီမြို့ ပက်ဖဲဒေသရှိ နေအိမ်တစ်လုံးတွင် မြန်မာနိုင်ငံသားများ အုပ်စုလိုက် နေထိုင်နေကြောင်း သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။ အိမ်ကို မြန်မာနိုင်ငံသားများ ယာယီနေထိုင်နိုင်ရန် ပြုပြင်ထားပြီး အထဲတွင် ရေချိုးခန်း၊ အိမ်သာနှင့် အခြားလျှပ်စစ်အသုံးအဆောင်များကိုလည်း တွေ့ရှိကာ ဈေးဆိုင်ငယ်ကိုပါ ဖွင့်ထားကြောင်း သတင်းတွင်ပါရှိသည်။ အိမ်ထဲတွင် မြန်မာနိုင်ငံသား အမျိုးသား ၃၄ ဦး၊ အမျိုးသမီး ၇ ဦး စုစုပေါင်း ၄၁ ဦးကို တွေ့ရပြီး အားလုံးတွင် နေထိုင်ခွင့် စာရွက်စာတမ်းများကို မတွေ့ရဟုဆိုသည်။ […]

အယုဒ္ဓယတွင် မြန်မာအချင်းချင်းဓားဖြင့်ထိုးသဖြင့် တစ်ဦးသေဆုံးပြီး ဖျန်ဖြေသူတစ်ဦး ဒဏ်ရာရ

Dawei Watch

May 27, 2026

ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယခရိုင်တွင် မြန်မာနိုင်ငံသားအချင်းချင်း ရန်ဖြစ်ပြီး ဓားဖြင့်ထိုးသဖြင့် လူငယ်တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မေလ ၂၅ ရက် ည ၁၀ နာရီခန့်က အယုဒ္ဓယမြို့ ဘန်းမိုင်ဒေသ ကျောက်ဖရားမြစ် တူးဖော်ရေး စီမံကိန်းရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တန်းလျားတွင် မြန်မာနိုင်ငံသားအချင်းချင်း စကားများရန်ဖြစ်ကြောင်း ဆိုသည်။ အသက် ၂၁ နှစ်အရွယ် ကိုထက်မြက်အောင်သည် ရင်ဘတ်၊ ဝမ်းဗိုက်၊ နောက်ကျောနှင့် ခြေထောက်တို့တွင် ဒဏ်ရာများဖြင့် နေရာတွင်ပင် သေဆုံးခဲ့ကြောင်း ဖော်ပြသည်။ ဝင်ရောက်ဖျန်ဖြေပေးခဲ့သော နောက်ထပ် မြန်မာအလုပ်သမားတစ်ဦးလည်း လက်မောင်းတွင် ဓားဒဏ်ရာရရှိခဲ့သဖြင့် ကယ်ဆယ်ရေးအဖွဲ့များက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ အခင်းမဖြစ်မီ မြန်မာနိုင်ငံသားများ အရက်သောက်နေကြပြီး နောက်ပိုင်းတွင် စကားများ ရန်ဖြစ်နေသော အသံကို […]

ဘန်ကောက်တွင် ကလေးငယ်ကို တောင်းရမ်းခိုင်းသည့် မြန်မာ ၃ ဦး ဖမ်းဆီးခံရ

Dawei Watch

May 27, 2026

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ညအချိန် အသက် ၆ နှစ်အရွယ် ကလေးငယ်ကို ပန်းရောင်းခိုင်းပြီး တောင်းရမ်းရန်စေခိုင်းခဲ့သော မြန်မာနိုင်ငံသား ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ယနေ့ မေလ ၂၇ ရက်နေ့ နံနက်က ဘန်ကောက်မြို့၊ စွမ်လွန်းနယ်မြေရှိ တိုက်ခန်းတစ်ခုကို ရဲတပ်ဖွဲ့က ဝရမ်းအရ ဝင်ရောက်ရှာဖွေစဉ် မစိုးစိုး၊ မနီနီဝင်းနှင့် ဦးဇော်တို့အမည်ရှိ မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ အဆိုပါ မြန်မာနိုင်ငံသား ၃ ဦးသည် အသက် ၆ နှစ်အရွယ် ကလေးငယ်ကို ညဘက်တွင် ပန်းနှင့် မုန့်များ လှည့်လည်ရောင်းချခိုင်းနေသည်ဟူသော စွပ်စွဲချက်ဖြင့် ဖတ်ခနုံတရားရုံးက မေလ ၂၆ ရက်နေ့တွင် ဖမ်းဝရမ်းထုတ်လိုက်ခြင်းဖြစ်သည်။ ၎င်းတို့သည် ကလေးငယ်ကို ညနေ […]

ရွှေ့ပြောင်းအလုပ်သမားတွေ ကျန်းမာရေးထောက်ခံစာ အတုမလုပ်ဖို့ ထိုင်းသတိပေး

Dawei Watch

May 27, 2026

ရွှေ့ပြောင်းအလုပ်သမားတွေ ကျန်းမာရေးထောက်ခံစာ အတုမလုပ်ဖို့ ထိုင်းသတိပေး

ဖူးခက်တွင် မြန်မာလုပ်သားတစ်ဦး ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ကြိုးဆွဲချ

Dawei Watch

May 26, 2026

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် မြန်မာအလုပ်သမားတစ်ဦး ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲတွင် ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မေလ ၂၅ ရက် နံနက် ၇ နာရီခန့်က ဖူးခက်မြို့ ချလောင်ဒေသ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် သေဆုံးနေသည့် အသက် ၃၇ နှစ်အရွယ် ကိုနန်းဦးကို အခြားအလုပ်သမားများက မြင်တွေ့ခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့များ ရောက်ရှိလာပြီး အလောင်းကို စစ်ဆေးရာ ရိုက်နှက်ခံထားရသည့် ဒဏ်ရာများကို မတွေ့ရကြောင်း ဖော်ပြသည်။ ကိုနန်းဦးသည် ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်ဇာတိဖြစ်ကြောင်း နိုင်ငံကူးလက်မှတ်၏ အချက်အလက်အရ သိရသည်။ ကိုနန်းဦးသည် အဆိုပါလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသည်မှာ ၁၀ နှစ်ခန့် ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံသို့ ပြန်လိုသည်ဟု အခြားသူငယ်ချင်များကို ပြောဆိုဖူးကြောင်း ရင်းနှီးသူများက သတင်းတွင် ဖြေကြားထားသည်။ ကြိုးဆွဲချသည့် အကြောင်းအရင်းကိုမူ သေသေချာချာ […]