ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

ထိုင်းသို့ တရားမဝင်လာသော မြန်မာ ၁၄ ဦး ထပ်မံဖမ်းဆီးခံရ၊ တစ်ပတ်အတွင်း ဖမ်းဆီးခံရသူ ၂၀၀ ကျော်ရှိလာ

Dawei Watch

May 15, 2026

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာမှုကြောင့် မြန်မာနိုင်ငံသားများ ယခုလအတွင်း နေ့စဉ်နီးပါး ဖမ်းဆီးခံနေရသည်။

မဲဆောက်တွင် တရားမဝင် ဝင်လာသော မြန်မာအမျိုးသမီး ၇ ဦး ဖမ်းဆီးခံရ

Dawei Watch

May 14, 2026

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်မြို့တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာအမျိုးသမီး ၇ ဦးကို အာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နယ်စပ်တစ်လျှောက် လူမှောင်ခိုပို့ဆောင်မှုနှင့် မူးယစ်ဆေးဝါးသယ်ယူမှုများကို နှိမ်နင်းဖမ်းဆီးနိုင်ရန်အတွက် နယ်ခြားစောင့်တပ်များက ကင်းလှည့်နေစဉ် မေလ ၁၃ ရက်နေ့ ညနေပိုင်းက ထာ့ဆိုင်လို့ဒေသ ကျကိုဝါစက်ရုံအနောက်ဘက်တွင် မြန်မာနိုင်ငံသားများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား အမျိုးသမီး ၇ ဦးသည် အသက် ၁၈ နှစ်မှ ၃၆ နှစ်အရွယ်များ ဖြစ်ပြီး နေထိုင်ခွင့် စာရွက်စာတမ်းများ မတွေ့ရဟုဆိုသည်။ ထို့ကြောင့် အားလုံးကို မဲဆောက်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး တရားမဝင် ဝင်ရောက်နေထိုင်မှုဖြင့် အမှုဖွင့်ထားသည်။ လက်ရှိတွင် ထိုင်းနိုင်ငံအတွင်း တရားမဝင် နေထိုင်လုပ်ကိုင်နေသော နိုင်ငံခြားသားများကို အဆင့်သုံးဆင့်ဖြင့် အမြစ်ပြတ် နှိမ်နင်းသွားမည်ဟု […]

တရားမဝင် နိုင်ငံခြားသားများကို အမြစ်ပြတ်နှိမ်နင်းရန် ထိုင်းရဲဗိုလ်ချုပ်ကြီး အမိန့်ပေး

Dawei Watch

May 13, 2026

ထိုင်းနိုင်ငံရှိ တရားမဝင်နေထိုင် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသားများကို ရှာဖွေဖော်ထုတ်၍ အဆင့်သုံးဆင့်ဖြင့် အမြစ်ပြတ်အောင် ရှင်းလင်းရန် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ရဲဗိုလ်ချုပ်ကြီး Kitrat Panphet က ညွှန်ကြားလိုက်သည်။ နိုင်ငံခြားသားအများအပြား နေထိုင်သည့် နေရာများတွင် တရားမဝင် နေထိုင်လုပ်ကိုင်နေသူများကို ရှာဖွေနှိမ်နင်းသွားရန် မေလ ၁၂ ရက်တွင် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ၊ တရားမဝင် ဝင်ရောက်နေထိုင်မှုများ၊ တရားမဝင် လုပ်ငန်းများအတွက် ထိုင်းနိုင်ငံကို ကြားခံ အဖြစ် အသုံးပြုမှုများ၊ နိုင်ငံခြားသားများကို တရားမဝင် အလုပ်ခန့်ထားမှုများ၊ ထိုင်းအမည်ခံ စီးပွားရေးလုပ်ငန်းများ စသည်တို့ကို ကာကွယ်ဖြေရှင်းနိုင်ရန်အတွက် ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဆိုသည်။ တရားမဝင် လုပ်ငန်း လုပ်ကိုင်နေသော နိုင်ငံခြားသားများကို နှိမ်နင်းရန် ထိုင်းရဲတပ်ဖွဲ့က အဆင့် သုံးဆင့်ခွဲ၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း […]

မြန်မာ ၉၀ဦးကို ထိုင်းအစိုးရက ကော့သောင်းသို့ပြန်ပို့

Dawei Watch

May 13, 2026

ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသား ၉၀ဦးကို ယနေ့ မတ်လ ၁၃ ရက်တွင် ကော့သောင်းမြို့သို့ ပြန်ပို့လိုက်ကြောင်း ကိုယ်တိုင်လိုက်ပါပို့ဆောင်သူများထံမှ သိရသည်။ ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား အမျိုးသား ၆၅ ဦး၊ အမျိုးသမီး ၂၅ ဦး စုစုပေါင်း ၉၀ ဦးကို ယနေ့ နံနက် ၁၁ နာရီခွဲတွင် မြန်မာစစ်အစိုးရထံသို့ ပြန်လွှဲပြောင်းခြင်း ဖြစ်သည်။ ယခု ပြန်ပို့မှုသည် ၂၀၂၆ ခုနှစ်အတွင်း ရှစ်ကြိမ်မြောက်ဖြစ်ပြီး စစ်အစိုးရထံသို့ ပြန်လည်လွှဲပြောင်းခံရသူ မြန်မာနိုင်ငံသား ၆၅၇ ဦး အထိရှိလာသည်။ ဇန်နဝါရီလတွင် နှစ်ကြိမ် မြန်မာနိုင်ငံသား ၁၆၈ ဦးနှင့် ဖေဖော်ဝါရီလတွင် နှစ်ကြိမ် ၁၂၈ ဦး၊ မတ်လတွင် […]

ထိုင်းမြောက်ပိုင်းတွင် ဖမ်းမိသည့် မြန်မာ ၁၈၀ ကျော်ကို တာချီလိတ်သို့ပြန်ပို့

Dawei Watch

May 12, 2026

ဖစ်စနူလို့စ်ခရိုင် အဝေးပြေးလမ်းမပေါ်တွင် ကား ၁၀ စီးဖြင့် တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသား ၁၄၅ ဦးကို ဖမ်းဆီးမိပြီးနောက် ဆက်စပ်ပြီး ၃၆ ဦးကို ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ချင်းမိုင်တွင် မြန်မာပိုင် မျက်မှန်ဆိုင်ကို ထိုင်းရဲဝင်ဖမ်း၊ မြန်မာ ၅ ဦး ဖမ်းဆီးခံရ

Dawei Watch

May 12, 2026

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့တွင် မြန်မာနိုင်ငံသားပိုင် မျက်မှန်ဆိုင်ကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံသား ၅ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မေလ ၁၁ ရက်နေ့က ချင်းမိုင်တက္ကသိုလ်အနီး ဖွင့်လှစ်ထားသော The New Trend Optic မျက်မှန်ဆိုင်ကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ မျက်မှန်ဆိုင်အတွင်းသို့ ရဲတပ်ဖွဲ့က မျက်စိစမ်းသပ်ရန်နှင့် မျက်မှန်ဝယ်ယူရန် အသွင်ယူဝင်ရောက်ခဲ့စဉ် ဆိုင်ဝန်ထမ်းများက ထိုင်းဘာသာစကား မတတ်ဟုဆိုကာ ထိုင်းနိုင်ငံသားများကို ဝန်ဆောင်မှုပေးရန် ငြင်းဆန်ခဲ့ပြီး အခြားဆိုင်များသို့သာ ညွှန်းဆိုခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။ ယင်းလုပ်ဆောင်ချက်သည် ထိုင်းနိုင်ငံအတွင်း မသင့်တော်သဖြင့် ရဲတပ်ဖွဲ့က အခြားဌာနများနှင့် ပူးပေါင်းကာ ဆိုင်အတွင်း ဝင်ရောက်စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်အပါအဝင် မြန်မာနိုင်ငံသား ၅ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အဆိုပါဆိုင်ကို မကြာသေးခင်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ချင်းမိုင်မြို့ရှိ […]

ရေကြည်ရာရှာရင်း ခြေရာပျောက် ရေနောက်ဖြစ်နေတဲ့ ထိုင်းရောက်မြန်မာလုပ်သားတွေ

Dawei Watch

May 10, 2026

ရေကြည်ရာရှာရင်း ခြေရာပျောက် ရေနောက်ဖြစ်နေတဲ့ ထိုင်းရောက်မြန်မာလုပ်သားတွေ

မြန်မာစကားပြန်ကို ရိုက်နှက်နှိပ်စက်ပြီး ရေနွေးပူဖြင့်လောင်းသော တရုတ်လေးဦးကို ထိုင်းရဲဖမ်းဆီး

Dawei Watch

May 8, 2026

ထိုင်းနိုင်ငံအရှေ့ပိုင်း လယွန်ခရိုင်တွင် မြန်မာစကားပြန်အလုပ်သမားကို ရိုက်နှက်နှိပ်စက်ပြီး ခန္ဓာကိုယ်ပေါ်ကို ရေနွေးပူဖြင့် လောင်းခဲ့သော တရုတ်နိုင်ငံသားများအနက် လေးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း အမှုတွင် ကူညီဆောင်ရွက် ပေးနေသော မြန်မာအလင်းအဖွဲ့ (LMA) ထံမှ သိရသည်။ ယနေ့ မေလ ၈ ရက်အထိ တရုတ်နိုင်ငံသား လေးဦးကို ဖမ်းဆီးရမိထားပြီး အမှုနှင့် ပက်သက်၍မူ အသေးစိတ် အချက်အလက်များကို ထုတ်ပြော၍ မရသေးကြောင်း အဆိုပါအဖွဲ့မှ ကိုနေလင်းသူက ပြောသည်။ “အမှုကို (မြန်မာ) သံရုံးကနေ လိုက်ပါဆောင်ရွက်ပေးမှာဖြစ်တဲ့အတွက် (အမှုကိစ္စကို) အတိအကျတော့ ပြောလို့ မရသေးဘူးဗျ။ စွဲထားတဲ့ အမှုတွေကတော့ အများကြီးပေါ့နော်။ လောလောဆယ် ဖမ်းထားတယ်ဆိုတာပဲ ပြောပြလို့ရမယ်ဗျ” ဟု ၎င်းက ပြောဆိုသည်။ စကားပြန် ကိုသားသားအမှုနှင့်ပတ်သက်၍ ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိရုံးက […]