ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

ထိုင်းတွင် ကား ၁၀စီးဖြင့် တရားမဝင်လာသော မြန်မာ ၁၄၀ကျော် ဖမ်းဆီးခံရ

Dawei Watch

May 8, 2026

ရပ်တန့်စစ်ဆေးခံရန် ရဲတပ်ဖွဲ့က အချက်ပြရာ ကားများသည် ဂငယ်ကွေ့ပြန်ကွေ့ပြီး လမ်းဘေးရှိ တောနှင့် လယ်တောထဲသို့ မောင်းပြေးခဲ့ကြကြောင်း ဆိုသည်။

ဘန်ကောက်အနီး သံစက်ရုံတွင် လုပ်ငန်းခွင်မတော်တဆမှုကြောင့် မြန်မာအမျိုးသမီးတစ်ဦးသေဆုံး

Dawei Watch

May 7, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင် သံစက်ရုံထဲတွင် လုပ်ငန်းခွင် မတော်တဆမှုကြောင့် မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦး သေဆုံးကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ စမွတ်ပရကန်ခရိုင် ဘန်ဖီဒေသရှိ သံစက်ရုံထဲတွင် မေလ ၆ ရက် မွန်းလွဲ ၂ နာရီခန့်က အသက် ၂၂ နှစ်အရွယ် မခိုင်သဇင်ဝင်း အလုပ်လုပ်ကိုင်နေစဉ် သံပြားခွေများ မတော်တဆ ကိုယ်ပေါ်ပြုတ်ကျလာရာမှ သေဆုံးကြောင်း WAG အဖွဲ့က ကိုမုန်တိုင်းက ပြောသည်။ “လက်ရှိကတော့ အလောင်းကို မထုတ်ရသေးပါဘူး။ သေမှုသေခင်းကိစ္စတွေကို ဆက်လက်ဆောင်ရွက်ရပါဦးမယ်။ နစ်နာကြေးကိစ္စတွေကိုတော့ အိမ်က မိဘတွေ လာမှ ဆက်လုပ်ရပါမယ်” ဟု ၎င်းက ဆိုသည်။ ရုပ်အလောင်းကိုမူ ကယ်ဆယ်ရေးအဖွဲ့များက ဘန်ဖီဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ရုပ်အလောင်းကို ထုတ်ယူရန် […]

အယုဒ္ဓယတွင် တရားမဝင် လာသော မြန်မာ ၁၀ကျော် ဖမ်းဆီးခံရ

Dawei Watch

May 7, 2026

ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၁၃ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မေလ ၆ ရက်က အယုဒ္ဓယခရိုင် မဟာရတ်ဒေသ အဝေးပြေးလမ်းမကြီးပေါ်တွင် ရဲတပ်ဖွဲ့များ ဂိတ်ချစစ်ဆေးနေစဉ် အလေးချိန် ပိုမိုတင်ဆောင်လာသည့် တိုယိုတာအိမ်စီးကားတစ်စီးကို တွေ့ရသဖြင့် ရပ်တန့်စစ်ဆေးခဲ့ကြောင်း ဆိုသည်။ ကားကို အသက် ၃၄ နှစ်အရွယ် ကိုကျော်သက် ဆိုသူ မောင်းနှင်လာပြီး ကားထဲတွင် မြန်မာနိုင်ငံသား အမျိုးသား ကိုးဦး၊ အမျိုးသမီး လေးဦး စုစုပေါင်း ၁၃ ဦးကို တွေ့ရှိရကြောင်း ဖော်ပြသည်။ မြန်မာနိုင်ငံသားများတွင် နိုင်ငံကူးလက်မှတ် သို့မဟုတ် နေထိုင်ခွင့် စာရွက်စာတမ်းများကို မတွေ့ရသဖြင့် ကားသမားနှင့်အတူ ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။ မြန်မာနိုင်ငံသားများကို မဲဆောက်-ဘန်ကောက် လမ်းရှိ နခွန်စဝမ်ခရိုင်မှတစ်ဆင့် […]

ထိုင်းတွင် မြန်မာစကားပြန်ကို တရုတ်လုပ်ငန်းရှင် သူဌေးက ရိုက်နှက်နှိပ်စက်ပြီး ရေနွေးပူဖြင့်လောင်း

Dawei Watch

May 6, 2026

တရုတ်နိုင်ငံသားများက ကိုသားသားကို ဂေါက်တံ၊ သံတုတ်များဖြင့် ရိုက်နှက်ပြီး ခန္ဓာကိုယ်ပေါ်နှင့် ပါးစပ်ထဲသို့ ရေနွေးပူလောင်းခြင်းတို့ကို ၅ နာရီခန့်ဆက်တိုက်လုပ်ပြီး ပိတ်လှောင်ထားဟုဆိုသည်။

ထားဝယ်အပါအဝင် မြန်မာလုပ်သားစုံတွဲနှစ်တွဲ ထိုင်းထီ ဘတ် ၁၈ သန်းကံထူး

Dawei Watch

May 6, 2026

ထားဝယ်ဒေသခံ ဇနီးမောင်နှံသည် ရေထွက်လုပ်ငန်းတွင် လုပ်ကိုင်နေသူများဖြစ်သည်။

ချင်းမိုင်ခရိုင်တွင် လုပ်အားခမရသဖြင့် အလုပ်ရှင်ကို သတ်ခဲ့သော မြန်မာလေးဦး ဖမ်းဆီးခံရ

Dawei Watch

May 4, 2026

လူသတ်မှုဖြစ်ပြီးနောက် နယ်စပ်ဖြတ်ကျော်ရန် ကြိုးစားနေစဉ် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ဆိုသည်။

ထိုင်းတွင် တရားမဝင် နိုင်ငံခြားသားလုပ်သားများကို စစ်ဆေးဖမ်းဆီးမှု အရှိန်မြှင့်မည်

Dawei Watch

May 4, 2026

စူရတ်ဌာနီခရိုင် ကော့ဖငန်းကျွန်းတွင် တရားမဝင် ဖွင့်လှစ်ထားသော ကလေးထိန်းကျောင်းကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေး၍ အရေးယူပြီးနောက် ယင်းသို့ စစ်ဆေးအရေးယူရန် လုပ်ဆောင်လာခြင်းဖြစ်သည်။

CI မလိုဘဲ ပန်းရောင်ကတ်တစ်ခုတည်းဖြင့် နေထိုင်လုပ်ကိုင်ခွင့်ပြုရန် ဘန်ကောက်တွင် မြန်မာလုပ်သားများတောင်းဆို

Dawei Watch

May 1, 2026

မြန်မာစစ်အုပ်စုက ထုတ်ပေးသည့် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI စာအုပ်) စနစ်ကို ဖျက်သိမ်းပြီး ထိုင်းအစိုးရက ထုတ်ပေးသည့် ပန်းရောင်ကတ်တစ်ခုတည်းဖြင့် နေထိုင် အလုပ်လုပ်ခွင့်ပြုရန် မြန်မာအလုပ်သမားများက တောင်းဆိုကြသည်။ ယနေ့ မေလ ၁ရက် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ မေဒေးနေ့တွင် မြန်မာအလုပ်သမားများသည် ဘန်ကောက်မြို့ရှိ Bangkok Art and Culture Centre (BACC) ရှေ့တွင် CI စာအုပ်ဖျက်သိမ်းပေးရေးအပါအဝင် အချက်အချို့ကို တောင်းဆိုကြကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။ ယခုဆန္ဒပြတောင်းဆိုပွဲကို Bright Future အဖွဲ့ခေါင်းဆောင် ကိုစူရတ်အပါအဝင် မြန်မာအလုပ်သမားများက ပါဝင်ခဲ့ခြင်းဖြစ်သည်။ မြန်မာစစ်အုပ်စု ကျင်းပသည့် ရွေးကောက်ပွဲကို အသိအမှတ်မပြုရန်နှင့် သမ္မတရာထူးယူထားသည့် စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်နှင့် ထိတွေ့ဆက်ဆံခြင်းမပြုဘဲ ရှုတ်ချရန် တောင်းဆိုကြသည်။ မြန်မာအလုပ်သမားများထံမှ အခွန်ကောက်ခံနေသော CI စာအုပ်စနစ်ကို […]