မေဒေးနေ့ ဘန်ကောက်ချီတက်ပွဲ E-Work Permit စနစ် ဖျက်သိမ်းရေး မြန်မာလုပ်သားများတောင်းဆို
Dawei Watch
May 1, 2026ကြားခံပွဲစားများမှတစ်ဆင့် ပြုလုပ်နေရသော E-Work Permit စနစ်ကို ဖျက်သိမ်းပေးရေး အပါအဝင် အလုပ်သမား အခွင့်အရေးများကို ယနေ့ မေလ ၁ ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့တွင် တောင်းဆိုကြသည်။ မေဒေးနေ့ အထိမ်းအမှတ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ချီတက်တောင်းဆိုပွဲတွင် မြန်မာအလုပ်သမားများက ထိုင်းနိုင်ငံသားများနှင့်အတူ ချီတက်တောင်းဆိုခဲ့ခြင်းဖြစ်သည်။ အလုပ်သမားနေ့ (မေဒေး) အထိမ်းအမှတ်အဖြစ် ယနေ့ နံနက် ၈ နာရီမှ ၁၁ နာရီခွဲအထိ ဘန်ကောက်မြို့ လွတ်လပ်ရေး အထိမ်းအမှတ်ကျောက်တိုင် (အနုစာဝရီ) မှစတင်၍ အစိုးရအိမ်တော်သို့ လမ်းလျှောက်ချီတက် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ချီတက်တောင်းဆိုပွဲတွင် ထိုင်းနိုင်ငံသားများအပါအဝင် မြန်မာအလုပ်သမားများလည်း ပါဝင်ခဲ့ပြီး အလုပ်သမားထောင်ချီ ပါဝင်တောင်းဆိုခဲ့သည်။ အလုပ်သမားများ၏ နေထိုင်မှုစရိတ် မြင့်တက်လာမှု၊ စက်သုံးဆီဈေးကြီးလာမှု၊ လုပ်ငန်းခွင် မလုံခြုံမှုများကို ထောက်ပြခဲ့ကြပြီး လုပ်အားခ […]


