ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

မြန်မာ ၈၀ ဦး ထိုင်းတောင်ပိုင်းတွင် ဖမ်းဆီးခံရ

Dawei Watch

April 10, 2026

မလေးရှားနိုင်ငံသို့ သွားရောက်ရန် ပွဲစားများကို တစ်ဦးလျှင် ဘတ်တစ်သိန်းကျော်အထိ ပေး၍ ဝင်လာသော မြန်မာနိုင်ငံသား ၈၀ ဦးကို ထိုင်းတောင်ပိုင်း စွန်ခရာခရိုင်တွင် ဖမ်းဆီးခံခဲ့ရသည်။ ဧပြီလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က စွန်ခရာခရိုင် နာ့မော်ဒေသ တောင်ခြေရှိ တောထဲတွင် နိုင်ငံခြားသားများ အုပ်စုလိုက် ရောက်ရှိနေကြောင်း သတင်းရရှိခဲ့သဖြင့် ရွာလူကြီးနှင့် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း ထိုင်းသတင်းတွင် ဖော်ပြထားသည်။ စစ်ဆေးစဉ် မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၈၀ ဦးကို တွေ့ရပြီး အားလုံးတွင် နေထိုင်ခွင့် စာရွက်စာတမ်းများကို မတွေ့ရကြောင်း၊ အချို့သည် အနီးအနားရှိ ချုံတောထဲတွင် ပုန်းနေကြသလို အချို့သည် တာလပတ်မိုး၍ တဲထိုး နေထိုင်နေကြသည်ကို တွေ့ရကြောင်း သတင်းတွင်ပါရှိသည်။ ပြီးခဲ့သော […]

ဒီနှစ် ထိုင်းဆုန်ကရမ်မှာ ဒီ ၈ ချက်ကို သတိထားပါ

Dawei Watch

April 9, 2026

၂၀၂၆ ခုနှစ် ဆုန်ကရမ်ပွဲတော်ကို “Safe Songkran, alcohol-free” (ဘေးကင်းတဲ့ ဆုန်ကရမ်၊ အရက်ကင်းစင်ရေး) ဆိုတဲ့ လှုပ်ရှားမှုနဲ့ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဥပဒေတွေကိုလည်း တင်းတင်းကျပ်ကျပ် ကိုင်တွယ်သွားမယ်လို့ ထိုင်းရဲတပ်ဖွဲ့က သတိပေးထားပါတယ်။ ပွဲတော်ရက်အတွင်းမှာ အန္တရာယ်ကင်းဖို့အတွက် ပြည်သူတွေ လိုက်နာရမယ့် စည်းကမ်းတွေကို ထုတ်ပြန်ထားပြီး၊ ချိုးဖောက်ရင်တော့ ထိထိရောက်ရောက် အရေးယူခံရမှာပါ။ ဆုန်ကရမ်ကာလအတွင်းမှာ လူတိုင်း တာဝန်သိစိတ်နဲ့ ပါဝင်ဆင်နွှဲကြဖို့နဲ့ ဘေးအန္တရာယ်ကင်းကင်းနဲ့ ပျော်ရွှင်ကြဖို့ ထိုင်းအစိုးရက တိုက်တွန်းထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့လည်း ထိုင်းဆုန်ကရမ်မှာ အန္တရာယ်ကင်းကင်းနဲ့ စိတ်အေးချမ်းသာ ပျော်ပါးနိုင်ဖို့အတွက် ထိုင်းအစိုးရက ထုတ်ပြန်ထားတဲ့ သတိပြုရမယ့်အချက် ၈ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

မဟာချိုင်တွင် သေနတ်ပြ ခြိမ်းခြောက်သော မြန်မာအမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

Dawei Watch

April 6, 2026

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသတွင် ပစ္စတိုသေနတ်ပြပြီး ခြိမ်းခြောက်နေသည်ဟုဆိုကာ မြန်မာအမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဧပြီလ ၅ရက် ည ၈ နာရီခန့်က မဟာချိုင်ဒေသရှိ အလုပ်သမားအဆောင်တစ်ခုတွင် အသက် ၄၂ နှစ်အရွယ် ဒေါ်စန်းစန်းခိုင်ကို လဝကရဲတပ်ဖွဲ့က သတင်းရ ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းကို ဖမ်းဆီးစဉ် သေနတ်တစ်လက်၊ သေနတ်ကျည်အိမ် နှစ်ခုနှင့် ကျည်ဆန်များကို တွေ့ရသဖြင့် သက်သေအနေဖြင့် သိမ်းဆည်းခဲ့ကြောင်း ဖော်ပြသည်။ အဆိုပါအမျိုးသမီးသည် အဆောင်ထဲတွင် ပစ္စတိုသေနတ်ထုတ်ပြ၍ ခြိမ်းခြောက်လေ့ရှိသဖြင့် အခြားမြန်မာနိုင်ငံသားများအပြင် အဆောင်မန်နေဂျာပါ ကြောက်ရွံ့နေကြရကြောင်း ဆိုသည်။ ယင်းကြောင့် အဆောင်မန်နေဂျာက ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ လက်ရှိတွင် မြန်မာအမျိုးသမီးကို ခွင့်ပြုချက်မရှိဘဲ သေနတ်ကိုင်ဆောင်မှုဖြင့် အမှုဖွင့်ထားပြီး စမွတ်စခွန်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း […]

ဘတ်တစ်သိန်းစီ ပွဲစားခပေးပြီး မလေးရှားသွားသည့် မြန်မာ ၃၅ဦး ထိုင်းတွင် ဖမ်းဆီးခံရ

Dawei Watch

April 6, 2026

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၃၅ ဦးကို ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မြန်မာနိုင်ငံသားများသည် ပွဲစားခ ဘတ် တစ်သိန်းစီ ပေး၍ မလေးရှားနိုင်ငံသို့ သွားရောက်ရန် ရည်ရွယ်ထားကြကြောင်း ဖော်ပြသည်။ ဧပြီလ ၅ ရက်က ကန်ချနဘူရီမြို့အတွင်းရှိ အိမ်တစ်ဆောင်တွင် မြန်မာနိုင်ငံသားများ တရားမဝင် ဝင်လာပြီး ပုန်းခိုနေကြကြောင်း သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။ အိမ်ထဲတွင် မြန်မာနိုင်ငံသား ၃၅ ဦးကို စစ်ဆေးတွေ့ရှိခဲ့ပြီး အားလုံးတွင် နေထိုင်ခွင့် စာရွက်စာတမ်းများ မတွေ့ရကြောင်း ဆိုသည်။ မြန်မာနိုင်ငံသားများကို ကိုမင်းဦးအမည်ရှိ မြန်မာနိုင်ငံသားတစ်ဦးက ၎င်း၏ နေအိမ်တွင် ခိုလှုံခွင့်ပေးထားပြီး တစ်ဦးအတွက် ဘတ် ၅၀ စီသာ ရရှိသည်ဟု ထွက်ဆိုထားကြောင်း သတင်းများတွင် […]

၇ နှစ်အရွယ်ကလေးကို သတ်ခဲ့သည့် မိခင်ဖြစ်သူကို ကော့လန်းကျွန်းတွင် ဖမ်းဆီးရမိ

Dawei Watch

April 3, 2026

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မင်ဘူလီနယ်မြေတွင် အသက် ၇ နှစ်အရွယ် သမီးကို လည်ပင်းညှစ်သတ်ခဲ့သည်ဆိုသော မိခင်ဖြစ်သူကို ကော့လန်းကျွန်းတွင် ဖမ်းဆီးရမိပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ကော့လန်းကျွန်းသည် ချွန်ဘူရီခရိုင် ပတ္တယားမြို့၏ တစ်ဖက်တွင်ရှိသော နာမည်ကြီးကျွန်းဖြစ်သည်။ အသက် ၇ နှစ်အရွယ် မဇူးဝတီထွန်းအမည်ရှိ မြန်မာကလေးငယ် သေဆုံးမှုနှင့်ပတ်သက်၍ မိခင်ဖြစ်သူ အသက် ၃၄ နှစ်အရွယ် မမျိုးပပထွန်းကို ရဲတပ်ဖွဲ့က သံသယရှိသဖြင့် လူသတ်မှုဖြင့် ဝရမ်းထုတ်၍ ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ သမီးဖြစ်သူ သေဆုံးခဲ့ပြီးနောက် မိခင်ဖြစ်သူ မမျိုးပပထွန်းသည် နေအိမ်မှ ထွက်ပြေးသွားခဲ့ရာမှ ရဲတပ်ဖွဲ့က ခြေရာခံ၍ ဧပြီလ ၂ ရက်နေ့ နေ့လယ်ပိုင်းတွင် ချွန်ဘူရီခရိုင် ကော့လန်းကျွန်းရှိ ဟိုတယ်တစ်ခုတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးမိခဲ့သည့် အဆိုပါမိခင်ဖြစ်သူ မမျိုးပပထွန်းက သမီးကို လည်ပင်းညှစ်၍ […]

ဘန်ကောက်တွင် အသက် ၇ နှစ်အရွယ် မြန်မာကလေးသေဆုံးမှု ရဲတပ်ဖွဲ့က မိခင်ကို ဖမ်းဝရမ်းထုတ်

Dawei Watch

April 2, 2026

သေဆုံးသူ ကလေးငယ်၏ မိခင်ဖြစ်သူမှာ အိမ်မှထွက်သွားပြီးနောက် ပျောက်ဆုံးနေဆဲဖြစ်ပြီး သံသယရှိသူဟု သတ်မှတ်၍ ရဲတပ်ဖွဲ့က အပြင်းအထန် ရှာဖွေနေခြင်းဖြစ်သည်။ ကလေးငယ်၏ မိဘနှစ်ပါးမှာ ကလေးမွေးဖွားပြီးနောက် ကွာရှင်းပြတ်စဲထားကြောင်း သိရသည်။

ချင်းမိုင်စီးပွားရေး တိုးတက်စေသဖြင့် မြန်မာများအတွက် ဗီဇာစည်းမျဉ်းသစ်များ ဖန်တီးပေးရန်တိုက်တွန်း

Dawei Watch

April 1, 2026

၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းအထိ ချင်းမိုင်မြို့တွင် မြန်မာနိုင်ငံမှ ရှောင်တိမ်းလာသည့် ဘွဲ့ရကျွမ်းကျင်လုပ်သားဦးရေ အနည်းဆုံး ၆,၀၀၀ အထိ ရှိနိုင်ကြောင်း Surin Pitsuwan Foundation အဖွဲ့က ထုတ်ပြန်သည်။

မြန်မာဘက်က လက်နက်ကြီးကျည်ဆန်များ ထိုင်းဘက်ကျ၍ မြန်မာ ၅ ဦးနှင့် ထိုင်းတစ်ဦး ဒဏ်ရာရ

Dawei Watch

April 1, 2026

မြန်မာနိုင်ငံ မြဝတီမြို့နယ်အတွင်း ဖြစ်ပွားနေသောတိုက်ပွဲများမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်ဆန်များ ထိုင်းနိုင်ငံ မဲဆောက်မြို့ နယ်စပ်ကျေးရွာထဲ ကျရောက်ခဲ့သဖြင့် မြန်မာနိုင်ငံသား ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နောက်ထပ် ထိုင်းနိုင်ငံသားတစ်ဦးနှင့် မြန်မာနိုင်ငံသားတစ်ဦးလည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနအချို့တွင် ဖော်ပြထားသည်။ လက်နက်ကြီးကျည်ဆန် ထိမှန်မှုကြောင့် အသက် ၇ နှစ်၊ အသက် ၁၁ နှစ်၊ အသက် ၁၃ နှစ်အရွယ် မြန်မာကလေးငယ်သုံးဦးနှင့် အသက် ၄၈ နှစ်အရွယ် မြန်မာအမျိုးသမီးတို့မှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။ မတ်လ ၃၁ ရက်နေ့က မြဝတီမြို့နယ် မင်းလက်ပံ၊ ဖလူးလေး၊ ဖလူးကြီးကျေးရွာများတွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေခြင်းဖြစ်သည်။ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ […]