ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

ရန်ကုန်-ထားဝယ်ကားခ စျေးနှစ်ဆနီးပါးမြင့်တက်ပြီး ကျပ်နှစ်သိန်းခွဲကျော်အထိဖြစ်လာ

Dawei Watch

March 26, 2026

ရန်ကုန်-ထားဝယ် လေးယောက်စီး အိမ်စီးကားခမှာ စျေးနှစ်ဆနီးပါးမြင့်တက်လာပြီး ခရီးစဉ်တစ်ကြောင်းလျှင် ကျပ်နှစ်သိန်းခွဲမှ သုံးသိန်းကြားအထိ စျေးပေးရကြောင်း ခရီးသည်များနှင့် ယာဉ်ပိုင်ရှင်များထံမှ သိရသည်။ မတ်လတတိယပတ်အထိ ခရီးသည်တစ်ဦးလျှင် ကျပ်တစ်သိန်းခွဲသာရှိရာမှ မတ်လ နောက်ဆုံးပတ်အတွင်း ယင်းသို့စျေးတက်လာကြောင်း ရန်ကုန်-ထားဝယ် လေးယောက်စီးကား ပြေးဆွဲနေသူ ယာဉ်မောင်းအမျိုးသားတစ်ဦးက ပြောသည်။ စက်သုံးဆီစျေးတက်ခြင်းနှင့် ဆီဝယ်ယူရခက်ခဲခြင်းတို့ကြောင့် စျေးတက်လာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ရေးနဲ့ မော်လမြိုင်ကြားမှာဆိုရင် အခု အချိန်ကန့်သတ်ချက်ကြောင့် ကျွန်တော်တို့ ရောက်တဲ့အချိန် ဆီတန်းစီလို့ မရဘူး။ တော်တော်အခက်အခဲဖြစ်တယ်။ အပြင်စျေးနဲ့ ဝယ်ရတော့ ဆီဖိုးလည်း နှစ်ဆကျော်လောက်ကုန်တယ်” ဟု အထက်ပါ ယာဉ်မောင်းအမျိုးသားက ပြောဆိုသည်။ ဆီတန်းစီရသည့်အတွက် အချိန်ကြာမြင့်ခြင်းကြောင့် ယခုနောက်ပိုင်း လေးယောက်စီး ကားငယ်အချို့မှာ ရန်ကုန်အဝင် နောက်ကျပြီး အဆင်းကားအချို့မှာလည်း လမ်းခရီးတွင် ညအိပ်ရသည်အထိ ကြန့်ကြာမှုများ […]

စစ်မှုထမ်းကြေး ကောက်ယူလေ့ရှိသည့် တောတန်းရွာအုပ်ချုပ်ရေးတာဝန်ခံ ပစ်သတ်ခံရ

Dawei Watch

March 26, 2026

မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု၊ တောတန်းရွာက အုပ်ချုပ်ရေးတာဝန်ခံ ဦးအေးသန်း သေနတ်ဖြင့် ပစ်ခံရပြီး သေဆုံးကြောင်း ‌ဒေသခံများက ပြောသည်။ မတ်လ ၂၅ ရက် နံနက် ၇ နာရီတွင် ဦးအေးသန်းသည် ခုံမော်ရွာ ပြည်ထောင်စုလမ်းမကြီးတွင် သွားလာနေစဉ် သေနတ်ဖြင့် ပစ်သတ်ခံရပြီး နေရာတွင်ပင် သေဆုံးကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။ ဦးအေးသန်းသည် စစ်အာဏာရှင်တပ်အတွက် ကျေးရွာအုပ်စုရှိ ခုံမော်၊ တောတန်း၊ သကန်တောင်ပုရွာတို့တွင် လစဉ် စစ်မှုထမ်းကြေး ကောက်ပေးနေသူဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ “အုပ်ကြီးလုပ်နေတာက ခေတ်အလိုက်ပဲ။ ကြီးပြား (ငွေကြေး) ကောက်နေတာ တအားဆိုးတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။ ဦးအေးသန်းအား မည်သည့် လက်နက်ကိုင်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် လာရောက်ပစ်ခတ်သွားသည်ကို မသိရသေးကြောင်း ဒေသခံများက […]

ထိုင်းထိန်းသိမ်းရေးစခန်းက မြန်မာ ၉၀ ခန့်ကို ကော့သောင်းသို့ပြန်ပို့၊ သုံးလအတွင်းပြန်ပို့ခံရသူ ငါးရာနီးပါးရှိလာ

Dawei Watch

March 26, 2026

ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသား ၉၀ ခန့်ကို ကော့သောင်းဘက်သို့ ပြန်လည်ပို့ဆောင်လိုက်ကြောင်း ရနောင်း ရေကြောင်းထိန်းသိမ်းရေးဌာနက ထုတ်ပြန်သည်။ ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသားအမျိုးသား ၆၈ ဦး၊ အမျိုးသမီး ၂၁ ဦး စုစုပေါင်း ၈၉ ဦးကို မတ်လ ၂၅ ရက် နံနက် ၁၁ နာရီတွင် ကော့သောင်းမြို့ ပြန်ပို့ခဲ့ကြောင်း ဖော်ပြသည်။ ယင်းမတိုင်မီ မတ်လ ၉ ရက်ကလည်း မြန်မာနိုင်ငံသား ၁၀၄ ဦးကို စစ်ကော်မရှင်ထံသို့ လွှဲပြောင်းထားသဖြင့် ယခု မတ်လအတွင်း ဒုတိယအကြိမ် ပြန်လည်လွှဲပြောင်းခြင်းဖြစ်သည်။ ယခုနေရပ်ပြန်ပို့မှုသည် ၂၀၂၆ ခုနှစ်အတွင်း ခြောက်ကြိမ်မြောက်ဖြစ်ပြီး စုစုပေါင်း မြန်မာနိုင်ငံသား ၄၈၉ ဦးကို ထိုင်းအစိုးရက […]

ဘန်ကောက်မြို့လယ် စျေးဝယ်စင်တာတွင် အိတ်ခိုးခဲ့သည့် မြန်မာတစ်ဦးဖမ်းဆီးခံရ

Dawei Watch

March 24, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ် စျေးဝယ်စင်တာတစ်ခုတွင် ခရီးသွားတစ်ဦး၏ ကျောပိုးအိတ်ကို ခိုးယူခဲ့သည့် မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မတ်လ ၂၂ ရက် ညက ဘန်ကောက်မြို့ ပတူဝမ်နယ်မြေရှိ စျေးဝယ်စင်တာထဲတွင် ဈေးဝယ်နေစဉ် ဗီယက်နမ်နိုင်ငံသားတစ်ဦး ကျောပိုးအိတ် ပျောက်ဆုံးသဖြင့် ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့သည်။ ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများကို စစ်ဆေးရာ အမျိုးသားတစ်ဦးက အိတ်ကို ခိုးယူသွားပြီး ဖရာထိုင်းလမ်းဘက်သို့ ထွက်ပြေးသွားသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။ CCTV မှတ်တမ်းမှတစ်ဆင့် ခြေရာခံ၍ လိုက်လံရှာဖွေရာ ပျောက်ဆုံးပြီး နှစ်နာရီခန့်အကြာတွင် သံသယရှိသော အမျိုးသားကို နော်ဂျစ်လမ်းထဲတွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။ ဖမ်းဆီးခံရသော အမျိုးသားသည် အသက် ၃၁ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး ထိုင်းစကားကို ကျွမ်းကျင်စွာပြောဆိုတတ်ကာ ခိုးယူမှုကို ဝန်ခံခဲ့ကြောင်း […]

တရားမဝင်လာသော မြန်မာများလိုက်ပါသည့်ကား ထွက်ပြေးရာမှတိမ်းမှောက်၊ မြန်မာ ၁၀ကျော် ဖမ်းဆီးခံရ

Dawei Watch

March 23, 2026

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင် အဝေးပြေးလမ်းမကြီးပေါ်တွင် ကားတိမ်းမှောက်ပြီး ကားပေါ်လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၁၂ ဦး ဖမ်းဆီးခံရကြောင်း အမြန်လမ်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ယနေ့ မတ်လ ၂၃ရက် နံနက်ပိုင်းတွင် ချွန်ဖော်ခရိုင် အဝေးပြေးလမ်းမကြီးပေါ်တွင် အမြန်လမ်းရဲတပ်ဖွဲ့က ပစ်ကပ်ကားတစ်စီးကို သတင်းအရ တားဆီးစစ်ဆေးရန် အချက်ပြခဲ့ကြောင်း ဖော်ပြသည်။ သို့သော်လည်း ပစ်ကပ်ကားသည် ရပ်တန့်စစ်ဆေးမခံဘဲ လမ်းကြောင်းပြောင်း၍ မောင်းပြေးသွားခဲ့ကြောင်း ဆိုသည်။ ရဲတပ်ဖွဲ့က နောက်ကလိုက်လံဖမ်းဆီးစဉ် ကားသည် လမ်းမကြီးပေါ် လမ်းကြောင်းပြောင်း မောင်းပြေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ စစ်ဆေးရေးဂိတ်နှင့် ကီလိုမီတာ ၂၀ ခန့်အကွာတွင် ကားသည် လမ်းချော်၍ တိမ်းမှောက်သွားကြောင်း ဆိုသည်။ ကားထဲတွင် အသက် ၂၈ နှစ်အရွယ် ထိုင်းကားသမားနှင့်အတူ မြန်မာနိုင်ငံသား ၁၂ ဦးလိုက်ပါလာပြီး မြန်မာအားလုံးတွင် နေထိုင်ခွင့် […]

ထိုင်းတွင် ငါးဖမ်းလှေပေါ် မြန်မာအချင်းချင်း ဓားထိုးမှုဖြစ်ပြီး တစ်ဦးပြင်းထန်ဒဏ်ရာရ

Dawei Watch

March 21, 2026

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင် ပင်လယ်ပြင်ရှိ ငါးဖမ်းလှေပေါ်တွင် မြန်မာအချင်းချင်း ဓားထိုးမှုကြောင့် တစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မတ်လ ၁၉ ရက် ညနေ ၃ နာရီခွဲခန့်က ချွန်ဖော်မြို့ ကမ်းလွန်ပင်လယ်ပြင်ရှိ ငါးဖမ်းလှေပေါ်တွင် ရန်ဖြစ်၍ ဓားထိုးမှုဖြစ်ခဲ့ခြင်းဖြစ်သည်။ လှေပေါ်တွင် ထိုင်းနိုင်ငံသား ငါးဦးနှင့် မြန်မာနိုင်ငံသား ၂၂ ဦး လိုက်ပါလာခဲ့ပြီး အသက် ၄၈ နှစ်အရွယ် ကိုကျော်သိန်းနှင့် အသက် ၃၄ နှစ်အရွယ် ကိုကျော်မျိုးအောင် စကားများ ရန်ဖြစ်ကြကြောင်း ဖော်ပြသည်။ စကားများ ရန်ဖြစ်ရသည့် အကြောင်းအရင်းကိုမူ ဖော်ပြထားခြင်း မရှိသဖြင့် မသိရပေ။ ဓားထိုးမှုကြောင့် ကိုကျော်သိန်းတွင် ဝမ်းဗိုက်၌ သုံးချက်၊ နောက်ကျောတွင် တစ်ချက်၊ လက်နှစ်ဖက်တွင် လေးချက်နှင့် ညာဘက်ရင်ဘတ်တွင် […]

နွန်ထဘူရီတွင် စျေးရောင်းသည့် မြန်မာဇနီးမောင်နှံနှစ်ဦး ဖမ်းဆီးခံရ

Dawei Watch

March 20, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး နွန်ထဘူရီခရိုင်ရှိ မြန်မာဈေးဆိုင်ကို အာဏာပိုင်များက ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့ပြီး ဈေးရောင်းနေသော မြန်မာဇနီးမောင်နှံနှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မတ်လ ၁၉ ရက် ညနေ ၅ နာရီခန့်က နွန်ထဘူရီခရိုင် ဘန်းယိုင်ဒေသရှိ တိုက်ခန်းတွဲတွင် မြန်မာနိုင်ငံသားများ ဈေးဆိုင် ဖွင့်လှစ်ရောင်းချနေကြောင်း သတင်းရရှိသဖြင့် ဘန်းယိုင်အုပ်ချုပ်ရေးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း ဆိုသည်။ ဆိုင်ထဲတွင် အသက် ၄၀ ကျော်အရွယ် မြန်မာနိုင်ငံသား ဇနီးမောင်နှံနှစ်ဦး ဆိုင်ဖွင့်ရောင်းချနေသည်ကို စစ်ဆေး တွေ့ရှိခဲ့ ကြောင်း သတင်းတွင် ဖော်ပြသည်။ ဆိုင်ထဲတွင် မြန်မာနိုင်ငံက တိုက်ရိုက်တင်သွင်းထားသော မြန်မာစားစရာ၊ ဆန်၊ ဘီယာအရက်နှင့် ကုန်ပစ္စည်းများကိုလည်း တွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။ မြန်မာဆိုင်ကို ထိုင်းနိုင်ငံသားတစ်ဦးက ဖွင့်လှစ်ထားခြင်းဖြစ်ပြီး မြန်မာဇနီးမောင်နှံနှစ်ဦးက တစ်ရက် ၃၅၀ ဘတ်ဖြင့် […]

အယုဒ္ဓယတွင် ဆိုင်ဖွင့်ထားသည့် မြန်မာတစ်ဦးဖမ်းဆီးခံရ

Dawei Watch

March 19, 2026

ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယခရိုင်တွင် မြန်မာကုန်စုံဆိုင်နှင့် စားသောက်ဆိုင်ကို ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးပြီး ဆိုင်ဖွင့်ရောင်းချနေသော မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မတ်လ ၁၈ ရက်က အယုဒ္ဓယခရိုင် ဝမ်နွိုင်ဒေသ ဝမ်ကျူလာနေရာရှိ အလုပ်သမားတိုက်ခန်းတွဲတွင် မြန်မာကုန်စုံဆိုင်နှင့် ထမင်းဆိုင်အား တွဲလျက်ဖွင့်ထားသည့် ဆိုင်ကို လဝကရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်သည်။ ကိုယ်တိုင် ဆိုင်ဖွင့်လှစ်ရောင်းချနေသည့် အသက် ၃၃ နှစ်အရွယ် ကိုအောင်ကိုနိုင် စစ်ဆေးတွေ့ရှိခဲ့ပြီး ငွေလက်ခံကောင်တာတွင်လည်း ၎င်းကိုယ်တိုင် လုပ်ကိုင်နေသည်ကို တွေ့ရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများသည် ကိုယ်တိုင် ဈေးဆိုင်ဖွင့်၍ ရောင်းချခွင့် မရှိသလို အလုပ်သမားအနေဖြင့်လည်း ဆိုင်ရှေ့ ဈေးရောင်းချ၍ ငွေလက်ခံပိုင်ခွင့်မရှိပေ။ အကယ်၍ အလုပ်ရှင်ထံတွင် ဆိုင်ရှေ့ဈေးရောင်းလိုပါက “ခိုင်ခွန်နာ့လန်း” ဟုခေါ်သည့် ဆိုင်ရှေ့ဈေးရောင်းချခွင့်ကတ်ပြားကို အလုပ်သမားရုံးတွင် လျှောက်ထားပြီး […]