ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

မယ်ဆိုင်တွင် မိန်းကလေးတစ်ဦးကို အဓမ္မကျင့်သတ်ဖြတ်မှုဖြင့် မြန်မာတစ်ဦးဖမ်းဆီးခံရ

Dawei Watch

March 31, 2026

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့တွင် ဆယ်ကျော်သက် မိန်းကလေးတစ်ဦးကို အဓမ္မကျင့် သတ်ဖြတ်မှုဖြင့် မြန်မာအမျိုးသားတစ်ဦးကို ဖမ်းဆီးထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မတ်လ ၂၈ ရက်က မယ်ဆိုင်မြို့ ဆန်းဆိုင်မွန်ဒေသရှိ လမ်းပေါ်တွင် အသက် ၁၇ နှစ်အရွယ် မယ်ဆိုင်ဒေသခံ မိန်းကလေးတစ်ဦး၏ ရုပ်အလောင်းကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့သည်။ လည်ပင်းတွင် ပြတ်ရှဒဏ်ရာ သုံးချက်ကို တွေ့ရပြီး အလောင်းအနီးတွင် သေဆုံးသူ၏ သူငယ်ချင်းဖြစ်သူ မှတ်ပုံတင်ကိုလည်း တွေ့ရကြောင်း ဖော်ပြသည်။ သေဆုံးသူ မိန်းကလေးအပါအဝင် သူငယ်ချင်းဖြစ်သူသုံးဦးသည် မတ်လ ၂၇ ရက် ည ၁၀ နာရီခန့်က မြန်မာအမျိုးသားတစ်ဦးနှင့် ဆီဆိုင်တွင် သွားရောက်တွေ့ဆုံခဲ့ကြောင်း နီးစပ်သူများ၏ ဖြေကြားချက်ကို ဖော်ပြသည်။ သူငယ်ချင်းဖြစ်သူတို့ နှစ်ဦးသည် နေရာတစ်ခုတွင် ကျန်ရစ်ခဲ့ပြီး သေဆုံးသူ မိန်းကလေးနှင့် […]

မြန်မာအမျိုးသမီးများကို လိင်ကုန်ကူးသည့် မြန်မာနှစ်ဦး ကန်ချနဘူရီတွင် ဖမ်းမိ

Dawei Watch

March 30, 2026

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသတွင် လိင်ကုန်ကူးနေသည်ဟုဆိုကာ မြန်မာနိုင်ငံသား နှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မြန်မာမိန်းကလေးငယ်များကို နယ်စပ်ဖြတ်ကျော်ခေါ်လာပြီး စန်ခရာဘူရီ နွန်းလူရွာတွင် လိင်အလုပ်သမအဖြစ် စေခိုင်းနေသည်ကို ရဲတပ်ဖွဲ့က သတင်းရရှိခဲ့ကြောင်း၊ မတ်လ ၂၇ ရက်နေ့တွင် ရဲတပ်ဖွဲ့က အသွင်ယူ၍ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သတင်းများအရ သိရသည်။ မြန်မာမိန်းကလေးကို ချိတ်ဆက်၍ ဝန်ဆောင်မှုရယူလိုပါက Line အကောင့်မှတစ်ဆင့် ဆက်သွယ်ရခြင်းဖြစ်ကြောင်း သိရသည်။ ရဲတပ်ဖွဲ့ဝင်များက အရပ်သားအသွင်ယူ၍ တစ်ဦးလျှင် ဘတ် ၈၀၀ နှုန်းဖြင့် အမျိုးသမီးနှစ်ဦးကို ခေါ်ယူရန် Line မှတစ်ဆင့် ချိတ်ဆက်ခဲ့ကြောင်း၊ မတ်လ ၂၇ ရက်နေ့ ည ၈ နာရီခွဲတွင် တည်းခိုခန်းတစ်ခု၌ တွေဆုံကြရန် ချိန်းဆိုခဲ့ကြကြောင်း သတင်းတွင်ပါရှိသည်။ သတ်မှတ်ထားသောအချိန်တွင် အသက် […]

ဖူးခက်တွင် ဘတ် ၃ သန်းကျော်တန်ဖိုးရှိ ပစ္စည်းများ ခိုးယူမှုဖြင့် မြန်မာ ၁ ဦး ဖမ်းဆီးခံရ

Dawei Watch

March 27, 2026

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့ရှိ အိမ်ရာထဲတွင် တန်ဖိုးကြီး နာရီအပါအဝင် ဘတ် ၃ သန်းကျော်တန်ဖိုးရှိ ပစ္စည်းများကို ခိုးယူမှုဖြင့် မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နိုင်ငံခြားသားသည် ပြည်ပခရီးစဉ်မှ ပြန်လာစဉ် ဖူးခက်မြို့ ချလောင်ဒေသရှိ ငှားထားသော အိမ်ထဲတွင် ငွေသားနှင့် တန်ဖိုးကြီးပစ္စည်းများစွာ ပျောက်ဆုံးနေသဖြင့် ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။ ခိုးယူခံရသည့် ပစ္စည်းများမှာ ဘတ် ၂၇ သိန်းတန်ဖိုးရှိ Rolex နာရီ ၃ လုံး၊ ဘတ် ၁ သိန်းနီးပါးတန်ဖိုးရှိ ငွေသားများ၊ iPhone နှင့် ဖုန်းပစ္စည်းများ၊ Play Station ဂိမ်းစက်နှင့် အခြားပစ္စည်းများဖြစ်ကာ အားလုံးစုစုပေါင်း ဘတ် ၃ သန်းကျော် တန်ဖိုးရှိကြောင်း သတင်းအရ သိရသည်။ ရဲတပ်ဖွဲ့က CCTV […]

တစ်လကျော်ကြာ ပိတ်ထားသည့် မြိတ်-ထားဝယ်ကားလမ်း ပြန်ဖွင့်ဟုဆို

Dawei Watch

March 27, 2026

တစ်လကျော်ကြာ ပိတ်ထားသည့် မြိတ်-ထားဝယ်ကားလမ်း ယနေ့ ပြန်လည်သွားလာခွင့်ရကြောင်း ဒေသခံအချို့နှင့် ကားသမားအချို့က ပြောသည်။ KNLA နှင့် ပူးပေါင်းတပ်တော်လှန်ရေးတပ်များက မြိတ်-ထားဝယ်ကားလမ်းရှိ ဝင်းဝစခန်းသိမ်းတိုက်ပွဲဆင်နွှဲရန် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်မှ မတ်လ ၂၆ ရက်အထိ ၄၇ရက်ကြာ ပိတ်ထားခဲ့ခြင်းဖြစ်သည်။ “ကားလမ်းဖွင့်ပြီလို့ ပြောတယ်။ ထားဝယ်ဘက်က ဆင်းလာတဲ့ကားတွေ ပုလော၊ ပလောက်ဘက်ကို ရောက်နေပြီလို့ ပြောတယ်။ မြိတ်ဘက်က တက်တဲ့ကားတွေလည်း ထားဝယ်ကိုရောက်ကုန်ပြီလို့ပြောတယ်။ မနက်ဖြန်လောက်ဆိုရင်တော့ သေသေချာချာသိရမယ်” ဟု မြိတ်-ထားဝယ် ကားလမ်းအသုံးပြုနေသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ မြိတ်-ထားဝယ် ပြေးဆွဲသည့် မှန်လုံကား ပိုင်ရှင်တစ်ဦးကမူ ကားလမ်းဖွင့်ပြီဟု ပြောဆိုနေသော်လည်း မသွားလာရဲသေးသဖြင့် အခြေအနေကို စောင့်ကြည့်နေဆဲဖြစ်ကြောင်း ပြောဆိုသည်။ မြိတ်-ထားဝယ် ကားလက်မှတ်ရောင်းနေသူ အမျိုးသမီးတစ်ဦးကမူ ကားလမ်းအခြေအနေကို စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း […]

ထိုင်းတွင် မြန်မာလုပ်သားထောင်ချီ ဥပဒေမဲ့ အလုပ်ဖြုတ်ခံနေရ

Dawei Watch

March 27, 2026

ထိုင်းရောက် မြန်မာအလုပ်သမားမှာ သတ်မှတ်ထားသော ဥပဒေများအတိုင်း ခံစားခွင့် မရရှိဘဲ ရုတ်တရက် အလုပ်ဖြုတ်ခံရမှုများ ဆက်တိုက်ဖြစ်လာနေသည်။

ပုလော မီးလောင်ချောင်းရွာတွင် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက်ဆုံးရှုံး

Dawei Watch

March 27, 2026

ပုလောမြို့နယ်၊ ကြဲကျေးရွာအုပ်စု၊ မီးလောင်ချောင်းရွာတွင် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက်ဆုံးရှုံးသွားကြောင်း ဒေသခံများနှင့် ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။ မိုင်းနင်းမိသူသည် အသက် ၂၁ အရွယ် ကိုအောင်စိုး ဆိုသူဖြစ်ပြီး ကျေးရွာ၏ အနောက်ဘက် ဥယျာဉ်ခြံအတွင်း၌ မတ်လ ၂၄ ရက် နေ့လယ်ပိုင်းက ဟင်းရွက်ခူးနေစဉ် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ မိုင်းနင်းမိသဖြင့် ကိုအောင်စိုး၏ ဘယ်ဘက်ခြေချင်းဝတ်အောက်ဘက် ပြတ်ထွက်သွားကြောင်း မှတ်တမ်းဓာတ်ပုံတစ်ခုတွင် တွေ့ရသည်။ မိုင်းနင်းမိပြီးနောက် မြိတ်မြို့ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရပြီး ပြတ်ထွက်နေသည့် ခြေထောက်အား ဖြတ်တောက်ကာ ဆေးကုသမှုခံယူနေရဆဲဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောပြသည်။ ၂၀၂၄ ခုနှစ်က မီးလောင်ချောင်းရွာရှိ စစ်အာဏာရှင်တပ်စခန်း သိမ်းပိုက်မီးရှို့ခဲ့သော်လည်း နောက်ပိုင်းတွင် ယင်းကျေးရွာ၌ စစ်အာဏာရှင်တပ်က ပြန်နေရာယူထားပြီး ရွာသားအချို့သာ ကျေးရွာ၌ နေထိုင်ကြောင်း တော်လှန်ရေးအင်အားစုများထံမှ […]

စစ်ကော်မရှင်က ထားဝယ်တွင် သင်္ကြန်မဏ္ဍပ်များ စဆောက်နေပြီး ယခင်ထက် ပိုများမည်ဟုဆို

Dawei Watch

March 27, 2026

တနင်္သာရီတိုင်း၏မြို့တော် ထားဝယ်တွင် စစ်ကော်မရှင်က သင်္ကြန်မဏ္ဍပ်များစဆောက်နေပြီဖြစ်ပြီး ယခင်နှစ်များထက် မဏ္ဍပ်အရေအတွက် တိုးချဲ့ဆောက်လုပ်ရန် စီစဉ်နေကြောင်း တိုင်းစစ်ကော်မရှင်နှင့် နီးစပ်သူများထံမှ သိရသည်။ မြို့တော်ခန်းမအနီးရှိ ယခင် ဗဟိုမဏ္ဍပ်နေရာ၌ မဏ္ဍပ်စတင်ဆောက်လုပ်နေသည်ကို မြင်ရပြီး ကျန်နေရာများတွင် ဆောက်လုပ်နေသည်ကို မတွေ့ရသေးကြောင်း ထားဝယ်မြို့ခံတစ်ဦး မတ်လ ၂၆ ရက်က ပြောသည်။ မဏ္ဍပ်ဆောက်လုပ်နေသည့် ဧရိယာဝန်းကျင်၌ စစ်အာဏာရှင်တပ်သားများ လုံခြုံရေးယူပေးထားကြောင်း မျက်မြင်တွေ့ရသည့် အထက်ပါမြို့ခံက ပြောဆိုသည်။ ကိုဗစ်ကပ်ရောဂါကာလနှင့် အာဏာသိမ်းမှုကြောင့် ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်တွင် သင်္ကြန်မကျင်းပဘဲ ၂ နှစ်ရပ်နားပြီးနောက် ထားဝယ်တွင် စစ်ကောင်စီက ၂၀၂၂ ခုနှစ်မှစ၍ သင်္ကြန်မဏ္ဍပ်များ ပြင်ဆင်၍ ပြန်လည်ကျင်းပခဲ့ရာ နှစ်စဉ် မဏ္ဍပ်သုံးခုဆောက်ခဲ့သည်။ ယင်းမဏ္ဍပ်သုံးခုမှာ ဗဟိုမဏ္ဍပ်၊ ဆောက်လုပ်ရေးမဏ္ဍပ်နှင့် ရွှေဝယ်သီရိကစားကွင်း မဏ္ဍပ်တို့ဖြစ်ကြသည်။ ယမန်နှစ် […]

ရမ်းဖိုရွာတွင် ဂိတ်ချနေသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်

Dawei Watch

March 26, 2026

တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာ ပြည်ထောင်စုလမ်းမကြီးတွင် ဂိတ်ချစစ်ဆေးနေသည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ မတ်လ ၂၅ ရက် ညနေ ၅ နာရီ ၅၀ မိနစ်တွင် ရမ်းဖိုရွာ၊ ဆီအုန်းကုန်း ပြည်ထောင်စုလမ်းမကြီး၌ ဂိတ်ချထားသည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “ဝင်ရောက်တိုက်ခိုက်တော့ (စစ်အာဏာရှင်တပ်) ဘက်က သုံးယောက် လမ်းမပေါ်မှာတင် လဲကျသွားတယ်” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။ စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ မိနစ် ၃၀ ခန့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဇဝဲကျေးရွာအခြေစိုက် ခမရ (၅၅၆) တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ ရမ်းဖိုရွာတွင် စစ်အာဏာရှင်တပ်သားများသည် ဂိတ်နှစ်ဂိတ်ချထားခြင်းဖြစ်ပြီး ရွာထဲတွင် […]