ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

ထိုင်းတွင် ပထွေးဖြစ်သူ ဓားဖြင့်ထိုးသဖြင့် မြန်မာတစ်ဦးသေဆုံး

Dawei Watch

April 27, 2026

ထိုင်းနိုင်ငံ အန်ထောင်းခရိုင်တွင် မြန်မာနိုင်ငံသားအချင်းချင်း ဓားထိုးမှုကြောင့် တစ်ဦးသေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဧပြီလ ၂၇ ရက် နံနက် ၂ နာရီခန့်တွင် အန်ထောင်းမြို့ စလာဒင်းဒေသတွင် ပထွေးဖြစ်သူနှင့် ဇနီးသည်ဘက်က ပါသည့် သားဖြစ်သူတို့ အချင်းချင်း စကားများ ရန်ဖြစ်ခဲ့ပြီးနောက် ဓားထိုးမှုဖြစ်သည်။ ဓားထိုးခံရမှုကြောင့် အသက် ၂၂ နှစ်အရွယ် မြန်မာနိုင်ငံသား၏ ဗိုက်တွင် ဒဏ်ရာအပြင်းအထန်ရရှိထားသဖြင့် အန်ထောင်းဆေးရုံကြီးသို့ မိခင်ဖြစ်သူက အရေးပေါ်ပို့ဆောင်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးခဲ့ကြောင်း ဖော်ပြသည်။ ပထွေးဖြစ်သူမှာ ဓားထိုးမှုဖြစ်ပြီးနောက် ဆိုင်ကယ်စီး၍ ထွက်ပြေးသွားခဲ့ကြောင်း ဖော်ပြသည်။ ဓားကို အမှိုက်ပုံးအနီးတွင် ပစ်သွားခဲ့သဖြင့် ရဲတပ်ဖွဲ့က သက်သေအနေဖြင့် သိမ်းဆည်းခဲ့ကြောင်း ဆိုသည်။ လက်ရှိတွင် ထွက်ပြေးနေသော သံသယရှိသူကို ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့က ရှာဖွေနေဆဲဖြစ်ကြောင်း […]

မြန်မာများကို ထိုင်းသို့မှောင်ခိုပို့နေသော မြန်မာပွဲစားခေါင်းဆောင်တစ်ဦး ချင်းမိုင်တွင် ဖမ်းဆီးခံရ

Dawei Watch

April 27, 2026

မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံသို့ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ပို့ဆောင်နေသော မြန်မာပွဲစားခေါင်းဆောင် တစ်ဦးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) က ထုတ်ပြန်သည်။ ဧပြီလ ၂၅ ရက်က ချင်းမိုင်မြို့ ဆာရာဖီဒေသ အခန်းထဲတွင် အသက် ၃၆ နှစ်အရွယ် မြန်မာပွဲစားကို ထိုင်းရဲတပ်ဖွဲ့က ဝရမ်းအရ ဝင်ရောက်ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသော မြန်မာပွဲစားသည် ပြီးခဲ့သော မတ်လ ၉ ရက်ကတည်းက အထောက်အထားမဲ့ နိုင်ငံခြားသားများကို တရားမဝင် ပို့ဆောင်မှု၊ နေရာထိုင်ခင်း ကူညီပေးမှုဖြင့် ဖိချစ်တရားရုံးက ဝရမ်းထုတ်ထားခဲ့သည်။ ပြီးခဲ့သော ဖေဖော်ဝါရီလ ၁၆ ရက်က ဖိချစ်ခရိုင်တွင် မြန်မာအလုပ်သမား ၂၅ ဦးနှင့်အတူ ပွဲစားသုံးဦးကို တရားမဝင် ဝင်ရောက်လာမှုဖြင့် ဖမ်းဆီးခဲ့စဉ် ကွင်းဆက်ကို ရဲတပ်ဖွဲ့က […]

ထိုင်းသို့ တရားမဝင် ဝင်လာသော မြန်မာ ၆၀ ကျော် အိမ်ထဲတွင် ပုန်းနေစဉ် ဖမ်းဆီးခံရ

Dawei Watch

April 24, 2026

ထိုင်းနိုင်ငံ ဖယောင်းခရိုင်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၆၀ ကျော်ကို ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဖယောင်းမြို့ မဲတန်ဒေသက အိမ်တစ်ဆောင်ထဲတွင် မြန်မာနိုင်ငံသားများရှိနေကြောင်း သတင်းရရှိသဖြင့် အာဏာပိုင်များက ဧပြီလ ၂၃ ရက် ညနေပိုင်းတွင် ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။ အိမ်ထဲတွင် မြန်မာနိုင်ငံသား အမျိုးသား ၃၃ ဦး၊ အမျိုးသမီး ၃၀ ဦးကို စုစုပေါင်း ၆၃ ဦးကို တွေ့ရပြီး ၎င်းတို့အနက် ကလေးငယ် ၃ ဦး ပါဝင်ကြောင်း ဖော်ပြသည်။ ဖမ်းဆီးခံရသူအများစုသည် ပအိုဝ်း၊ ရှမ်း၊ ကရင် စသော တိုင်းရင်းသားလူမျိုးအများစုဖြစ်ကြောင်း ဖော်ပြသည်။ မြန်မာနိုင်ငံသားများကို စစ်ဆေးရာ အချို့တွင် နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်များသာတွေ့ရပြီး နေထိုင်ခွင့် စာရွက်စာတမ်းများကို […]

မြန်မာလုပ်သားများထံမှ ဘတ်သုံးသန်းကျော်နှင့် ပတ်စ်ပို့များကို ပွဲစားဇနီးမောင်နှံ လိမ်လည်ယူဆောင်ထွက်ပြေး

Dawei Watch

April 24, 2026

ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်၊ ကော့စမွေကျွန်းတွင် အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းတိုးရန် မြန်မာ အလုပ်သမားများ ပေးချေထားသော ဘတ်သုံးသန်းကျော်နှင့်အတူ နိုင်ငံကူးလက်မှတ်များကို မြန်မာပွဲစား ဇနီးမောင်နှံက လိမ်လည်ယူဆောင်ပြီး ထွက်ပြေးသွားကြောင်း မြန်မာအလုပ်သမားများက ပြောသည်။ မြန်မာအလုပ်သမားများသည် အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) နှင့် ဗီဇာသက်တမ်းတိုးရန် တစ်ဦးလျှင် ၁၁၅၀၀ ဘတ်စီ ပေးချေ၍ ကိုခိုင်မျိုးကျော်နှင့် မစန်းစန်းလွင်အမည်ရှိ မြန်မာပွဲစား ဇနီးမောင်နှံထံတွင် ပြီးခဲ့သောနှစ် နှစ်လယ်ပိုင်းက အလုပ်အပ်နှံခဲ့ကြကြောင်း ၎င်းတို့က ဆိုသည်။ ယခုနှစ် ဖေဖော်ဝါရီလအထိ အလုပ်လုပ်ခွင့် လက်မှတ်များကို သက်တမ်းတိုးပေးခြင်း မရှိသလို နိုင်ငံကူးလက်မှတ်စာအုပ်များကိုလည်း ပြန်မပေးခဲ့ကြောင်း အလုပ်သမားများက ပြောဆိုသည်။ နောက်ပိုင်းတွင် မြန်မာအလုပ်သမားများသည် ပွဲစားဇနီးမောင်နှံနှင့် လုံးဝ အဆက်အသွယ်မရတော့ဘဲ ပြီးခဲ့သောလက ထွက်ပြေးတိမ်းရှောင်သွားသည်ဟု ယူဆရကြောင်း မြန်မာအလုပ်သမားများက ပြောသည်။ […]

ထိုင်းတွင် မြန်မာအမျိုးသမီးတစ်ဦး ဘတ် ၁၂ သန်း ထီပေါက်

Dawei Watch

April 22, 2026

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အလုပ်လုပ်ကိုင်နေသော မြန်မာအမျိုးသမီးသည် ဧပြီလ ၁၆ရက်က ဖွင့်လှစ်ခဲ့သော ထိုင်းထီ အမြင့်ဆုံးဆုတွင် နှစ်စောင်တွဲကံထူးခဲ့သဖြင့် ဘတ် ၁၂သန်း ထီပေါက်ကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ မြန်မာအမျိုးသမီးသည် ထိုင်းထီ ပထမဆု ၃၀၉၆၁၂ တွင် ခြောက်လုံးတိုက် ပထမဆုကို နှစ်စောင်တွဲ ကံထူးခဲ့သဖြင့် ဘတ် ၁၂ သန်း ထီပေါက်ခဲ့ခြင်းဖြစ်သည်။ ထီပေါက်သော မြန်မာအမျိုးသမီးသည် ဆုငွေထုတ်ယူပေးရန် အကူအညီတောင်းခံခဲ့သဖြင့် ဧပြီလ ၂၀ ရက်တွင် ဆုငွေထုတ်ယူပေးခဲ့ပြီး ထီပေါက်သူလက်ဝယ် ပေးအပ်ပြီးဖြစ်ကြောင်း MHAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ပြောသည်။ ထီပေါက်သော မြန်မာအမျိုးသမီးသည် မွန်ပြည်နယ်ဇာတိဖြစ်ပြီး ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည်မှာ ၁၃ နှစ်ကျော် ရှိပြီဖြစ်ကြောင်း ဆိုသည်။ လက်ရှိတွင် အထက်ပါ MHAC […]

ထိုင်းတွင် ကားမှောက်ပြီး မြန်မာအလုပ်သမားတစ်ဦး သေဆုံး

Dawei Watch

April 21, 2026

ထိုင်းနိုင်ငံ၊ မဟာစာရာခမ်းခရိုင်တွင် ဆိုလာပြားတပ်ဆင်ရန်သွားနေသော ပစ်ကပ်ကားတစ်စီး တိမ်းမှောက်မှုဖြစ်ခဲ့ပြီး ကားပေါ်ပါ မြန်မာအလုပ်သမားတစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဧပြီလ ၂၀ ရက်နေ့က မဟာစာရာခမ်းမြို့ ကန်းလိမ်းကျန်းဒေသ အဝေးပြေးလမ်းမကြီးပေါ်တွင် ပစ်ကပ်ကားသည် အရှိန်မထိန်းနိုင်တော့ဘဲ လမ်းလယ်မြောင်းထဲ ထိုးဆင်းခဲ့ပြီး ဓါတ်မီးတိုင်ကို ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။ ကားအရှေ့ပိုင်းမှာ လုံးဝ ပျက်စီးနေကြောင်း တွေ့ရပြီး ကားတိုက်မှုကြောင့် အသက် ၃၃ နှစ်အရွယ် မြန်မာအလုပ်သမားမှာ နေရာတွင်ပင် သေဆုံးနေကြောင်း သတင်းတွင် ဖော်ပြသည်။ နောက်ထပ် ထိုင်းနိုင်ငံသား ၃ ဦးနှင့် မြန်မာအလုပ်သမား ၁ ဦးတို့သည် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သဖြင့် ရှေးဦး ကုသပေးခဲ့ပြီး နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ပစ်ကပ်ကားသည် ရာဂျာဘတ်တက္ကသိုလ်ထဲတွင် ဆိုလာပြား တပ်ဆင်ရန် ဘန်ကောက်မှ […]

ထိုင်းဆုန်ကရန် အားလပ်ရက်တွင် မြန်မာလုပ်သားခြောက်ရာကျော် ရုတ်တရက် အလုပ်ရပ်နားခံရ

Dawei Watch

April 17, 2026

ထိုင်းနိုင်ငံ ပါကျင်ဘူရီခရိုင် အဲယားကွန်းစက်ရုံတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမား ခြောက်ရာကျော်သည် ဆုန်ကရန်အားလပ်ရက်တွင် ရုတ်တရက် ရပ်နားခံလိုက်ရကြောင်း ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ ပါကျင်ဘူရီခရိုင် ကဘင်ဘူရီဒေသရှိ အဲယားကွန်းထုတ်လုပ်သော စက်ရုံက မြန်မာအလုပ်သမား ၆၂၂ ဦးကို ဧပြီလ ၁၆ ရက်မှစ၍ အလုပ်လာရန် မလိုတော့ဟု စက်ရုံဘက်က အကြောင်းကြားခဲ့ကြောင်း ဆိုသည်။ အလုပ်သမားများကလည်း အလုပ်ထုတ်ခံရခြင်း သို့မဟုတ် ယာယီရပ်နားခံရခြင်း ဟုတ်မဟုတ် သိရှိနိုင်ရန် စက်ရုံရှေ့သို့ စုပေါင်း၍ သွားရောက်မေးမြန်းခဲ့သော်လည်း အဖြေမရခဲ့သဖြင့် ကူညီဆောင်ရွက်ပေးရန် WAG အဖွဲ့ထံ လာရောက်တိုင်ကြားကြောင်း WAG ၏ တာဝန်ခံ ကိုမုန်တိုင်းက ပြောသည်။ “အလုပ်သမားတွေက အလုပ်ထုတ်ခံရတာ သေချာသွားပြီပေါ့နော်။ စက်ရုံပိုင်ရှင်က တရုတ်သူဌေး။ စက်ရုံမှာ မရှိသေးတော့ ညှိနှိုင်းလို့ […]

မဲဆောက်တွင် ကျားသစ်နက် မှောင်ခိုသယ်ယူမှုဖြင့် မြန်မာနှစ်ဦးဖမ်းဆီးခံရ

Dawei Watch

April 10, 2026

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ကျားသစ်နက်ကို မှောင်ခိုသယ်ယူခဲ့မှုဖြင့် မြန်မာနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဧပြီလ ၈ ရက်က မဲဆောက်မြို့ ဈေးဝယ်စင်တာတစ်ခု၏ ကားပါကင်တွင် မြန်မာနိုင်ငံသားနှစ်ဦးကို ရဲတပ်ဖွဲ့က ကြိုတင်စောင့်ဆိုင်း၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ကျားသစ်နက်သည် မျိုးသုန်းလုနီးပါး ကမ္ဘာ့ရှားပါး ကျားသစ်မျိုးနွယ်ဖြစ်ပြီး ယခု သယ်ဆောင်လာသည့် ကျားသစ်နက်မှာ ၇ လသားအရွယ်ဖြစ်ကြောင်း ဖော်ပြသည်။ ဧပြီလ ၆ ရက်နေ့က ဘန်ကောက်မြို့ရှိ ပုဂ္ဂလိကစာပို့လုပ်ငန်းတစ်ခုတွင် ကျားသစ်နက်ကို ကြောင်ဟု စာရင်းသွင်းပြီး မဲဆောက်မြို့သို့ ပို့ဆောင်ခဲ့သည်ဟု ရဲတပ်ဖွဲ့က သတင်းရရှိခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့ကလည်း စာတိုက်မှတဆင့် လက်ခံမည့်သူ၏ အချက်အလက်များကို ရယူထားခဲ့ကြောင်း‌ ဖော်ပြသည်။ ဧပြီလ ၈ ရက်တွင် သံသယရှိသူသည် ကားဖြင့် ပစ္စည်းလာယူစဉ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကားနှင့် […]