ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းတွင် ကားမှောက်ပြီး မြန်မာအလုပ်သမားတစ်ဦး သေဆုံး

April 21, 2026

ထိုင်းနိုင်ငံ၊ မဟာစာရာခမ်းခရိုင်တွင် ဆိုလာပြားတပ်ဆင်ရန်သွားနေသော ပစ်ကပ်ကားတစ်စီး တိမ်းမှောက်မှုဖြစ်ခဲ့ပြီး ကားပေါ်ပါ မြန်မာအလုပ်သမားတစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဧပြီလ ၂၀ ရက်နေ့က မဟာစာရာခမ်းမြို့ ကန်းလိမ်းကျန်းဒေသ အဝေးပြေးလမ်းမကြီးပေါ်တွင် ပစ်ကပ်ကားသည် အရှိန်မထိန်းနိုင်တော့ဘဲ လမ်းလယ်မြောင်းထဲ ထိုးဆင်းခဲ့ပြီး ဓါတ်မီးတိုင်ကို ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။

ကားအရှေ့ပိုင်းမှာ လုံးဝ ပျက်စီးနေကြောင်း တွေ့ရပြီး ကားတိုက်မှုကြောင့် အသက် ၃၃ နှစ်အရွယ် မြန်မာအလုပ်သမားမှာ နေရာတွင်ပင် သေဆုံးနေကြောင်း သတင်းတွင် ဖော်ပြသည်။

နောက်ထပ် ထိုင်းနိုင်ငံသား ၃ ဦးနှင့် မြန်မာအလုပ်သမား ၁ ဦးတို့သည် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သဖြင့် ရှေးဦး ကုသပေးခဲ့ပြီး နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပစ်ကပ်ကားသည် ရာဂျာဘတ်တက္ကသိုလ်ထဲတွင် ဆိုလာပြား တပ်ဆင်ရန် ဘန်ကောက်မှ မောင်းလာခြင်းဖြစ်ပြီး လမ်းတွင် ကားမှောက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ကားမှောက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က အသေးစိတ် စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

Ref: FM 91, မဟာစာရာခမ်းလူမှုကယ်ဆယ်ရေးအဖွဲ့