ထိုင်းနိုင်ငံ အန်ထောင်းခရိုင်တွင် မြန်မာနိုင်ငံသားအချင်းချင်း ဓားထိုးမှုကြောင့် တစ်ဦးသေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ယနေ့ ဧပြီလ ၂၇ ရက် နံနက် ၂ နာရီခန့်တွင် အန်ထောင်းမြို့ စလာဒင်းဒေသတွင် ပထွေးဖြစ်သူနှင့် ဇနီးသည်ဘက်က ပါသည့် သားဖြစ်သူတို့ အချင်းချင်း စကားများ ရန်ဖြစ်ခဲ့ပြီးနောက် ဓားထိုးမှုဖြစ်သည်။
ဓားထိုးခံရမှုကြောင့် အသက် ၂၂ နှစ်အရွယ် မြန်မာနိုင်ငံသား၏ ဗိုက်တွင် ဒဏ်ရာအပြင်းအထန်ရရှိထားသဖြင့် အန်ထောင်းဆေးရုံကြီးသို့ မိခင်ဖြစ်သူက အရေးပေါ်ပို့ဆောင်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးခဲ့ကြောင်း ဖော်ပြသည်။
ပထွေးဖြစ်သူမှာ ဓားထိုးမှုဖြစ်ပြီးနောက် ဆိုင်ကယ်စီး၍ ထွက်ပြေးသွားခဲ့ကြောင်း ဖော်ပြသည်။
ဓားကို အမှိုက်ပုံးအနီးတွင် ပစ်သွားခဲ့သဖြင့် ရဲတပ်ဖွဲ့က သက်သေအနေဖြင့် သိမ်းဆည်းခဲ့ကြောင်း ဆိုသည်။
လက်ရှိတွင် ထွက်ပြေးနေသော သံသယရှိသူကို ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့က ရှာဖွေနေဆဲဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။
မည့်သည့်အကြောင်းအရင်းကြောင့် ရန်ဖြစ်သည်ကိုမူ သတင်းများတွင် ဖော်ပြထားခြင်း မရှိပေ။
Ref: Ang Thong News, Ang Thong Post







