ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းတွင် မြန်မာအမျိုးသမီးတစ်ဦး ဘတ် ၁၂ သန်း ထီပေါက်

April 22, 2026

ဓာတ်ပုံ – MHAC

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အလုပ်လုပ်ကိုင်နေသော မြန်မာအမျိုးသမီးသည် ဧပြီလ ၁၆ရက်က ဖွင့်လှစ်ခဲ့သော ထိုင်းထီ အမြင့်ဆုံးဆုတွင် နှစ်စောင်တွဲကံထူးခဲ့သဖြင့် ဘတ် ၁၂သန်း ထီပေါက်ကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။

မြန်မာအမျိုးသမီးသည် ထိုင်းထီ ပထမဆု ၃၀၉၆၁၂ တွင် ခြောက်လုံးတိုက် ပထမဆုကို နှစ်စောင်တွဲ ကံထူးခဲ့သဖြင့် ဘတ် ၁၂ သန်း ထီပေါက်ခဲ့ခြင်းဖြစ်သည်။

ထီပေါက်သော မြန်မာအမျိုးသမီးသည် ဆုငွေထုတ်ယူပေးရန် အကူအညီတောင်းခံခဲ့သဖြင့် ဧပြီလ ၂၀ ရက်တွင် ဆုငွေထုတ်ယူပေးခဲ့ပြီး ထီပေါက်သူလက်ဝယ် ပေးအပ်ပြီးဖြစ်ကြောင်း MHAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ပြောသည်။

ထီပေါက်သော မြန်မာအမျိုးသမီးသည် မွန်ပြည်နယ်ဇာတိဖြစ်ပြီး ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည်မှာ ၁၃ နှစ်ကျော် ရှိပြီဖြစ်ကြောင်း ဆိုသည်။

လက်ရှိတွင် အထက်ပါ MHAC မဟာမိတ်အဖွဲ့မှတစ်ဆင့် ထိုင်းထီပထမဆုကို ကူညီထုတ်ယူပေးနေသည်မှာ ၆၄ ဦးအထိ ရှိနေပြီဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

မြန်မာနိုင်ငံသားများသည် ထိုင်းထီကံထူးခဲ့ပါက လိမ်လည်သူများကို သတိထားကြရန်နှင့် ဆုငွေထုတ်ယူနိုင်ရေး မြန်မာအလုပ်သမားအဖွဲ့အစည်းများထံ အကူအညီတောင်းကြရန် ကိုရဲမင်းက ပြောဆိုသည်။