ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

Infographic

ဒီနှစ် ထိုင်းဆုန်ကရမ်မှာ ဒီ ၈ ချက်ကို သတိထားပါ

Dawei Watch

April 9, 2026

၂၀၂၆ ခုနှစ် ဆုန်ကရမ်ပွဲတော်ကို “Safe Songkran, alcohol-free” (ဘေးကင်းတဲ့ ဆုန်ကရမ်၊ အရက်ကင်းစင်ရေး) ဆိုတဲ့ လှုပ်ရှားမှုနဲ့ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဥပဒေတွေကိုလည်း တင်းတင်းကျပ်ကျပ် ကိုင်တွယ်သွားမယ်လို့ ထိုင်းရဲတပ်ဖွဲ့က သတိပေးထားပါတယ်။ ပွဲတော်ရက်အတွင်းမှာ အန္တရာယ်ကင်းဖို့အတွက် ပြည်သူတွေ လိုက်နာရမယ့် စည်းကမ်းတွေကို ထုတ်ပြန်ထားပြီး၊ ချိုးဖောက်ရင်တော့ ထိထိရောက်ရောက် အရေးယူခံရမှာပါ။ ဆုန်ကရမ်ကာလအတွင်းမှာ လူတိုင်း တာဝန်သိစိတ်နဲ့ ပါဝင်ဆင်နွှဲကြဖို့နဲ့ ဘေးအန္တရာယ်ကင်းကင်းနဲ့ ပျော်ရွှင်ကြဖို့ ထိုင်းအစိုးရက တိုက်တွန်းထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့လည်း ထိုင်းဆုန်ကရမ်မှာ အန္တရာယ်ကင်းကင်းနဲ့ စိတ်အေးချမ်းသာ ပျော်ပါးနိုင်ဖို့အတွက် ထိုင်းအစိုးရက ထုတ်ပြန်ထားတဲ့ သတိပြုရမယ့်အချက် ၈ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

အကျပ်အတည်းအတွင်း ပေးကမ်းမျှဝေခြင်း

Dawei Watch

March 18, 2026

ဒီလိုခေတ်ကျပ်ကြီးထဲမှာ တစ်ဦးနဲ့ တစ်ဦး ပေးကမ်းမျှဝေခြင်းက အရေးပါလာပါတယ်။ ဘယ်အကျိုးကိုမှ မမျှော်ကိုးဘဲ တစ်ဦးနဲ့ တစ်ဦး ကူကြ၊ မျှဝေကြတဲ့ အကျိုးကျေးဇူးတွေက ဘာတွေ ရလာလဲဆိုတာ သိရှိထားဖို လိုအပ်လှပါတယ်။

နွေရာသီ ရေရှားပါးမှုနှင့် သတိထားရမည့် အခြေအနေများ

Dawei Watch

March 18, 2026

နွေရာသီရောက်ပြီဆိုပါက တနင်္သာရီတိုင်းအတွင်း ဒေသအချို့တွင် သောက်သုံးရေ ရှားပါးမှုများ စတင်ကြုံတွေ့ကြရတော့မည်ဖြစ်သည်။ ရေရှားပါးမှုအတွက် သောက်သုံးရေ ကြိုတင်သိုလှောင်ထားမှုများ ရှိပါကလည်း သိုလှောင်ရေများကို အန္တရာယ်ကင်းကင်း သောက်သုံးနိုင်ဖို့လည်း အရေးကြီးလှသည်။ ယင်းကြောင့် ရေရှားပါးမှုနှင့် သတိထားရမည့် အခြေအနေများကို ဖော်ပြလိုက်ပါသည်။

ကူညီသူနည်းလာလို့ ခက်ခဲနေတဲ့ တနင်္သာရီတိုင်းက စစ်ရှောင်တွေ

Dawei Watch

February 3, 2026

တနင်္သာရီတိုင်းမှာ တိုက်ပွဲနဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ စစ်ဘေးရှောင်အရေအတွက်ကလည်း ပိုများလာပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလစာရင်းအရ တိုင်းထဲမှာ စစ်ဘေးရှောင် ရှစ်သောင်းကျော်အထိ ရှိနေပါတယ်။ ဒီလိုအခြေအနေမှာ အလှူရှင်တွေကလည်း နည်းလာနေလို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေအနေနဲ့ လုံလုံလောက်လောက် မထောက်ပံ့နိုင်ဖြစ်နေတယ်လို့ဆိုပါတယ်။

ဒေသအကျိုးအတွက် သတ္တုမိုင်းရဲ့ ဆိုးကျိုးတွေ လျှော့ချဖို့လိုပြီ

Dawei Watch

February 2, 2026

အာဏာသိမ်းပြီးနောက်ပိုင်း ပြင်းထန်လာတဲ့ ပဋိပက္ခတွေနဲ့အတူ တနင်္သာရီတိုင်းထဲ သတ္တုလုပ်ကွက်တွေလည်း မိုးဦးကျမှိုပေါက်သလို ပွစာကြဲပေါ်ပေါက်လာပါတယ်။ သတ္တုမိုင်းတွေကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံး ဖြစ်အောင် စီမံနိုင်မယ်ဆိုရင် အုပ်ချုပ်တဲ့ လက်နက်ကိုင်အဖွဲ့ရော ဒေသခံတွေပါအကျိုးရှိမှာဖြစ်ပါတယ်။

ဒေသခံတွေကို ခြိမ်းခြောက်လာတဲ့ တနင်္သာရီက သတ္တုမိုင်းတွေ

Dawei Watch

February 2, 2026

အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းမှာ ခေတ်စားလာနေတဲ့ သတ္တုမိုင်းတွေနဲ့ ရွှေလုပ်ကွက်တွေက ဒေသခံတွေရဲ့ လူမှုဘဝတွေကို ခြိမ်းခြောက်လာနေပါပြီ။ ၂၀၂၄ ခုနှစ် ဧပြီလက ရိုက်ကူးထားတဲ့ ဂြိုဟ်တုဓာတ်ပုံတွေအရ တနင်္သာရီတိုင်းမှာ သတ္တုတူးနေတဲ့နေရာ ၆၆ ခုထက်မနည်းရှိနေပြီး စုစုပေါင်း အကျယ်အဝန်း ဧကနှစ်သောင်းခွဲကျော် အထိ ရှိနေပါတယ်။ ဒီပမာဏက ထားဝယ်မြို့ဧရိယာထက် ၄ ဆလောက်ရှိနေပါတယ်။

ငွေလိမ်မခံရအောင် ဘာတွေသတိထားကြမလဲ

Dawei Watch

September 12, 2025

အာဏာသိမ်းမှုကြောင့် တရားဥပဒေ အစိုးမရချိန် ငွေလိမ်သူတွေ ခေါင်းထောင်လာကြပါတယ်။ လောဘနဲ့မျှားပြီး စိတ်လောအောင် လုပ်ပြီး လိမ်တာအပါအဝင် လိမ်လည်မှုတွေကလည်း ပိုမိုပီပြင်လာပါတယ်။ ဒါ့ကြောင့် ကိုယ့်ချွေးနှဲစာတွေ ပဲ့ပါမသွားအောင် သတိထားရမယ့် အခြေအနေဖြစ်ပါတယ်။

ထိုင်းရောက်မြန်မာတွေ သိထားရမယ့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း

Dawei Watch

August 11, 2025

ထိုင်းရောက် မြန်မာနိုင်ငံသားတွေ မဖြစ်မနေ သိရှိဖို့လိုတာတစ်ခုက ထိုင်းရဲ့ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနဲ့ လမ်းပေါ်က ဓလေ့တွေအကြောင်းပါ။ ထိုင်းနိုင်ငံသားတွေနဲ့ မြန်မာတွေ ပွတ်တိုက်မှုနည်းနည်းနဲ့ အတူယှဉ်တွဲ နေထိုင်ဖို့ဆိုရင် ထိုင်းနိုင်ငံရဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းနဲ့ ဓလေ့တွေကို သိရှိလိုက်နာဖို့ သိထားသင့်တာတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။