ပုလော မီးလောင်ချောင်းရွာတွင် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက်ဆုံးရှုံး
Dawei Watch
March 27, 2026ပုလောမြို့နယ်၊ ကြဲကျေးရွာအုပ်စု၊ မီးလောင်ချောင်းရွာတွင် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက်ဆုံးရှုံးသွားကြောင်း ဒေသခံများနှင့် ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။ မိုင်းနင်းမိသူသည် အသက် ၂၁ အရွယ် ကိုအောင်စိုး ဆိုသူဖြစ်ပြီး ကျေးရွာ၏ အနောက်ဘက် ဥယျာဉ်ခြံအတွင်း၌ မတ်လ ၂၄ ရက် နေ့လယ်ပိုင်းက ဟင်းရွက်ခူးနေစဉ် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ မိုင်းနင်းမိသဖြင့် ကိုအောင်စိုး၏ ဘယ်ဘက်ခြေချင်းဝတ်အောက်ဘက် ပြတ်ထွက်သွားကြောင်း မှတ်တမ်းဓာတ်ပုံတစ်ခုတွင် တွေ့ရသည်။ မိုင်းနင်းမိပြီးနောက် မြိတ်မြို့ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရပြီး ပြတ်ထွက်နေသည့် ခြေထောက်အား ဖြတ်တောက်ကာ ဆေးကုသမှုခံယူနေရဆဲဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောပြသည်။ ၂၀၂၄ ခုနှစ်က မီးလောင်ချောင်းရွာရှိ စစ်အာဏာရှင်တပ်စခန်း သိမ်းပိုက်မီးရှို့ခဲ့သော်လည်း နောက်ပိုင်းတွင် ယင်းကျေးရွာ၌ စစ်အာဏာရှင်တပ်က ပြန်နေရာယူထားပြီး ရွာသားအချို့သာ ကျေးရွာ၌ နေထိုင်ကြောင်း တော်လှန်ရေးအင်အားစုများထံမှ […]


