ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

ထိုင်းတွင် ရွှေဆွဲကြိုး အလစ်သုတ်သဖြင့် မြန်မာအမျိုးသားတစ်ဦးဖမ်းဆီးခံရ

Dawei Watch

June 25, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး နခွန်ပထုံခရိုင်တွင် မြန်မာအမျိုးသမီးထံမှ ရွှေဆွဲကြိုး အလစ်သုတ်ခိုးယူသွားသော မြန်မာအမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇွန်လ ၂၁ ရက်က နခွန်ပထုံခရိုင် အုန်းယိုင်ဒေသတွင် ဆိုင်ကယ်စီးလာသော အမျိုးသားတစ်ဦးသည် စက်ဘီးစီးလာသော အသက် ၂၆ နှစ်အရွယ် မြန်မာအမျိုးသမီး၏ လည်ပင်းမှ ရွှေဆွဲကြိုးတစ်ကုံးကို အလစ်သုတ်ခိုးယူထွက်ပြေး သွားကြောင်း ဖော်ပြသည်။ ရွှေဆွဲကြိုးသည် တစ်ဘတ်သား အလေးချိန်ရှိပြီး ကာလတန်ဖိုး ဘတ် ခုနစ်သောင်းဝန်းကျင်ရှိသည်။ မြန်မာအမျိုးသမီးသည် ဖြစ်စဉ်နှင့် သံသယရှိသူ အချက်အလက်များကို ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ရာ ရဲတပ်ဖွဲ့က အမျိုးသား ထွက်ပြေးသွားသော လမ်းကြောင်းကို CCTV မှတ်တမ်းများကတစ်ဆင့် ခြေရာခံ စုံစမ်းခဲ့ကြောင်း‌ ဖော်ပြသည်။ ယင်းနောက် ဇွန်လ ၂၃ ရက်တွင် စမွတ်စခွန်ခရိုင် အုန်းနွဲ့ဒေသ […]

ပွဲစားခ ဘတ်နှစ်သောင်းစီပေး၍ ဝင်လာသော မြန်မာ ၂၀ နီးပါး ထိုင်းတွင် ထပ်မံဖမ်းဆီးခံရ

Dawei Watch

June 24, 2026

ထိုင်းနိုင်ငံ နခွန်စဝမ်ခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၂၀ ခန့်ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဇွန်လ ၂၄ ရက် နခွန်စဝမ်ရှိ အဝေးပြေးလမ်းမကြီးပေါ်တွင် ရဲတပ်ဖွဲ့များက ဂိတ်ချစစ်ဆေးနေစဉ် ပုံမှန်အလေးချိန်ထက် ပိုများနေသော မသင်္ကာစရာ ကားနှစ်စီးကို ရပ်တန့်စစ်ဆေးရာမှ မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။ ကားနှစ်စီးပေါ်တွင် မြန်မာနိုင်ငံသား ၁၉ ဦး ပြည့်ကျပ်စွာ လိုက်ပါလာသည်ကို တွေ့ရပြီး ၎င်းတို့အားလုံးတွင် တရားဝင် နေထိုင်ခွင့် စာရွက်စာတမ်းများကို မတွေ့ရကြောင်း ဖော်ပြသည်။ ထို့ကြောင့် မြန်မာနိုင်ငံသား ၁၉ ဦးနှင့်အတူ ထိုင်းနိုင်ငံသား ကားသမား ၂ ဦးကို ဖမ်းဆီးခဲ့ဟုဆိုသည်။ မြန်မာနိုင်ငံသားများကို နခွန်စဝမ်ခရိုင်မှတစ်ဆင့် ဘန်ကောက်နှင့် ပရာကျင်ဘူရီခရိုင်များသို့ ပို့ဆောင်ပေးရမည်ဖြစ်ပြီး ပို့ဆောင်ခအနေဖြင့် တစ်ဦးလျှင် ဘတ် […]

ထိုင်းသို့ တရားမဝင်လာသော မြန်မာ ၂၀ကျော် ဖမ်းဆီးခံရ

Dawei Watch

June 22, 2026

ထိုင်းနိုင်ငံမြောက်ပိုင်း ဖိချစ်ခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၂၀ ကျော် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇွန်လ ၂၁ ရက်က ဖိချစ်ခရိုင် ထပ်ခလောဒေသရှိ လမ်းဘေးတောထဲတွင် မြန်မာနိုင်ငံသားများ အုပ်စုလိုက် ရှိနေသည်ဟု သတင်းပေး တိုင်ကြားလာသဖြင့် ရဲတပ်ဖွဲ့ သွားရောက်စစ်ဆေး ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။ မြန်မာနိုင်ငံသား အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၂၁ ဦးကို တွေ့ရှိသဖြင့် စစ်ဆေးရာ နေထိုင်ခွင့် စာရွက်စာတမ်းများကို မတွေ့ရသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ မြန်မာနိုင်ငံသားများသည် မဲဆောက်မြို့မှတစ်ဆင့် ချွန်ဘူရီခရိုင်သို့ ကားဖြင့်လာစဉ် ကားသမားက လမ်းဘေးတွင် ချထားခဲ့သဖြင့် နောက်ထပ်လာခေါ်မည့်ကားကို စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံရကြောင်း မြန်မာများက ထွက်ဆိုထားသည်ဟု ဆိုသည်။ […]

ထိုင်းမြောက်ပိုင်း ရထားလမ်းစီမံကိန်း ဥမင်ပြိုကျ မြန်မာလုပ်သားအပါအဝင် နှစ်ဦးသေဆုံး

Dawei Watch

June 22, 2026

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်ရှိ တည်ဆောက်ဆဲ ရထားလမ်းစီမံကိန်းတွင် ဥမင်လှိုင်ခေါင်းထဲ ပြိုကျမှုကြောင့် မြန်မာအလုပ်သမားအပါအဝင် အလုပ်သမား နှစ်ဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇွန်လ ၂၀ ရက် ညက ဒေချိုင်း-ချင်းရိုင်-ချင်းခေါင်း ရထားလမ်း (SRT) စီမံကိန်းတွင် ဒွိုင်လွိုင် ဥမင်လှိုင်ခေါင်းထဲ၌ အလုပ်သမားများ အလုပ်လုပ်နေစဉ် ပြိုကျခဲ့ခြင်းဖြစ်သည်။ ဥမင်လှိုင်ခေါင်းကို တူးဖော်မှုပြီးစီးသဖြင့် အလုပ်သမားများသည် လှိုင်ခေါင်းထဲ ဝင်ပြီး နံရံများတွင် စတီးဘောင်များ တပ်ဆင်နေစဉ် မြေကြီးနှင့် ကျောက်တုံးများ ပြိုကျလာပြီး အလုပ်သမားများကို ဖိမိသွားကြောင်း ဖော်ပြသည်။ မတော်တဆမှုကြောင့် မြန်မာအလုပ်သမား တစ်ဦးနှင့် ထိုင်းနိုင်ငံသား အလုပ်သမားတစ်ဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး အလုပ်သမား အခြားနှစ်ဦးလည်း ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း ဖော်ပြသည်။ ဒဏ်ရာရရှိသူများကို အရေးပေါ်ကားဖြင့် ချင်းရိုင်ဆေးရုံသို့ […]

ထိုင်း-မြန်မာနယ်စပ်က မြန်မာဒုက္ခသည်များကို နေထိုင်အလုပ်လုပ်ခွင့် ပန်းရောင်ကတ် စတင်ထုတ်ပေး

Dawei Watch

June 18, 2026

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများထဲက မြန်မာဒုက္ခသည်များအား နေထိုင်အလုပ်လုပ်ခွင့်ပြုသည့် မှတ်ပုံတင်ကတ် (ပန်းရောင်ကတ်) ထုတ်ပေးရေး အစီအစဉ်ကို ဇွန်လ ၁၇ ရက်တွင် စတင်ဖွင့်လှစ်လိုက်ပြီး မြန်မာဒုက္ခသည် ၃၀၀ ကျော်ကို စတင်ထုတ်ပေးနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မြန်မာဒုက္ခသည်များအား ပန်းရောင်ကတ် ထုတ်ပေးသည့် အခမ်းအနားကို ဇွန်လ ၁၇ ရက် နံနက် ၁၀ နာရီက ရတ်ချ်ဘူရီခရိုင် စွေဖွတ်မြို့နယ်ရုံး၌ ကျင်းပခဲ့သည်။ ယင်းအခမ်းအနားတွင် ဒုက္ခသည်စခန်း ကိုးခုအနက် ဘန်းထမ့်ဟင်းဒုက္ခသည်စခန်းက မြန်မာဒုက္ခသည် ၃၀၀ ကျော်ကို ပန်းရောင်ကတ် စတင်ထုတ်ပေးခဲ့ပြီး ၎င်းတို့သည် ခွင့်ပြုထားသော ဒေသအတွင်း သွားလာနိုင်ပြီဖြစ်ကြောင်း ဖော်ပြသည်။ အကယ်၍ အခြားခရိုင်များသို့ သွားလိုပါက သက်ဆိုင်ရာခရိုင်ရုံးများတွင် ခွင့်ပြုချက် တောင်းခံရမည်ဖြစ်ကြောင်း ဖော်ပြသည်။ ပန်းရောင်ကတ် နောက်ကျောတွင် QR […]

ဘန်ကောက်တွင် မြန်မာအမျိုးသမီးကို သတ်ပြီးထွက်ပြေးနေသူကို မြန်မာနိုင်ငံတွင် ဖမ်းမိ

Dawei Watch

June 13, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာအမျိုးသမီးတစ်ဦးကို အပိုင်းပိုင်း ခုတ်ထစ်သတ်ဖြတ်သွားခဲ့သော အမျိုးသားကို မြန်မာနိုင်ငံဘက်တွင် ဖမ်းဆီးရမိပြီဖြစ်ကြောင်း သိရသည်။ ယနေ့ ဇွန်လ ၁၃ ရက် နံနက် ၇ နာရီ ၄၅ မိနစ်တွင် သံသယရှိသူ အသက် ၃၆ နှစ်အရွယ် ကိုအောင်ပြည့်ကို ဟင်္သာတမြို့မရဲစခန်းက ၎င်းနေထိုင်ရာ မြဝတီရပ်ကွက်၊ သီတာလမ်းရှိ နေအိမ်တွင် သွားရောက်ဖမ်းဆီးခဲ့ကြောင်း ပြည်တွင်းသတင်းဌာနများက ဖော်ပြသည်။ ဇွန်လ ၁၁ ရက် ညက ဘန်ကောက်မြို့ ရတ်ချထေဝီနယ်မြေ မက်ကစမ်ဒေသ ရတ်ချာပရာဝပ်လမ်းရှိ တိုက်ခန်းထဲတွင် အသက် ၃၄ နှစ်အရွယ် မအေးအေးနွယ်အမည်ရှိ မြန်မာအမျိုးသမီးတစ်ဦး ခန္ဓာကိုယ်ကို အပိုင်းပိုင်းခုတ်ထစ်ထားသည့်ပုံစံဖြင့် အသတ်ခံရခြင်းဖြစ်သည်။ အပိုင်းပိုင်းခုတ်ထစ်ထားသော ခန္ဓာကိုယ်အစိတ်အပိုင်းများကို အခန်းအနောက် ဝရန်တာရှိ ပလပ်စတစ်ပုံးထဲသို့ ထည့်ထားသည်ကို ရဲတပ်ဖွဲ့က […]

ဘန်ကောက်တွင် အပိုင်းပိုင်းခုတ်ထစ်သတ်ဖြတ်ခံရသော မြန်မာအမျိုးသမီးဟုယူဆရသူ အလောင်းတွေ့

Dawei Watch

June 12, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ခန္ဓာကိုယ်ကို အပိုင်းပိုင်း ခုတ်ထစ်သတ်ဖြတ်ခံရသည့် အမျိုးသမီးရုပ်အလောင်းကို တွေ့ရပြီး သေဆုံးသူသည် မြန်မာအမျိုးသမီးဟု ကနဦးယူဆထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇွန်လ ၁၁ရက် ညက ရတ်ချထေဝီနယ်မြေ၊ မက်ကစမ်ဒေသ၊ ရတ်ချာပရာဝပ်လမ်းရှိ တိုက်ခန်းထဲတွင် အမျိုးသမီး ရုပ်အလောင်းကို ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ ခန္ဓာကိုယ်ကို အပိုင်းပိုင်း ခုတ်ထစ်ပြီး အခန်းအနောက်ရှိ ပလပ်စတစ်ပုံးထဲသို့ ထည့်ထားသည်ကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်။ အလောင်းတွင် ဦးခေါင်းနှင့် အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ ပျောက်ဆုံးနေဆဲဖြစ်ပြီး လွန်ခဲ့သော ရက်များက သေဆုံးခဲ့ခြင်းဖြစ်နိုင်ကြောင်း ဖော်ပြသည်။ သေဆုံးသူသည် အခန်းတွင် နေထိုင်သူ အသက် ၃၄ နှစ်အရွယ် မအေးအေးနွယ်ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ယူဆထားသည်။ ဇွန်လ ၉ ရက်ကစ၍ သူမနှင့် အဆက်အသွယ်မရတော့သဖြင့် မိသားစုဝင်များက ရဲတပ်ဖွဲ့ထံ […]