ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စမွတ်ပရကန်တွင် ၁၂ နှစ်အရွယ် မြန်မာမိန်းကလေးတစ်ဦး ပျောက်ဆုံး

July 10, 2026

ပုံစာ - ပျောက်ဆုံးနေသည့် မိန်းကလေး။

ထိုင်းနိုင်ငံ စမွတ်ပရကန်ခရိုင်တွင် အသက် ၁၂ နှစ်အရွယ် မြန်မာမိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေကြောင်း စမွတ်ပရကန် လူမှုကယ်ဆယ်ရေးအသင်းဝင်တစ်ဦးက အင်တာနက်လူမှုကွန်ရက်တွင် ယနေ့ နံနက်က ရေးသားထားသည်။

အသက် ၁၂ နှစ်အရွယ် မြန်မာနိုင်ငံသား မိန်းကလေးသည် စမွတ်ပရကန်မြို့ ထိုင်းဘန်း ၄၀ လမ်းတွင် ဇူလိုင်လ ၉ ရက်က ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ယနေ့ ဇူလိုင်လ ၁၀ ရက်အထိ မိန်းကလေးကို ပြန်လည် ရှာမတွေ့သေးသလို အဆက်အသွယ်လည်း မရသေးကြောင်း ရေးသားထားသည်။

မိန်းကလေး၏ အချက်အလက်နှင့် မိသားစုဝင်များ၏ အချက်အလက်များကိုမူ ရေးသားဖော်ပြထားခြင်း မရှိပေ။

မိန်းကလေးသည် မိသားစုဝင်များနှင့်အတူ စမွတ်ပရကန်မြို့တွင် လာရောက်နေထိုင်သည်မှာ အချိန်မကြာသေးသလို အနီးပတ်ဝန်းကျင်တွင် သူငယ်ချင်း၊ ဆွေမျိုးများလည်း မရှိကြောင်း ရေးသားထားသည်။

လက်ရှိတွင် မိန်းကလေး ပျောက်ဆုံးနေကြောင်းကို စမွတ်ပရကန်ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားပြီး တွေ့ရှိပါက စမွတ်ပရကန် လူမှုကယ်ဆယ်ရေးအဖွဲ့ ဖုန်းနံပါတ် 083-457-0237 ကို ဆက်သွယ်နိုင်ကြောင်း ဖော်ပြသည်။

ပုံစာ – ပျောက်ဆုံးနေသည့် မိန်းကလေး။