ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းတွင် လူသစ် ဘတ်ရိုက်ထားသူများအား အလုပ်လုပ်ခွင့်တစ်နှစ် သက်တမ်းတိုးပေးမည်

July 3, 2026

ထိုင်းတွင် ပြီးခဲ့သော ၂၀၂၅ ခုနှစ် ဒီဇင်ဘာလက အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) စတင်ပြုလုပ်ထားသူများအား တစ်နှစ် သက်တမ်းထပ်တိုးပေးမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက အတည်ပြုလိုက်သည်။

ယနေ့ ဇူလိုင်လ ၃ ရက်တွင် ပြုလုပ်သော နိုင်ငံခြားသား အလုပ်သမားများဆိုင်ရာ အစည်းအဝေးတွင် ဘတ်အသစ်ရိုက် ထားသော မြန်မာ၊ လာအို၊ ဗီယက်နမ်နိုင်ငံသားများကို သက်တမ်းတစ်နှစ် ထပ်တိုးပေးရန် အတည်ပြုခဲ့ခြင်းဖြစ်သည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလက ဘတ်အသစ် (အလုပ်လုပ်ခွင့်လက်မှတ်) ရိုက်ထားသူများသည် ယခု ၂၀၂၆ ခုနှစ် ဒီဇင်ဘာလတွင် သက်တမ်း တစ်နှစ်ကုန်ဆုံးမည်ဖြစ်သည်။

ထို့ကြောင့် ဘတ်အသစ်ရိုက်ထားသူများအတွက် အလုပ်လုပ်ခွင့်လက်မှတ်ကို လာမည့် ၂၀၂၇ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်အထိ သက်တမ်းထပ်တိုးပေးမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက အတည်ပြုလိုက်ခြင်းဖြစ်သည်။

အလုပ်သမားဝန်ကြီးဌာန၏ အတည်ပြုချက်ကို လာမည့် ထိုင်းအစိုးရအဖွဲ့ အစည်းအဝေးတွင် တင်ပြ၍ အတည်ပြုချက် ထပ်မံတောင်းခံရမည်ဖြစ်သည်။

အကယ်၍ အစိုးရအဖွဲ့က အတည်ပြုပြီးပါက မြန်မာအပါအဝင် အလုပ်သမားများအနေဖြင့် သက်တမ်းတိုးလုပ်ငန်းစဉ်ကို လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ဖော်ပြသည်။

သက်တမ်းတိုး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ အသေးစိတ် လုပ်ဆောင်ချက်များကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်မှစ၍ ထိုင်းနိုင်ငံအတွင်းရှိ အထောက်အထားမဲ့ မြန်မာနိုင်ငံသားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများကို အလုပ်လုပ်ခွင့်လက်မှတ်အသစ် လုပ်ဆောင်ခွင့် ပြုခဲ့သည်။