တို့ စကားကို တို့ရေးသည်
Dawei Watch
July 26, 2026လူမှုကွန်ရက်စာမျက်နှာများတွင် ထားဝယ်လိုရေးသား ပြောဆိုမှုများနှင့် အနုပညာတင်ဆက်မှုများ တွင်ကျယ်လာသည်ကို သတိထားမိသည်။ မကြာသေးမီကလည်း ထားဝယ်လိုရေးထားသည့် ခေရာ စာစောင်ထွက်လာသည်။ ထားဝယ်တို့၏ မိခင်ဘာသာစကားကို တန်ဖိုးထား၍ ရေးသား ပြောဆို ဆွေးနွေးလာကြသည်မှာ ဝမ်းမြောက်ဖွယ်ပင်ဖြစ်သည်။ ပုဂ္ဂလအမြင်အရမူ လူမျိုးတိုင်းတွင် ယင်းတို့၏ ဘာသာစကားကို တန်ဖိုးထားကာ လွတ်လပ်စွာ ပြောဆိုရေးသားထိန်းသိမ်းခွင့် ရှိရမည်ကို ယုံကြည်သည်မို့ ထားဝယ်လို ရေးသားပြောဆိုမှု တွင်ကျယ်လာသည်ကို အကောင်းမြင်သည်။ ထို့ကြောင့်လည်း ထားဝယ်လိုရေးသားမှုကို အပြုသဘော ဆောင်သည့် ရှုထောင့်က ဆွေးနွေးလိုပါ၏။ ယနေ့ကမ္ဘာတွင် ဘာသာစကားများစွာမှာ အကြောင်းအမျိုးမျိုးကြောင့် လျင်မြန်စွာ ကွယ်ပျောက်လာနေသည့်အချိန်ဖြစ်သည်။ ဤအခြေအနေမျိုးတွင် အရေးအသားစနစ် အတည်မရှိနိုင်သေးသည့် ထားဝယ်စကားကို မြန်မာစာ ဗျည်းအက္ခရာများဖြင့် ရေးသားကာ ကဗျာ၊ ဂီတ အပါအဝင် ရိုးရာ ယဉ်ကျေးမှု၊ အတွေးအခေါ်၊ ဆွေးနွေးမှုများ […]


