အီဘိုလာ အိပ်မက်ဆိုး
Dawei Watch
June 2, 2026၂၀၁၈ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး အီဘိုလာဗိုင်းရပ်စ်ကူးစက်မှုရဲ့ ဗဟိုချက်ဖြစ်တဲ့ ကွန်ဂိုနိုင်ငံအရှေ့ပိုင်း အီတူရီပြည်နယ်မှာ ဒီဗိုင်းရပ်စ်ကို နှိမ်နင်းဖို့ ဘယ်လောက်ခက်လဲဆိုတာ နားလည်ချင်ရင် မွန်ဘွာလူးမြို့ရဲ့ မကြာသေးခင်က အဖြစ်အပျက်တွေကို ကြည့်ကြည့်လိုက်ပါ။ အီဘိုလာနဲ့ သေဆုံးသွားတာ ဖြစ်နိုင်တဲ့ ဓမ္မဆရာတစ်ယောက်ရဲ့ အလောင်းကို ပြန်လုဖို့အတွက် မေလ ၂၄ ရက်နေ့မှာ လူငယ်အချို့ဟာ ဒေသန္တရဆေးရုံတစ်ရုံကို လေးကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ကြပါတယ်။ အဲဒီမတိုင်ခင် ညမှာလည်း မသမာသူ မီးရှို့သမားတွေက လူနာတွေကို သီးသန့်ခွဲထားတဲ့ တဲတစ်လုံးကို မီးရှို့သွားခဲ့ပါသေးတယ်။ စစ်သားတွေ ရောက်လာပြီး သတိပေးတဲ့အနေနဲ့ သေနတ်ဖောက်တဲ့အခါ လူနာဒါဇင်ပေါင်းများစွာ ပရမ်းပတာ ထွက်ပြေးခဲ့ကြရတယ်။ အီဘိုလာဗိုင်းရပ်စ်မျိုးစိတ် ဘန်ဒီဘူဂျိုအတွက် အမြန်စစ်ဆေးမယ့် ကိရိယာတွေ၊ တရားဝင် ခွင့်ပြုချက်ရပြီးသား ကာကွယ်ဆေးတွေ မရှိတာကြောင့် ကူးစက်ပြန့်ပွားနေမှန်း ရက်သတ္တပတ်ပေါင်းများစွာ မသိလိုက်ဘဲ ကူးစက်ပြန့်ပွားနေတဲ့ […]


