လေလုံး ထားဝယ်ဆိပ်ကမ်းစီမံကိန်း အလားအလာ
Dawei Watch
September 5, 2026မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၏ အကြီးမားဆုံး စက်မှုဇုန်တစ်ခုကို ထိုင်းနှင့် ဖက်စပ်လုပ်ကိုင်ရန် စီစဉ်ခဲ့ဖူးသည်။ ထိုအစီအစဉ်ကို ရပ်ဆိုင်းပြီးနောက် နှစ်ပေါင်းများစွာ အကြာ ယခုအချိန်တွင် မြန်မာသည် ဆိုခဲ့ပါ စီမံကိန်းကြီးကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းနေပြီဖြစ်သည်။ ဒေသတွင်း သင်္ဘောလမ်းကြောင်း ဖြတ်လမ်းအတွက် ရေနက်ဆိပ်ကမ်းတစ်ခုလည်း ပါဝင်မည့် ဤမဟာစီမံကိန်းသည် ယခုတစ်ကြိမ်၌ ရုရှား၏ ပါဝင်ပတ်သက်မှုနှင့်အတူ ဘန်ကောက်၏ စိတ်ပါဝင်စားမှု အသစ်ကိုလည်း ရရှိထားသည်။ မြန်မာနိုင်ငံတောင်ပိုင်းရှိ ထားဝယ် အထူးစီးပွားရေးဇုန် (SEZ) ကို လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်ခန့်က စီမံကိန်း စတင်ရေးဆွဲစဉ်၌ အရှေ့တောင်အာရှ၏ တံခါးပေါက်ကြီးများထဲမှ အသစ်တစ်ခုအဖြစ် ပုံဖော်ခဲ့ခြင်း ဖြစ်သည်။ ဤစီမံကိန်းသည် ကျေးလက်ဒေသ ငါးဖမ်းကျွန်းဆွယ်တစ်ခု၏ တောင်ဘက်စွန်းတွင် တွဲခိုနေသည့် ဒေသန္တရ မြို့ငယ်တစ်ခုကို အန်ဒမန်ပင်လယ်ပြင်ရှိ ကမ္ဘာ့အဆင့်မီ ရေနက်ဆိပ်ကမ်းတစ်ခုအဖြစ် တည်ဆောက်ရန် […]


