ကမ္ဘာ့စစ်ရေးကို ပြောင်းလဲပစ်လိုက်တဲ့ တန်ဖိုးနည်းဒရုန်းတွေ
Dawei Watch
June 29, 2026ဈေးပေါပေါနဲ့ အမြောက်အမြားထုတ်ထားတဲ့ တန်ဖိုးနည်းဒရုန်းတွေဟာ စစ်ပွဲတွေရဲ့ မျက်နှာစာကို အပြီးတိုင် ပြောင်းလဲပစ်လိုက်ပါပြီ။ ဒီဒရုန်းတွေသာ မရှိရင် ရုရှားရဲ့ လူအင်အား ၊ လက်နက်အင်အား အပြတ်အသတ်သာလွန်မှုက ယူကရိန်းကို အမှုန့်ကြိတ်ခြေမွပစ်နေလောက်ပါပြီ။ ဒီဒရုန်းတွေသာမရှိရင် ဟူသီတွေဆိုတာ ယီမင်က ဟိုစပ်စပ်ဒီစပ်စပ် လက်နက်ကိုင်အဖွဲ့အဆင့်ပဲ ရှိမှာပါ။ ကမ္ဘာ့ရေကြောင်းကုန်သွယ်မှုကို ဒုက္ခပေးနိုင်တဲ့ အင်အားစုတစ်ခု ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါတွေသာ မရှိရင် စီးပွားရေးပိတ်ဆို့ခံထားရပြီး အပယ်ခံဖြစ်နေတဲ့ အီရန်က ကမ္ဘာ့သမိုင်းမှာ အင်အားအကြီးဆုံးစစ်တပ်ကို အခုလောက်အထိ အထိနာအောင် လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါက အရေးကြီးပါတယ်။ အခုချိန်မှာ စစ်တပ်အင်အားကြီးတာတစ်ခုတည်းနဲ့ အနိုင်ရဖို့ အာမမခံနိုင်တော့လို့ပါပဲ။ အခုချိန်မှာ ပိုက်ဆံရှိပြီး ဈေးကွက်ထဲက စက်ပစ္စည်းအစိတ်အပိုင်းတွေကို လက်လှမ်းမီတဲ့ ဘယ်နိုင်ငံမဆို ၊ ဘယ်လက်ဝေခံလက်နက်ကိုင်အဖွဲ့မဆို ၊ ဘယ်သူပုန်အဖွဲ့မဆို စူပါပါဝါတစ်ခုကို […]


