ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဆောင်းပါး

သင်္ကြန်ထမင်း – မွန်ယဉ်ကျေးမှုဓလေ့ကို ဖော်ညွှန်းနေသည့် အစားအစာ

Dawei Watch

April 11, 2026

ဟိုတစ်စ ဒီတစ်စ ကြားရသည့် သင်္ကြန်သီချင်းများက ကြားရသူတို့ကို မြူးကြွစေသည်။ နှစ်သစ်ဦးတော့မည့် တန်ခူးလ။ သင်္ကြန်အနံ့အသက်ရလာသည်နှင့်အတူ ရိုးရာအစားအစာဖြစ်သည့် သင်္ကြန်ထမင်းကို တမ်းတသည့်စိတ်တို့ကလည်း တဖွားဖွား ဖြစ်လာသည်။ သင်္ကြန်ထမင်းသည် မွန်လူမျိုးတို့၏ ရိုးရာအစားအစာ။ သင်္ကြန်ထမင်းချက်ပြုတ်ကြပြီး ဘုန်းကြီးကျောင်းနှင့် လူကြီးသူကြီးအိမ်များသို့ လိုက်ပို့ခြင်း၊ မိသားစုဝင်များ စုးပေါင်းစားကြခြင်း၊ ရေကစားလာသည့် ဧည့်သည်များကို ဖိတ်ကျွေးခြင်း၊ ရေကစားမဏ္ဍပ်များတွင် စတုဒီသာ ကျွေးမွေးခြင်း စသည်တို့မှာ မွန်တို့၏ ချစ်စရာ ရိုးရာဓလေ့၊ ရိုးရာအစဉ်အလာ။ ယနေ့ခေတ်တိုင်အောင် အစဉ်အလာအဖြစ် တည်ရှိနေဆဲ ဖြစ်သည်။ ထိုအစဉ်အလာကလည်း မွန်လူမျိုးတို့၏ ဧည့်ဝတ်ကျေပွန်မှုနှင့် ကုသိုလ်ယူလိုစိတ်တို့ကို ဖော်ပြနေသလို မိသားစု၊ သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်းများနှင့် ရင်းနှီးမှုကို ပိုမိုခိုင်မာစေသည့် သင်္ကေတတစ်ခုလည်း ဖြစ်သည်။ မွန်လူမျိုးများသည် သင်္ကြန်ထမင်းကို သင်္ကြန်ရက်များတွင်သာမဟုတ်ပဲ ရာသီဥတု အလွန်ပူးပြင်းလှသည့် […]

အဓိပ္ပာယ်မဲ့ လကမ္ဘာခရီး

Dawei Watch

April 11, 2026

အာကာသစူးစမ်းလေ့လာရေးဆိုတာ အဓိပ္ပါယ်မရှိတဲ့ အလုပ်တစ်ခုဆိုတာ ကျွန်မအတွက်တော့ အထူးတလည် ရှင်းပြနေဖို့တောင် မလိုပါဘူး။ ကျွန်မတို့ နေထိုင်ရာ ဂြိုဟ်ကို ဒုက္ခပေးနေတဲ့ အကျပ်အတည်းတွေ ပိုအရေးတကြီးဖြစ်လာလေလေ အာကာသစူးစမ်းလေ့လာရေးဆိုတာက ပိုအဓိပ္ပါယ်မဲ့လာလေလေပါပဲ။ ၁၉၆၀ ပြည့်လွန်နှစ်တွေတုန်းက အာကာသစူးစမ်းလေ့လာရေးအပေါ် လူတွေ ဘာကြောင့် စိတ်လှုပ်ရှားခဲ့ကြသလဲဆိုတာကို ကျွန်မ နားလည်နိုင်ပါတယ်။ အဲဒီအချိန်တုန်းက ကမ္ဘာကြီးဟာ ငယ်ရွယ်တက်ကြွနေခဲ့သလို အာကာသထဲမှာ အစိမ်းရောင်ဂြိုဟ်သားလေးတွေ ရှိနေနိုင်တယ်လို့ ကျွန်မတို့က ထင်ခဲ့ကြတာကိုး။ ဘယ်သူကများ သူတို့ကို မတွေ့ချင်ဘဲ နေမှာပါလိမ့်။ ဒါပေမဲ့ ၁၉၅၀ ပြည့်နှစ်မှာ ရူပဗေဒပညာရှင်အန်ရီကိုဖာမီ စတင်တင်ပြခဲ့တဲ့ “Where is everybody” ဆိုတဲ့ အယူအဆကိုပဲ ပညာရှင်အများစုက သဘောတူလက်ခံထားကြပါတယ်။ တကယ်လို့ အာကာသထဲမှာ အသိဉာဏ်ရှိတဲ့ သက်ရှိတွေ ရှိနေမယ်ဆိုရင် သူတို့က ဘာလို့ ကျွန်မတို့ဆီ […]

ဂယက်ထနေတဲ့ ထားဝယ်က ကျောင်းသားတစ်ပိုင်း ပြည်သူ့စစ်

Dawei Watch

April 10, 2026

ထားဝယ်မြို့က အထက်တန်းကျောင်းသားတွေ၊ ဆယ်ကျော်သက်လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဌာနေပြည်သူ့စစ် (ထားဝယ်) အဖွဲ့ထဲမှာ လတ်တလော ဂယက်တွေ ဖြစ်နေပါတယ်။ ဆယ်ကျော်သက် ပြည်သူ့စစ်အဖွဲ့ဝင်တွေရဲ့ TikTok အကောင့်တွေမှာ ပြည်သူ့စစ်အဖွဲ့က ထွက်ရတော့မယ့် အကြောင်းတွေကို ဝမ်းနည်းပက်လက် ရေးတင်နေကြတာပါ။ ထားဝယ်မြို့ခံတွေကြားမှာလည်း နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အဲဒီပြည်သူ့စစ်အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီဆိုတဲ့ ကောလာဟလတွေက မြို့ခံတွေကြားမှာ ပြောဆိုလာကြပါတယ်။ အဲဒီကောလာဟလ ဘယ်လိုစထွက်လာလဲဆိုတာ တိတိကျကျ မသိရပေမဲ့၊ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတရာထူးယူပြီး အရပ်သားအစိုးရအသွင် ဖွဲ့စည်းလိုက်တဲ့အချိန်နဲ့တော့ သွားပြီးတိုက်ဆိုင်နေပါတယ်။ ဒါပေမဲ့ Dawei Watch ရဲ့ စုံစမ်းတွေ့ရှိချက်အရတော့ ဒီအဖွဲ့ကို လုံးဝဖျက်သိမ်းလိုက်တာ မဟုတ်ဘဲ အပြောင်းအလဲတချို့လုပ်ပြီး အသွင်သစ်နဲ့ ပြန်လှုပ်ရှားမယ့် အခြေအနေတွေ တွေ့ရပါတယ်။ ထားဝယ်က ကျောင်းသားတစ်ပိုင်း ပြည်သူ့စစ် စစ်အုပ်စုက […]

သင်္ကြန်အကြိုမှာ ရှမ်းကျွန်းမဲက ဆလုံနတ်ပွဲ သွားကြမလား

Dawei Watch

April 9, 2026

တူရွင်းကျွန်းမှာ ဧပြီ ၁၃ ရက်နေ့ဆိုရင် ဆလုံနတ်ပွဲ ကျင်းပပါတော့မယ်။ တူရွင်းကျွန်း (Ko Surin Tai) ဆိုတာက ထိုင်း-မြန်မာနယ်စပ်က ထိုင်းနိုင်ငံပိုင် ကျွန်းတစ်ခုပါ။ Google မှာ Ko Surin Nuea, Ko Phra Thong, Khura Buri District, Phang Nga လို့ ရိုက်ရှာလိုက်ရင် ဒီကျွန်းကို တွေ့ပါမယ်။ ဘယ်လိုကျွန်းလဲ လှပကျော့ရှင်းလွန်းတဲ့ ကျွန်းပါ။ ကျွန်းတည်နေရာနဲ့ ဖြစ်တည်မှုလေးကလည်း စိတ်ဝင်စားစရာပါ။ မြန်မာ-ထိုင်းရဲ့ တောင်ပိုင်းနယ်စပ်မြို့တွေဖြစ်တဲ့ ကော့သောင်းနဲ့ ရနောင်းတို့ရဲ့ အနောက်ပင်လယ်ပြင်ဘက်မှာ ကမ်းစပ်က လှမ်းမြင်ရတဲ့ ကျွန်းတန်းအုပ်စုတစ်ခု ရှိပါတယ်။ ကျွန်းအုပ်စုရဲ့ အကြီးဆုံးကျွန်းက ဇာဒက်ကြီးကျွန်းဖြစ်ပြီး မြန်မာအပိုင်ပါ။ တောင်ဘက်အစွန်ဆုံးကတော့ ဆလုံတွေ နေထိုင်တဲ့ ထိုင်းပိုင် တူရွင်းကျွန်းပါပဲ။ […]

ပေါင်းစပ်လာတဲ့ စစ်ပွဲနှစ်ပါး

Dawei Watch

April 7, 2026

ရက်သတ္တပတ်တွေ ကုန်လွန်လာတာနဲ့အမျှ အီရန်စစ်ပွဲနဲ့ ယူကရိန်းစစ်ပွဲဟာ ပိုပိုပြီးတော့ အပြန်အလှန်ဆက်နွှယ်လာပါတယ်။ ဒီစစ်ပွဲနှစ်ခုဟာ စစ်ပွဲတစ်ခုတည်းအဖြစ် ပေါင်းစပ်လာနေပြီလို့ လေ့လာသူအချို့က ဆိုလာကြတဲ့အထိပါပဲ။ စစ်ပွဲတစ်ခုက အခြားစစ်ပွဲတစ်ခုရဲ့ လမ်းကြောင်းအပေါ် ဘယ်လိုသက်ရောက်မလဲဆိုတာက ခန့်မှန်းရခက်ပါတယ်။ ဒါပေမဲ့ ဒီစစ်ပွဲနှစ်ခုကြားက အပြန်အလှန်ဆက်စပ်နေမှုကြောင့် နိုင်ငံအများအပြားဟာ ဒီစစ်မီးလျှံနှစ်ခုကြားထဲ ပိုမိုပါဝင်လာနေကြပြီး ဥရောပကနေ အရှေ့အလယ်ပိုင်းအထိ မတည်ငြိမ်မှုတွေ ဆက်တိုက်ဖြစ်လာနေတာကတော့ အထင်အရှားပါပဲ။ ဒီစစ်ပွဲနှစ်ခုကြားက အပြန်အလှန်ဆက်စပ်မှုဟာ ယူကရိန်းဘက်က ကြည့်မယ်ဆိုတော့ အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ဗလာဒီမာပူတင်ရဲ့ ယူကရိန်းအပေါ် တင်းပြည့်ကျပ်ပြည့် ကျူးကျော်စစ်စတင်ပြီး ၇ လအကြာ ၂၀၂၂ ခုနှစ် စက်တင်ဘာလကတည်းက ရုရှားဟာ အီရန်လုပ် ရှာဟက်ဒရုန်းတွေကို စသုံးနေခဲ့တာပါ။ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို တိုက်ခိုက်ခဲ့ပြီးနောက်မှာ ထွက်ပေါ်လာတဲ့ သတင်းတွေအရ […]

နေပြည်တော်ဆင်းတု ဗိသုကာမှသည် တနင်္သာရီတိုင်း စစ်ဝန်ကြီးချုပ်ဆီသို့

Dawei Watch

April 6, 2026

စစ်ခေါင်းဆောင် ရွေးချယ်လိုက်သည့် တနင်္သာရီတိုင်း စစ်ဝန်ကြီးချုပ်သစ်မှာ စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦး ဖြစ်သည်။ စစ်ကော်မရှင်၏ ရွေးကောက်ပွဲပြီးနောက် ခေါ်ယူလိုက်သော တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်က တိုင်းဒေသကြီးဝန်ကြီးချုပ်သစ်ကို ဧပြီလ ၁၂ ရက်နေ့တွင် အတည်ပြုခန့်အပ်လိုက်ခြင်းဖြစ်သည်။ အမည်က ဦးဇော်နိုင်ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်။ ကြံ့ခိုင်ရေးပါတီသို့ ရွေးကောက်ပွဲနီးချိန်တွင်မှရောက်ပြီး သီးခြားမဲဆန္ဒနယ် မရှိသူ ဦးဇော်နိုင်ဦး ဆိုသည်မှာ မည်သူနည်း။ ဦးဇော်နိုင်ဦးသည် စစ်အင်ဂျင်နီယာတပ်တွင် ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်က သီရိပျံချီဘွဲ့ အပ်နှင်းထားသည်။ OTS အပတ်စဉ် ၈၃ ဆင်းဖြစ်ပြီး ဗိုလ်ချုပ်ဟောင်း ဦးဇော်နိုင်ဦးကို စစ်အုပ်စု၏ ရွေးကောက်ပွဲအပြီး တတိယအကြိမ်လွှတ်တော်တွင် တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် အတည်ပြုလိုက်ခြင်းဖြစ်သည်။ ၎င်းသည် စစ်ကော်မရှင်၏ ရွေးကောက်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော်အတွက် ကြံ့ခိုင်ရေးပါတီမှ အချိုးကျ ကိုယ်စားပြုစနစ် (PR) စနစ်ဖြင့် အရွေးချယ်ခံရသူဖြစ်သည်။ ဦးဇော်နိုင်ဦးက […]

ထိုင်းတွင် မြန်မာလုပ်သားထောင်ချီ ဥပဒေမဲ့ အလုပ်ဖြုတ်ခံနေရ

Dawei Watch

March 27, 2026

ထိုင်းရောက် မြန်မာအလုပ်သမားမှာ သတ်မှတ်ထားသော ဥပဒေများအတိုင်း ခံစားခွင့် မရရှိဘဲ ရုတ်တရက် အလုပ်ဖြုတ်ခံရမှုများ ဆက်တိုက်ဖြစ်လာနေသည်။

အီရန်စစ်ပွဲနဲ့ စားနပ်ရိက္ခာအကျပ်အတည်း

Dawei Watch

March 27, 2026

ပင်လယ်ကွေ့နိုင်ငံတွေဟာ ကမ္ဘာလုံးဆိုင်ရာ ဓာတ်မြေဩဇာ ထုတ်လုပ်မှုရဲ့ အဓိကနေရာမှာ ရှိနေပါတယ်။ တခြားနိုင်ငံတွေရဲ့ ဓာတ်မြေဩဇာ ထုတ်လုပ်မှုမှာသုံးတဲ့ သဘာဝဓာတ်ငွေ့နဲ့ သတ္တုပစ္စည်းတွေလိုမျိုး ကုန်ကြမ်းတွေကိုလည်း ဒီနိုင်ငံတွေကပဲ အဓိက တင်ပို့နေတာ ဖြစ်ပါတယ်။