ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဆောင်းပါး

မြန်မာ့ဇီဝ တံတိုင်းပြိုလဲခြင်း

Dawei Watch

February 15, 2026

By Dawei Watch & Lighthouse Reports This story was supported by the Pulitzer Center Rainforest Reporting Grant.This story was produced with support from the Environmental Reporting Collective (ERC). သိန္ဓောရွာမှ ကြိုဆိုပါသည်။ ရွာကိုဖြတ်ပြီး ဆိုင်ကယ်ဖြင့် ၈ မိနစ်ခန့်သွားလိုက်ချိန်တွင် တွင်းကြီးများ မြေစာပုံကြီးများကို အနီးကပ်မြင်လိုက်ရသည်။ ပေ ၄၀ ကျော်ခန့် နက်သည့် ချိုင့်ခွက်ကြီးများကလည်း အစီအရီ၊ သစ်ပင်မရှိတော့သည့် တောင်ကတုံးများကလည်း ဝန်းရံလျက်ရှိနေသည်။ တနင်္သာရီအမျိုးသားဥယျာဉ်ထဲတွင်တည်ရှိသည့် သိန္ဓောရွာသည် ယခင်ဥယျာဉ်ခြံစိုက်ပျိုးမှုဖြင့် အသက်မွေးကြသော်လည်း စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် တစ်ရွာလုံးနီးပါး ခဲမိုင်းတူးသူများ အဖြစ် […]

၂၀၂၆ ထိုင်းရွေးကောက်ပွဲနဲ့ လိမ္မော်ရောင်လှိုင်း

Dawei Watch

February 7, 2026

ထိုင်းနိုင်ငံကို အပြောင်းအလဲလုပ်ချင်တဲ့ နိုင်ငံရေးပါတီတိုင်းအတွက် ရွေးကောက်ပွဲနိုင်တာနဲ့ အာဏာရတာဟာ လုံးဝတခြားစီပဲဆိုတာကို ခါးသီးတဲ့ အတွေ့အကြုံတွေက ပြထားပြီးသားပါ။ ထိုင်းဘုရင့်နိုင်ငံမှာ နိုင်ငံရေးသမားတွေ ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ စစ်ဗိုလ်ချုပ်ကြီးတွေဟာ ဘုရင်စနစ်ရဲ့ အထွတ်အထိပ်အာဏာကို ဦးထိပ်ထား အလုပ်အကျွေး ပြုနေကြပါတယ်။ ဒီနိုင်ငံမှာ ကွန်ဆာဗေးတစ်ဝါဒီတွေကပဲ အစိုးရအာဏာကို ချုပ်ကိုင်ထားကြတယ်။ ကွန်ဆာဗေးတစ်ဝါဒီတွေဟာ ရွေးကောက်ပွဲတွေကို လုပ်ခွင့်ပေးပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အာဏာကို ခြိမ်းခြောက်နိုင်တယ်လို့ ယူဆတဲ့ ရွေးကောက်ပွဲအောင်ပန်းရှင်တွေကို ဖြုတ်ချဖို့ အာဏာသိမ်းပွဲ မဟုတ်ရင် အခြားသော နိုင်ငံရေးပရိယာယ်တွေကို ဖန်တီးလေ့ ရှိပါတယ်။ ဒါပေမဲ့ မနက်ဖြန် (ဖေဖော်ဝါရီ ၈) မှာကျင်းပမယ့် ဒီတစ်ကြိမ်ရွေးကောက်ပွဲမှာတော့ အခြေအနေတွေ ထူးခြားလာနိုင်တယ်လို့ နက်တာဖွန် ရူအန်ပန်ယာဝပ်က ပြောပါတယ်။ သူက ဒီမိုကရေစီလိုလားတဲ့ ပြုပြင်ပြောင်းလဲရေးဝါဒီ ပြည်သူ့ပါတီရဲ့ ခေါင်းဆောင်ပါ။ […]

ထိပ်သီးစစ်ဗိုလ်ချုပ်တွေ ဖယ်ရှားလိုက်တဲ့ ရှီကျင့်ဖျင်

Dawei Watch

January 29, 2026

ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း တရုတ်စစ်ဘက် ထိပ်ပိုင်းခေါင်းဆောင်တွေကို ရာထူးကနေ အကြီးအကျယ် ဖယ်ရှားရှင်းလင်းမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်ဗိုလ်ချုပ်ကြီးတစ်ယောက်ကတော့ ဒီဘေးကနေ လွတ်ပြီးသားလို့ ယူဆရတဲ့ အနေအထားမှာ အချိန်အတော်ကြာ ရှိနေခဲ့ပါတယ်။ တရုတ်စစ်တပ်ရဲ့ စီနီယာအကျဆုံး စစ်ဘက်အရာရှိကြီးဖြစ်တဲ့ ကျန်းယုံရှာဟာ သမ္မတရှီကျင့်ဖျင်ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက် ဖြစ်ပါတယ်။ ၁၉၇၉ ခုနှစ် ဗီယက်နမ်နဲ့ ဖြစ်ခဲ့တဲ့ စစ်ပွဲမှာ ထူးထူးခြားခြား စွမ်းဆောင်နိုင်ခဲ့တာကြောင့် ကျန်းယုံရှာဟာ လက်ရှိ တရုတ်စစ်တပ်မှာ စစ်မြေပြင်အတွေ့အကြုံရှိတဲ့ ရှားရှားပါးပါး စစ်ဗိုလ်ချုပ်တွေထဲက တစ်ယောက် ဖြစ်ပါတယ်။ ဒီအချက်တွေကပဲ ရှီကျင့်ဖျင် ဦးဆောင်တဲ့ ဗဟိုစစ်ကော်မရှင် (CMC) ရဲ့ ဒုတိယဥက္ကဋ္ဌနှစ်ယောက်မှာ ကျန်းယုံရှာဟာ ပိုစီနီယာကျသူတစ်ယောက်အနေနဲ့ သူ့ရဲ့ ဩဇာအာဏာကို ပိုမိုခိုင်မာစေခဲ့ပါတယ်။ အကဲခတ်အချို့ကတော့ ဗိုလ်ချုပ်ကြီးကျန်းဟာ မကြာသေးခင်က ရာထူးက […]

ဂရင်းလန်းအရေးနောက်ကွယ်က အလှကုန်ဘီလျံနာ

Dawei Watch

January 26, 2026

ဂရင်းလန်းကျွန်းကို အမေရိကန်က အမြဲတမ်း အပြည့်အဝ ဝင်ရောက်အသုံးပြုခွင့် ရသွားပြီလို့ သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာလိုက်ပါပြီ။ ဂရင်းလန်းကို အင်အားသုံးသိမ်းပိုက်မယ့် ခြိမ်းခြောက်မှုကိုလည်း ပြန်ရုတ်သိမ်းလိုက်ပါပြီ။ ဒုတိယကမ္ဘာစစ်ပြီးကတည်းက အနောက်အုပ်စုရဲ့ လုံခြုံရေးကို အာမခံချက်ပေးထားတဲ့ နေတိုးအဖွဲ့ကို ပြိုကွဲလုနီးနီး ဖြစ်စေခဲ့တဲ့ ခြိမ်းခြောက်မှုကို ထရမ့်က ပြန်ရုတ်သိမ်းလိုက်တာပါ။ ဂရင်းလန်းကို အမေရိကန်က သိမ်းပိုက်မယ့် စိတ်ကူးဟာ ရွှေဝါရောင်ဆံပင်နဲ့ ကမ္ဘာ့ဩဇာအကြီးဆုံး လူရဲ့ ခေါင်းထဲကို ဘယ်လို ရောက်လာခဲ့တာပါလဲ။ ကမ္ဘာကျော်အလှကုန်အမှတ်တံဆိပ် Estée Lauder နဲ့ ဆက်စပ်နေပါတယ်။ ထရမ့်ရဲ့ ပထမအကြိမ် သမ္မတသက်တမ်းကာလတုန်းက တစ်ရက်မှာ သူ့ရဲ့ ထိပ်တန်းလက်ထောက်တစ်ယောက်ကို ဘဲဥပုံရုံးခန်းထဲမှာ ခေါ်တွေ့ခဲ့ပါတယ်။ “ထရမ့်က ကျွန်တော့်ကို ဘဲဥပုံရုံးခန်းထဲ ခေါ်တွေ့တယ်။ အမေရိကန်အနေနဲ့ ဂရင်းလန်းကျွန်းကို ဝယ်သင့်တယ်လို့ နာမည်ကြီးစီးပွားရေးသမားတစ်ယောက်က အကြံပြုထားတယ်ဆိုတဲ့အကြောင်း […]

စစ်အုပ်စု စီစဉ်ထားသလို ဖြစ်မလာသည့် လောင်းလုံးက ရွေးကောက်ပွဲ

Dawei Watch

January 25, 2026

ရွေးကောက်ပွဲ အပိုင်း ၃ တွင်ပါဝင်သည့် လောင်းလုံးမြို့နယ် ရွေးကောက်ပွဲမှာ စစ်အုပ်စုက မူလစီစဉ်ထားသည့်အတိုင်း ‌မဖြစ်လာဘဲ ဖြစ်သလိုသာ လုပ်လိုက်ရသော အခြေအနေမျိုး တွေ့ရသည်။ လောင်းလုံးမြို့နယ်တွင် ရပ်ကွက်လေးရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၄၁ အုပ်စု ရှိသည့်အနက် မြို့ပေါ် ၄ ရပ်ကွက်နှင့် မောင်းမကန်၊ စခန်းကြီး၊ ကမြောကင်း ကျေးရွာအုပ်စုတို့တွင်သာ ရွေးကောက်ပွဲ ကျင်းပမည်ဟု စစ်အုပ်စုက စီစဉ်ထားသည်။ သို့သော် အမှန်တကယ်ရွေးကောက်ပွဲပြုလုပ်သည့် ယနေ့တွင်မူ လောင်းလုံးမြို့ပေါ်တွင် မဲရုံမဖွင့်နိုင်တော့ဘဲ ၎င်းမဲရုံကို ထားဝယ်မြို့အနီး ကမြောကင်းရွာရှိ ထားဝယ်တက္ကသိုလ်သို့ ပြောင်းရွှေ့လိုက်ရသည်။ တော်လှန်ရေးတပ်တို့က ရွေးကောက်ပွဲ အကြိုနေ့ကတည်းက တိုက်ခိုက်မှုကြောင့် လုံခြုံရေးအခြေအနေအရ မြို့ပေါ်တွင် မဲပုံးမထောင်နိုင်တော့ခြင်းဖြစ်သည်။ ထိုသို့ မဲရုံရွှေ့လိုက်သဖြင့် မြို့ခံအချို့မှာ တကူးတကသွားရောက်မဲပေးစရာမလိုတော့ကြောင်း ပြောဆိုကြသည်။ “ထားဝယ်တက္ကသိုလ်ထဲ(မဲရုံ) ပြောင်းလိုက်တော့ တကူးတကမဲထည့်မယ့်သူကလွဲပြီး […]

ကြွေးကြော်ထားသည့်နေရာတို့ပင် မဲပုံးမထောင်နိုင်တော့သည့် လောင်းလုံး ရွေးကောက်ပွဲ

Dawei Watch

January 23, 2026

လောင်းလုံးမြို့နယ်တွင် စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲမှာ မည်ကာမတ္တအဆင့်ဖြစ်ရန်ပင် မသေချာလှတော့ပေ။ ရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပရန် ရက်ပိုင်းအလိုတွင် လောင်းလုံးမြို့ပေါ် အပါအဝင် ရွေးကောက်ပွဲကျင်းပမည်ဟု စစ်အုပ်စုက ကြွေးကြော်ထားသည့် ဒေသတို့တွင် စစ်ရေးတင်းမာလျက်ရှိသည်။ လောင်းလုံးမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် လေးခုနှင့် ကျေးရွာအုပ်စု ၄၁ အုပ်စုရှိသည့်အနက် မြို့ပေါ် ရပ်ကွက် လေးခုနှင့် မောင်းမကန်၊ စခန်းကြီး၊ ကမြောကင်း ကျေးရွာအုပ်စုတို့တွင်သာ စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပမည်ဖြစ်သည်။ သို့သော် ရွေးကောက်ပွဲကျင်းပမည့် ဇန်နဝါရီလ ၂၅ ရက်မတိုင်မီ တော်လှန်ရေးတပ်တို့၏ တိုက်ခိုက်မှုများ ခံရပြီးနောက် စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပမည့်ဟု ကြွေးကြော်ထားသည့်နေရာတို့တွင်ပင် မဲပုံးမထောင်နိုင်တော့သည့် အခြေအနေနှင့် ကြုံတွေ့နေရသည်။ လတ်တလော အခြေအနေအရ စစ်အာဏာရှင်တပ် ထိန်းချုပ်ထားသည့် လောင်းလုံးမြို့ပေါ် ရပ်ကွက် လေးခုစလုံးနှင့် စစ်အာဏာရှင်တပ် ခလရ […]

ICJ ရောက် တရားတော်

Dawei Watch

January 20, 2026

‘ဘုန်းကြီးအမှု ရွာပတ်’ဆိုတဲ့ စကားဟာ အခုတော့ ‘ကမ္ဘာပတ်’တဲ့အထိ ဖြစ်သွားခဲ့ပါပြီ။ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီယာက မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စွဲထားတဲ့အမှုမှာ သီတဂူဆရာတော်ရဲ့ ဟောကြားချက်တချို့ဟာ သက်သေတွေအဖြစ် ပါလာပါတယ်။ ဒီကိစ္စဟာ ဘာသာရေးအရရော၊ လူ့အခွင့်အရေး ရှုထောင့်အရပါ စိတ်ဝင်စားဖို့ကောင်းသလို ဆွေးနွေးငြင်းခုံစရာတွေလည်း ရှိလာတဲ့ ကိစ္စပါ။ တကယ်တော့ ဗုဒ္ဓတရားတော်တွေဆိုတာ နာကြားရသူကို စိတ်အေးချမ်းစေတာပါ။ စိတ်ထဲမှာ သောကတွေ ပွေလီလာရင်၊ ညစ်ထေးလာရင် တရားရေအေးနဲ့ ဆေးကြောပြီး အပူမီးကို ငြှိမ်းသတ်ကြပါတယ်။ အခု ပြဿနာဖြစ်နေတဲ့ သီတဂူဆရာတော်ရဲ့ ဟောကြားချက်ဟာလည်း အဲဒီတုန်းက စစ်ခေါင်းဆောင်တွေနဲ့ စစ်တပ်အသိုက်အဝန်းရဲ့ အပူကို ငြှိမ်းပေးဖို့ ရည်ရွယ်ခဲ့ပုံရပါတယ်။ ဘာလို့လဲဆိုတော့ ဒီတရားကို ဟောတဲ့အချိန်ဟာ ၂၀၁၇ ခုနှစ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုကြောင့် […]

ပုန်းလျှိုးကွယ်လျှိုး ကျင်းပရမည့် လောင်းလုံး၊ သရက်ချောင်းနှင့် ပုလောက ရွေးကောက်ပွဲ

Dawei Watch

January 17, 2026

စစ်အုပ်စုက ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်မည့် တနင်္သာရီတိုင်းထဲမှမြို့နယ် ၃ ခုကို စစ်အာဏာရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ဒီဇင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ရွေးကောက်ပွဲအပိုင်း ၃ တွင် လောင်းလုံး၊ သရက်ချောင်းနှင့် ပုလောမြို့နယ်တို့ ပါဝင်ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပမည်ဖြစ်သည်။ စစ်အုပ်စုက ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲကာကျင်းပနေပြီး ၂၀၂၅ ဒီဇင်ဘာ ၂၈ ရက်တွင် အပိုင်း ၁ ကို ထားဝယ်၊ မြိတ်၊ ဘုတ်ပြင်းနှင့် ကော့သောင်းမြို့နယ်တို့တွင် ကျင်းပခဲသလို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် အပိုင်း ၂ ကို ရေဖြူ၊ […]