ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဆောင်းပါး

Starlink နဲ့ ပထဝီနိုင်ငံရေး

Dawei Watch

February 23, 2026

ဒီနေ့ခေတ်မှာ ကမ္ဘာ့နေရာအတော်များများဟာ အင်တာနက် အသုံးပြုခွင့်မရတဲ့ ပြဿနာကြီးနဲ့ ရင်ဆိုင်နေရဆဲပါ။ အမေရိကန်နည်းပညာဘီလီယံနာ အီလွန်မတ်စ်က Starlink ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှုကို စမိတ်ဆက်တုန်းက ရည်ရွယ်ချက်ဟာ ဒီပြဿာနာကို ဖြေရှင်းဖို့ပါ။ သမားရိုးကျ နည်းလမ်းတွေနဲ့ အင်တာနက်ချိတ်ဆက်ဖို့ မဖြစ်နိုင်တဲ့ နေရာတွေ၊ ကုန်ကျစရိတ်ကြီးလွန်းလို့ အင်တာနက်ချိတ်ဆက်ဖို့ လက်လျှော့ထားရတဲ့ ကမ္ဘာတစ်လွှားက ဒေသတွေဆီ အင်တာနက် အမြန်ဆုံးရောက်ရှိစေဖို့ ရည်ရွယ်ပြီး Starlink ကို ပုံစံထုတ်ဖန်တီးထားတာ ဖြစ်ပါတယ်။ ကမ္ဘာမှာ အခြားဂြိုဟ်တုအခြေပြု အင်တာနက်ကုမ္ပဏီတွေ ရှိနေပေမယ့်လည်း အီလွန်မတ်စ်ရဲ့ SpaceX ကုမ္ပဏီက Starlink ကို အရှိန်အဟုန်နဲ့ ချဲ့ထွင်နိုင်ခဲ့ပါတယ်။ Starlink ဟာ ကမ္ဘာ့ပတ်လမ်းထဲက ဂြိုဟ်တုအငယ်စားပေါင်း ၁၀,၀၀၀ လောက်နဲ့ ဖွဲ့စည်းထားတဲ့ ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှုစနစ်တစ်ခု ဖြစ်ပါတယ်။ Starlink ဂြိုဟ်တုတွေဟာ လေဆာနည်းပညာနဲ့ ဒေတာတွေကို […]

စစ်ကော်မရှင်က လေကြောင်းအားပြုပြီး တနင်္သာရီတိုင်းကို ထိုးစစ်ဆင်

Dawei Watch

February 21, 2026

စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲအပြီးတွင် တနင်္သာရီတိုင်းအတွင်း စစ်ရေးပိုမိုပြင်းထန်လာနေသည်။ Dawei Watch က ရရှိထားသည့် အချက်အလက်များအရ စစ်ကော်မရှင်က တနင်္သာရီတိုင်းအတွင်းရှိ တော်လှန်ရေး တပ်ဖွဲ့များ၏ တည်နေရာကို အသေးစိတ် ထောက်လှမ်းနေသည်မှာ ၆ လခန့်ရှိပြီဖြစ်သည်။ စစ်ကော်မရှင်၏ မြေပြင်တပ်များသို့ ညွှန်ကြားချက်များတွင် ပစ်မှတ်တည်နေရာများကို စနစ်တကျကောက်ယူပြီး တင်ပြရန်ဆိုသည့် အချက်ကို ဆက်တိုက်ဖော်ပြနေကြောင်း တွေ့ရသည်ဟု စစ်ရေးသတင်းရင်းမြစ်က Dawei Watch သို့ ပြောဆိုသည်။ ယခု ဖေဖော်ဝါရီလတွင်တော့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လာနေသည်။ တနင်္သာရီတိုင်းအတွင်း ယခုကဲ့သို့ လေယာဉ်ဖြင့် ရက်ဆယ်နှင့်ချီ နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုမျို မကြုံဖူးကြောင်း ဒေသခံများကဆိုကြသည်။ စစ်အာဏာရှင်တပ်၏ ဂျက်တိုက်လေယာဉ်များ၊ Y12၊ ရဟတ်ယာဉ်များ ကောင်းကင်ယံတွင် နေ့စဉ်ရက်ဆက် ဝဲပျံလျက်ရှိသည်။ တိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားသည့်နေရာများ၊ စစ်ရေးတင်းမာနေသည့်နေရာများကို […]

မြန်မာ့ဇီဝ တံတိုင်းပြိုလဲခြင်း

Dawei Watch

February 15, 2026

By Dawei Watch & Lighthouse Reports This story was supported by the Pulitzer Center Rainforest Reporting Grant.This story was produced with support from the Environmental Reporting Collective (ERC). သိန္ဓောရွာမှ ကြိုဆိုပါသည်။ ရွာကိုဖြတ်ပြီး ဆိုင်ကယ်ဖြင့် ၈ မိနစ်ခန့်သွားလိုက်ချိန်တွင် တွင်းကြီးများ မြေစာပုံကြီးများကို အနီးကပ်မြင်လိုက်ရသည်။ ပေ ၄၀ ကျော်ခန့် နက်သည့် ချိုင့်ခွက်ကြီးများကလည်း အစီအရီ၊ သစ်ပင်မရှိတော့သည့် တောင်ကတုံးများကလည်း ဝန်းရံလျက်ရှိနေသည်။ တနင်္သာရီအမျိုးသားဥယျာဉ်ထဲတွင်တည်ရှိသည့် သိန္ဓောရွာသည် ယခင်ဥယျာဉ်ခြံစိုက်ပျိုးမှုဖြင့် အသက်မွေးကြသော်လည်း စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် တစ်ရွာလုံးနီးပါး ခဲမိုင်းတူးသူများ အဖြစ် […]

၂၀၂၆ ထိုင်းရွေးကောက်ပွဲနဲ့ လိမ္မော်ရောင်လှိုင်း

Dawei Watch

February 7, 2026

ထိုင်းနိုင်ငံကို အပြောင်းအလဲလုပ်ချင်တဲ့ နိုင်ငံရေးပါတီတိုင်းအတွက် ရွေးကောက်ပွဲနိုင်တာနဲ့ အာဏာရတာဟာ လုံးဝတခြားစီပဲဆိုတာကို ခါးသီးတဲ့ အတွေ့အကြုံတွေက ပြထားပြီးသားပါ။ ထိုင်းဘုရင့်နိုင်ငံမှာ နိုင်ငံရေးသမားတွေ ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ စစ်ဗိုလ်ချုပ်ကြီးတွေဟာ ဘုရင်စနစ်ရဲ့ အထွတ်အထိပ်အာဏာကို ဦးထိပ်ထား အလုပ်အကျွေး ပြုနေကြပါတယ်။ ဒီနိုင်ငံမှာ ကွန်ဆာဗေးတစ်ဝါဒီတွေကပဲ အစိုးရအာဏာကို ချုပ်ကိုင်ထားကြတယ်။ ကွန်ဆာဗေးတစ်ဝါဒီတွေဟာ ရွေးကောက်ပွဲတွေကို လုပ်ခွင့်ပေးပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အာဏာကို ခြိမ်းခြောက်နိုင်တယ်လို့ ယူဆတဲ့ ရွေးကောက်ပွဲအောင်ပန်းရှင်တွေကို ဖြုတ်ချဖို့ အာဏာသိမ်းပွဲ မဟုတ်ရင် အခြားသော နိုင်ငံရေးပရိယာယ်တွေကို ဖန်တီးလေ့ ရှိပါတယ်။ ဒါပေမဲ့ မနက်ဖြန် (ဖေဖော်ဝါရီ ၈) မှာကျင်းပမယ့် ဒီတစ်ကြိမ်ရွေးကောက်ပွဲမှာတော့ အခြေအနေတွေ ထူးခြားလာနိုင်တယ်လို့ နက်တာဖွန် ရူအန်ပန်ယာဝပ်က ပြောပါတယ်။ သူက ဒီမိုကရေစီလိုလားတဲ့ ပြုပြင်ပြောင်းလဲရေးဝါဒီ ပြည်သူ့ပါတီရဲ့ ခေါင်းဆောင်ပါ။ […]

ထိပ်သီးစစ်ဗိုလ်ချုပ်တွေ ဖယ်ရှားလိုက်တဲ့ ရှီကျင့်ဖျင်

Dawei Watch

January 29, 2026

ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း တရုတ်စစ်ဘက် ထိပ်ပိုင်းခေါင်းဆောင်တွေကို ရာထူးကနေ အကြီးအကျယ် ဖယ်ရှားရှင်းလင်းမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်ဗိုလ်ချုပ်ကြီးတစ်ယောက်ကတော့ ဒီဘေးကနေ လွတ်ပြီးသားလို့ ယူဆရတဲ့ အနေအထားမှာ အချိန်အတော်ကြာ ရှိနေခဲ့ပါတယ်။ တရုတ်စစ်တပ်ရဲ့ စီနီယာအကျဆုံး စစ်ဘက်အရာရှိကြီးဖြစ်တဲ့ ကျန်းယုံရှာဟာ သမ္မတရှီကျင့်ဖျင်ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက် ဖြစ်ပါတယ်။ ၁၉၇၉ ခုနှစ် ဗီယက်နမ်နဲ့ ဖြစ်ခဲ့တဲ့ စစ်ပွဲမှာ ထူးထူးခြားခြား စွမ်းဆောင်နိုင်ခဲ့တာကြောင့် ကျန်းယုံရှာဟာ လက်ရှိ တရုတ်စစ်တပ်မှာ စစ်မြေပြင်အတွေ့အကြုံရှိတဲ့ ရှားရှားပါးပါး စစ်ဗိုလ်ချုပ်တွေထဲက တစ်ယောက် ဖြစ်ပါတယ်။ ဒီအချက်တွေကပဲ ရှီကျင့်ဖျင် ဦးဆောင်တဲ့ ဗဟိုစစ်ကော်မရှင် (CMC) ရဲ့ ဒုတိယဥက္ကဋ္ဌနှစ်ယောက်မှာ ကျန်းယုံရှာဟာ ပိုစီနီယာကျသူတစ်ယောက်အနေနဲ့ သူ့ရဲ့ ဩဇာအာဏာကို ပိုမိုခိုင်မာစေခဲ့ပါတယ်။ အကဲခတ်အချို့ကတော့ ဗိုလ်ချုပ်ကြီးကျန်းဟာ မကြာသေးခင်က ရာထူးက […]

ဂရင်းလန်းအရေးနောက်ကွယ်က အလှကုန်ဘီလျံနာ

Dawei Watch

January 26, 2026

ဂရင်းလန်းကျွန်းကို အမေရိကန်က အမြဲတမ်း အပြည့်အဝ ဝင်ရောက်အသုံးပြုခွင့် ရသွားပြီလို့ သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာလိုက်ပါပြီ။ ဂရင်းလန်းကို အင်အားသုံးသိမ်းပိုက်မယ့် ခြိမ်းခြောက်မှုကိုလည်း ပြန်ရုတ်သိမ်းလိုက်ပါပြီ။ ဒုတိယကမ္ဘာစစ်ပြီးကတည်းက အနောက်အုပ်စုရဲ့ လုံခြုံရေးကို အာမခံချက်ပေးထားတဲ့ နေတိုးအဖွဲ့ကို ပြိုကွဲလုနီးနီး ဖြစ်စေခဲ့တဲ့ ခြိမ်းခြောက်မှုကို ထရမ့်က ပြန်ရုတ်သိမ်းလိုက်တာပါ။ ဂရင်းလန်းကို အမေရိကန်က သိမ်းပိုက်မယ့် စိတ်ကူးဟာ ရွှေဝါရောင်ဆံပင်နဲ့ ကမ္ဘာ့ဩဇာအကြီးဆုံး လူရဲ့ ခေါင်းထဲကို ဘယ်လို ရောက်လာခဲ့တာပါလဲ။ ကမ္ဘာကျော်အလှကုန်အမှတ်တံဆိပ် Estée Lauder နဲ့ ဆက်စပ်နေပါတယ်။ ထရမ့်ရဲ့ ပထမအကြိမ် သမ္မတသက်တမ်းကာလတုန်းက တစ်ရက်မှာ သူ့ရဲ့ ထိပ်တန်းလက်ထောက်တစ်ယောက်ကို ဘဲဥပုံရုံးခန်းထဲမှာ ခေါ်တွေ့ခဲ့ပါတယ်။ “ထရမ့်က ကျွန်တော့်ကို ဘဲဥပုံရုံးခန်းထဲ ခေါ်တွေ့တယ်။ အမေရိကန်အနေနဲ့ ဂရင်းလန်းကျွန်းကို ဝယ်သင့်တယ်လို့ နာမည်ကြီးစီးပွားရေးသမားတစ်ယောက်က အကြံပြုထားတယ်ဆိုတဲ့အကြောင်း […]

စစ်အုပ်စု စီစဉ်ထားသလို ဖြစ်မလာသည့် လောင်းလုံးက ရွေးကောက်ပွဲ

Dawei Watch

January 25, 2026

ရွေးကောက်ပွဲ အပိုင်း ၃ တွင်ပါဝင်သည့် လောင်းလုံးမြို့နယ် ရွေးကောက်ပွဲမှာ စစ်အုပ်စုက မူလစီစဉ်ထားသည့်အတိုင်း ‌မဖြစ်လာဘဲ ဖြစ်သလိုသာ လုပ်လိုက်ရသော အခြေအနေမျိုး တွေ့ရသည်။ လောင်းလုံးမြို့နယ်တွင် ရပ်ကွက်လေးရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၄၁ အုပ်စု ရှိသည့်အနက် မြို့ပေါ် ၄ ရပ်ကွက်နှင့် မောင်းမကန်၊ စခန်းကြီး၊ ကမြောကင်း ကျေးရွာအုပ်စုတို့တွင်သာ ရွေးကောက်ပွဲ ကျင်းပမည်ဟု စစ်အုပ်စုက စီစဉ်ထားသည်။ သို့သော် အမှန်တကယ်ရွေးကောက်ပွဲပြုလုပ်သည့် ယနေ့တွင်မူ လောင်းလုံးမြို့ပေါ်တွင် မဲရုံမဖွင့်နိုင်တော့ဘဲ ၎င်းမဲရုံကို ထားဝယ်မြို့အနီး ကမြောကင်းရွာရှိ ထားဝယ်တက္ကသိုလ်သို့ ပြောင်းရွှေ့လိုက်ရသည်။ တော်လှန်ရေးတပ်တို့က ရွေးကောက်ပွဲ အကြိုနေ့ကတည်းက တိုက်ခိုက်မှုကြောင့် လုံခြုံရေးအခြေအနေအရ မြို့ပေါ်တွင် မဲပုံးမထောင်နိုင်တော့ခြင်းဖြစ်သည်။ ထိုသို့ မဲရုံရွှေ့လိုက်သဖြင့် မြို့ခံအချို့မှာ တကူးတကသွားရောက်မဲပေးစရာမလိုတော့ကြောင်း ပြောဆိုကြသည်။ “ထားဝယ်တက္ကသိုလ်ထဲ(မဲရုံ) ပြောင်းလိုက်တော့ တကူးတကမဲထည့်မယ့်သူကလွဲပြီး […]

ကြွေးကြော်ထားသည့်နေရာတို့ပင် မဲပုံးမထောင်နိုင်တော့သည့် လောင်းလုံး ရွေးကောက်ပွဲ

Dawei Watch

January 23, 2026

လောင်းလုံးမြို့နယ်တွင် စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲမှာ မည်ကာမတ္တအဆင့်ဖြစ်ရန်ပင် မသေချာလှတော့ပေ။ ရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပရန် ရက်ပိုင်းအလိုတွင် လောင်းလုံးမြို့ပေါ် အပါအဝင် ရွေးကောက်ပွဲကျင်းပမည်ဟု စစ်အုပ်စုက ကြွေးကြော်ထားသည့် ဒေသတို့တွင် စစ်ရေးတင်းမာလျက်ရှိသည်။ လောင်းလုံးမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် လေးခုနှင့် ကျေးရွာအုပ်စု ၄၁ အုပ်စုရှိသည့်အနက် မြို့ပေါ် ရပ်ကွက် လေးခုနှင့် မောင်းမကန်၊ စခန်းကြီး၊ ကမြောကင်း ကျေးရွာအုပ်စုတို့တွင်သာ စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပမည်ဖြစ်သည်။ သို့သော် ရွေးကောက်ပွဲကျင်းပမည့် ဇန်နဝါရီလ ၂၅ ရက်မတိုင်မီ တော်လှန်ရေးတပ်တို့၏ တိုက်ခိုက်မှုများ ခံရပြီးနောက် စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပမည့်ဟု ကြွေးကြော်ထားသည့်နေရာတို့တွင်ပင် မဲပုံးမထောင်နိုင်တော့သည့် အခြေအနေနှင့် ကြုံတွေ့နေရသည်။ လတ်တလော အခြေအနေအရ စစ်အာဏာရှင်တပ် ထိန်းချုပ်ထားသည့် လောင်းလုံးမြို့ပေါ် ရပ်ကွက် လေးခုစလုံးနှင့် စစ်အာဏာရှင်တပ် ခလရ […]