ICJ ရောက် တရားတော်
Dawei Watch
January 20, 2026‘ဘုန်းကြီးအမှု ရွာပတ်’ဆိုတဲ့ စကားဟာ အခုတော့ ‘ကမ္ဘာပတ်’တဲ့အထိ ဖြစ်သွားခဲ့ပါပြီ။ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီယာက မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စွဲထားတဲ့အမှုမှာ သီတဂူဆရာတော်ရဲ့ ဟောကြားချက်တချို့ဟာ သက်သေတွေအဖြစ် ပါလာပါတယ်။ ဒီကိစ္စဟာ ဘာသာရေးအရရော၊ လူ့အခွင့်အရေး ရှုထောင့်အရပါ စိတ်ဝင်စားဖို့ကောင်းသလို ဆွေးနွေးငြင်းခုံစရာတွေလည်း ရှိလာတဲ့ ကိစ္စပါ။ တကယ်တော့ ဗုဒ္ဓတရားတော်တွေဆိုတာ နာကြားရသူကို စိတ်အေးချမ်းစေတာပါ။ စိတ်ထဲမှာ သောကတွေ ပွေလီလာရင်၊ ညစ်ထေးလာရင် တရားရေအေးနဲ့ ဆေးကြောပြီး အပူမီးကို ငြှိမ်းသတ်ကြပါတယ်။ အခု ပြဿနာဖြစ်နေတဲ့ သီတဂူဆရာတော်ရဲ့ ဟောကြားချက်ဟာလည်း အဲဒီတုန်းက စစ်ခေါင်းဆောင်တွေနဲ့ စစ်တပ်အသိုက်အဝန်းရဲ့ အပူကို ငြှိမ်းပေးဖို့ ရည်ရွယ်ခဲ့ပုံရပါတယ်။ ဘာလို့လဲဆိုတော့ ဒီတရားကို ဟောတဲ့အချိန်ဟာ ၂၀၁၇ ခုနှစ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုကြောင့် […]


