ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဆောင်းပါး

တနင်္သာရီတိုင်းက တော်လှန်ရေးပူးပေါင်းတပ်များ၏ ပထမဆုံးမြို့သိမ်းတိုက်ပွဲ ဘယ်လောက်အရေးပါသလဲ

Dawei Watch

November 15, 2025

တော်လှန်ရေးတပ်များက တနင်္သာရီတိုင်းအတွင်း ပထမဆုံးမြို့သိမ်းတိုက်ပွဲအဖြစ် မောတောင်နယ်စပ်မြို့ကို နိုဝင်ဘာလ ၁၄ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်သည်။ ထိုင်း-မြန်မာနယ်စပ် တနင်္သာရီမြို့နယ်အတွင်းရှိ မောတောင်မြို့ကိုစတင်တိုက်ခိုက်ပြီး လေးရက်အကြာတွင် သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။ မောတောင်မြို့နှင့်အနီးဝန်းကျင်တွင် အမှတ် ၂၂၄ ခြေလျင်တပ်ရင်းအထိုင်စခန်းတစ်ခု ၊ အမြောက်ကုန်းတစ်ခု၊ ရဲစခန်း ၁ ခုနှင့် စစ်ဆေးရေးဂိတ်နှစ်ခုရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ထံမှသိရသည်။ မောတောင်မြို့အဝင်ရှိစစ်အာဏာရှင်တပ်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်များက နိုဝင်ဘာလ ၁၁ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး လေးရက်မြောက်နေ့တွင် မြို့ကိုသိမ်းပိုက်လိုက်ခြင်းဖြစ်သည်။ မောတောင်မြို့ရဲ့ ပထဝီဝင် မောတောင်မြို့မှာ ထိုင်းနိုင်ငံ ပရာကျွတ်ခရီခမ်ခရိုင် ဆင်ခွန်းနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ထိစပ်နေသည့် နယ်စပ်မြို့ဖြစ်သည်။ မောတောင်ကုန်သွယ်ရေးစခန်းကို ၂၀၁၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အာဏာမသိမ်းမီက မြိတ်မြို့မှ ရေထွက်ကုန်ပစ္စည်းများနှင့် သစ်တောထွက်ပစ္စည်းများ၊ ကြက်သွန်နီအပါအဝင် အခြားပစ္စည်းများကို ထိုင်းနိုင်ငံသို့တင်ပို့ရာ အဓိကလမ်းကြောင်းဖြစ်ခဲ့သည်။ စစ်အာဏာရှင်တပ်စခန်းများ၊ စစ်ဆေးရေးဂိတ်များနှင့် […]

သရဲလား၊ နတ်လား – ထားဝယ်တော်လှန်ရေး

Dawei Watch

November 7, 2025

ကြောက်ကြောက်နဲ့ မရေးဖြစ်တာကြာပါ့။ အခုလည်း ကြောက်ကြောက်နဲ့ပဲ သဘောမျှကြည့်ပါမယ်။ ဒီလို . . . ။ အများနည်းတူလိုပဲ ခေတ်မကောင်းတော့ ကိုယ်တွေလည်း သျှမ်းကမ်း (ထိုင်း) ကို ဝေလေလေနဲ့ ရောက်လာတာပေါ့။ ပြီးခဲ့ အပတ်တွေတုန်းက ထိုင်းတောင်ပိုင်းကို သူများတွေနဲ့ ကပ်လိုက်ခွင့်ရတယ်။ ထုံးစံအတိုင်း အမျိုးတွေနဲ့တွေ့တာပေါ့။ ရောင်စုံမီးတွေနဲ့ မြို့တော်က စားသောက်ဆိုင်၊ အလုပ်သမား တန်းလျား၊ ဒူရင်းတော၊ ဆီအုန်းတော့ အစုံပါပဲ။ အသံတွေလည်း နားထောင်ရတယ်။ မေးခွန်းက ငါတို့ ဘယ်ခရီးရောက်နေပြီလဲပေါ့။ သွားတော့ သွားနေတာပဲ။ ဒါပေမဲ့ ဘယ်သောင် ဘယ်ကမ်းဆိုက်နေပြီလဲ ပြောကြဆိုကြပေါ့။ စကားလုံးတွေကတော့ အများကြီး ထွက်လာတယ်။ သုံးယောက်နဲ့ လေးဖွဲ့ ဖြစ်နေတယ်။ ဆရာများနေတယ်။ သူတလူ ငါတစ်မင်း။ ဘာလို့ စုလို့ […]

ခိုရာနတ္ထိ တောမရှိသော်

Dawei Watch

November 1, 2025

ယနေ့မြန်မာ့နိုင်ငံရေး မိုးလေဝသအခြေအနေများအရ ‘တောခို’ ဟူသော စကားလုံးမှာ နေရာအချို့တွင် အသုံးတည့် အသုံးတွင်ဆဲဖြစ်၏။ ထိုစကားလုံး၏ အဓိပ္ပာယ်ကိုတွေးကြည့်လျှင် တောတောင်ရှိရာ အရပ်သို့သွား၍ ခိုမှီး၏ ဟု ရိုးရိုးပင် နားလည်နိုင်သော်လည်း နိုင်ငံရေး အဓိပ္ပာယ် အရမူ ဦးတည်ချက်တခုခုဖြင့် ရန်ဘေးလွတ်ရာ အရပ်သို့သွားရောက်ခိုမှီးကာ အလိုရှိရာ ဆန္ဒပြည့်မြောက်အောင် အားထုတ်ခြင်းမျိုး ဖြစ်သည်ကို အများစု သဘောပေါက်ကြပြီး ဖြစ်သည်။ ဆွေးနွေးလိုသည်မှာ ခိုစရာတောအကြောင်းဖြစ်သည်။ တော ဟူသည်ကို ယင်း၏ အနက်အတိုင်း သစ်ပင်များထူထပ်စွာပေါက်နေသည့် ပကတိ တောအုပ်ကြီးဟုလည်း မြင်နိုင်သလို တော သည်ပင် အကာအကွယ်၊ ခိုလှုံရာ၊ အစာပေးရာ၊ တည်းခိုစရာနေရာ၊ သဘာဝသယံဇာတ အစရှိသည့် အဖိုးတန် အရင်းအမြစ် တခု အဖြစ် ရှုမြင်နိုင်သည်။ တောခိုသူတို့သည် တောကို အရင်းပြုကာ […]

ဂျပန်သံမဏိလေဒီနှင့် ရွှေ့ပြောင်းနေထိုင်သူများအရေး

Dawei Watch

October 28, 2025

၂၀၀၈ ခုနှစ်မှာ ဂျပန်နိုင်ငံရဲ့ လူဦးရေဟာ ၁၂၈ သန်း ဝန်းကျင်နဲ့ အများဆုံး အနေအထားကို ရောက်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကစလို့ တောက်လျှောက်ကျဆင်းလာခဲ့တဲ့ ဂျပန်လူဦးရေဟာ ၂၀၇၀ ပြည့်နှစ်မှာ ၈၇ သန်းအထိ ကျဆင်းသွားနိုင်တယ်လို့ လက်ရှိခန့်မှန်းချက်တွေက ဆိုပါတယ်။ ၂၁၀၀ ပြည့်နှစ်မှာတော့ ဂျပန်လူဦးရေဟာ ၆၃ သန်းသာ ကျန်ရှိနိုင်ပြီး အလုပ်လုပ်နိုင်တဲ့ လူဦးရေဟာ နိုင်ငံ့လူဦးရေသာ ထက်ဝက်သာ ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ လူဦးရေအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ဂျပန်နိုင်ငံမှာ သက်ကြီးရွယ်အိုအရေအတွက် တိုးပွားလာမှုနဲ့အတူ ပင်စင်ကြေးနဲ့ ဆေးဝါးစောင့်ရှောက်မှုစရိတ်မြင့်တက်မှု ပြဿနာတွေပါ ထပ်ပေါင်းစပ်နေပါတယ်။ ဆရာ/ဆရာမ ၊ ဆရာဝန်နဲ့ လူနာစောင့်ရှောက်ရေး စတဲ့ ဂျပန်နိုင်ငံက အသက်မွေးဝမ်းကျောင်းလုပ်ငန်းတော်တော်များများမှာ လုပ်သားရှားပါးမှုပြဿနာနဲ့ ဆိုးဆိုးရွားရွား ရင်ဆိုင်နေရပါတယ်။ ဂျပန်နိုင်ငံရဲ့ ကလေးမွေးဖွားမှုနှုန်းဟာ ၂၀၂၄ ခုနှစ်မှာ […]

အမေရိကန်အကူအညီ ဖြတ်တောက်ပြီးနောက်ဝယ်

Dawei Watch

October 16, 2025

မိုဟာမက်တာဟာဟာ ၂ နှစ်သားအရွယ် သူ့သားလေးရဲ့ အသက်မဲ့ခန္ဓာကိုယ်ကို ပွေ့ဖက်လို့ ရှိုက်ကြီးတငင် ငိုကြွေးနေခဲ့ပါတယ်။ မြန်မာနိုင်ငံက သူတို့ နေထိုင်ရာ စစ်ဘေးရှောင်စခန်းမှာ ဧပြီလစလို့ သူ့မိသားစုအတွက် စားနပ်ရိက္ခာရောက်မလာတော့ပါဘူး။ အဲဒီနောက်ပိုင်းမှာတော့ အရင်က တက်ကြွရွှင်လန်းခဲ့တဲ့ သားငယ်လေးဟာ ဝမ်းလျှောလို့ ၊ အစားအစာကို တဆာဆာ တောင်းခံလို့ တဖြည်းဖြည်းအားနည်းချည့်နဲ့လာခဲ့တာကို သူ ဘာမှမတတ်နိုင်ဘဲ ကြည့်နေခဲ့ရတာပါ။ တာဟာရဲ့ သားငယ်လေး သေဆုံးပြီးနောက် နှစ်ပတ်တိတိအကြာ မေလ ၂၁ ရက်နေ့မှာတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို ဟာ ကွန်ဂရက်လွှတ်တော်ရှေ့မှာ ထိုင်ပြီး ကြေညာခဲ့ပါတယ်။ အမေရိကန်အစိုးရရဲ့ နိုင်ငံခြားအထောက်အပံ့ပေးရေး အစီအစဉ်တွေကို ဖြတ်တောက်လိုက်တာကြောင့် “ဘယ်သူမှ မသေဆုံးရသေးဘူး”လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။ “ကျွန်တော် တာဝန်ယူနေတဲ့အတောအတွင်း ဘယ်ကလေးသူငယ်မှ သေဆုံးတာ မရှိဘူး”လို့ အခိုင်အမာ […]

NCA ဧယင်ကျူးပွဲ

Dawei Watch

October 14, 2025

NCA ဆိုတဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြတာ ၁၀ နှစ် တင်းတင်းပြည့်ပါပြီ။ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာလည်း နေပြည်တော်မှာလည်း ပွဲသဘင်ကို ဝှဲချီးကျင်းပဖို့ ပြင်ဆင်နေပါတယ်။ ပွဲကို အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့ စစ်တပ်ရဲ့ သက်တော်ရှည် ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုယ်စားလှယ်တဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ကြီးကြပ်နေပါတယ်။ ဒါပေမဲ့ တကယ်ကျတော့ အခုပွဲဟာ ငွေကုန်၊ အချိန်ကုန်၊ အလုပ်ရှုပ်ခံပြီး ပျော်ပျော်ပါးပါးစားသောက်ကြတဲ့ အခမ်းအနားတခုထက် မပိုဘူးဆိုတာကိုတော့ သူတို့တွေ မသိချင်ယောင်ဆောင်ထားကြပါတယ်။ NCA ဟာ လွန်ခဲ့တဲ့လေးနှစ်ကျော်ကတည်းက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သတ်လို့ သေခဲ့ပြီးပါပြီ။ ဒါကိုပဲ အလောင်းကို မှန်ခေါင်းသွင်းပြီး အသက်ရှိနေသေးဟန်နဲ့ ထင်ယောင်မှားအောင် ပြနေတာပါ။ NCA ရဲ့နောက်ခံရာဇဝင်ကို ပြန်ပြောင်းအောက်မေ့ အတိုချုပ်ရရင် သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ […]

အရှေ့တီမောက ဘာကြောင့် မြန်မာစစ်အုပ်စုနဲ့ ပလဲနံပသင့်ချင်တာလဲ

Dawei Watch

October 2, 2025

အောက်တိုဘာလ အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ အာဆီယံအဖွဲ့ဝင်အဖြစ် ချောချောမွေ့မွေ့ ဝင်ရောက်နိုင်ရေး အရှေ့တီမောက ကြိုးစားနေချိန် မြန်မာစစ်အုပ်စုအပေါ် အရှေ့တီမောရဲ့ သဘောထားရပ်တည်ချက် ပြောင်းလဲသွားမှုဟာ အရှေ့တောင်အာရှတလွှားမှာ သတိထားစောင့်ကြည့်မှုတွေ ဖြစ်ပေါ်လာစေခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရွေးကောက်ခံ အစိုးရကို ဖြုတ်ချပြီး နိုင်ငံကို ပြည်တွင်းစစ်မက် ပဋိပက္ခထဲ နစ်မြုပ်စေခဲ့တဲ့ ၂၀၂၁ စစ်အာဏာသိမ်းမှုနဲ့အတူ အာဏာရလာတဲ့ မြန်မာစစ်အုပ်စုကို ပြင်းပြင်းထန်ထန် ကျယ်ကျယ်လောင်လောင် ဝေဖန်ပြောဆိုလေ့ရှိခဲ့တဲ့ အရှေ့တီမောဟာ မကြာသေးမီ သီတင်းပတ်တွေအတွင်းမှာပဲ မြန်မာစစ်အုပ်စုအပေါ် သိသိသာသာ ပိုမိုပျော့ပျောင်းတဲ့ သဘောထားကို ကျင့်သုံးလာခဲ့ပါတယ်။ အရှေ့တီမောမြေပေါ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လို အတိုက်အခံအုပ်စုတွေကို လှုပ်ရှားခွင့် ၊ ရုံးခန်းဖွင့်ခွင့် ပေးမှာ မဟုတ်ဘူးလို့ အရှေ့တီမောအစိုးရက မြန်မာစစ်အုပ်စုကို အခုလ အစောပိုင်းမှာပဲ အာမခံပြောဆိုခဲ့ပါတယ်။ ဒါဟာ အရှေ့တီမောရဲ့ သံတမန်ရေး […]

ပျားရည်နဲ့ ဝမ်းချဖို့ ကြိုးစားတဲ့ စစ်ခေါင်းဆောင်ရဲ့ တနင်္သာရီခရီး

Dawei Watch

September 23, 2025

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မကြာသေးခင်က တနင်္သာရီတိုင်း ခရီးစဉ်ဟာ ဒေသဖွံ့ဖြိုးရေးနဲ့ စီးပွားရေးမြှင့်တင်ဖို့ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ပြည်သူလူထုကို ဖြားယောင်းသွေးဆောင်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ထားဝယ်နဲ့ မြိတ်ဒေသခံတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာ သူက ဒေသရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ်လို့ ကတိတွေ အများအပြား ပေးခဲ့ပါတယ်။ “မိမိအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်နှင့် လိုအပ်သည်များ အပြန်အလှန်ဆွေးနွေးနိုင်ရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း” ဆိုပြီးလည်း စက်တင်ဘာလ ၁၈ ရက်နေ့ ထားဝယ်မြို့ခရီးစဉ်မှာ မင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်။ မင်းအောင်လှိုင်ရဲ့ ကတိတွေဟာ အပေါ်ယံကြည့်လိုက်ရင် အားတက်စရာကောင်းပုံရပေမယ့် လက်ရှိ မြေပြင်က တိုက်ပွဲတွေအခြေအနေ၊ နိုင်ငံရေးအခြေအနေတွေနဲ့ ပြန်ချိန်ထိုးကြည့်မယ်ဆိုရင်တော့တကယ်တမ်း အကောင်အထည်ဖော်နိုင်ဖို့ ခက်ခဲတဲ့ မက်လုံးတွေ၊ မရေရာတဲ့ မျှော်လင့်ချက်တွေပဲ ဖြစ်နေတာကို တွေ့ရမှာပါ။ တစ်ဖက်မှာလည်း လုံခြုံရေးကိုသာ […]