တနင်္သာရီ၊ မြို့နယ်လေးခုက ကြောက်ရွံ့မဲပေးပွဲ
Dawei Watch
August 23, 2025တစ်နိုင်ငံလုံး စစ်မီးတောက်နေချိန်တွင် စစ်ကော်မရှင်က ရွေးကောက်ပွဲ ကျင်းပနိုင်ရေး စိုင်းပြင်းလုပ်ဆောင်နေပြီး မြန်မာနိုင်ငံသမိုင်းတွင် ကျင်းပဖူးခြင်းမရှိသည့် ပုံစံဖြင့် ရွေးကောက်ပွဲကို ကျင်းပမည်ဟု ကြေညာထားသည်။ ရွေးကောက်ပွဲကို တစ်ရက်ထဲ ကျင်းပမည်မဟုတ်ဘဲ အပိုင်းလိုက်ခွဲ၍ ကာလရှည်ကျင်းပသွားမည်ဟုဆိုသည်။ စစ်ကော်မရှင်၏ ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး မျှတသည့် ရွေးကောက်ပွဲဖြစ်ရေးကို ဦးတည်ထားခြင်းမရှိဘဲ မရရသည့်နည်းဖြင့် ရွေးကောက်ပွဲကျင်းပပြီး ရလဒ်တစ်ခု ထုတ်ပြန်နိုင်ရန်သာ ရည်ရွယ်သော သဘောဖြစ်သည်။ စစ်ကော်မရှင်ဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံတဝန်းရှိ မြို့နယ် ၁၀၂ ခုတွင် ရွေးကောက်ပွဲအပိုင်း ၁ ကို လာမည့် ဒီဇင်ဘာ ၂၈ ရက်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သြဂုတ်လ ၂၀ ရက်နေ့ကြေညာလိုက်သည်။ ကျန်သည့်အစီအစဉ်များကို ထုတ်ပြန်ခြင်းမရှိသေးဘဲ ဆက်လက်ထုတ်ပြန်သွားမည်ဟုသာဆိုသည်။ ရွေးကောက်ပွဲအပိုင်း ၁ တွင် တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ် ၄ […]


