ဝမ်းရေးအတွက် တူကိုင်နေရသော လက်ကလေးများ
Dawei Watch
June 25, 2025ငါးတန်းကျောင်းသား မောင်လင်းလက်တစ်ယောက် နံနက်စောစောတွင် ပလတ်စတစ်အိတ်ဖြင့် ထည့်ထားသည့် ထမင်းထုပ်ကိုကိုင်ပြီး ကူးတို့လှေငယ်စီးကာ တစ်ဖက်ကမ်းသို့ ကူးသွားလေ့ရှိသည်။ တနင်္သာရီမြို့နယ်၊ ဘန်းပြည့်ရွာတွင်နေထိုင်သည့် မောင်လင်းလက်က ရွာတစ်ဖက်ကမ်းရှိ သိန္ဓောရွာသို့ နေ့ချင်းပြန်သွားပြီး ညနေစောင်းချိန်တွင် လှေပြန်စီးကာ အိမ်ပြန်လေ့ရှိသည်က နိစ္စဓူဝတစ်ခုဖြစ်သည်။ သူသွားသည့်နေရာကား စာသင်ခုံများ၊ စာအံသံများဖြင့် စည်ကားနေသည့် စာသင်ကျောင်းတော့ မဟုတ်ပေ။ သစ်သားဖြင့် ပြုလုပ်ထားသည့် မျှောစင်များ၊ ကျောက်တုံးကျောက်ခဲများနှင့် စက်ယန္တရားများရှိရာ သတ္တုလုပ်ကွက်ပင်။ ဘန်းပြည့်ရွာ တစ်ဖက်ကမ်း သိန္ဓောရွာရှိ သတ္တုတူးဖော်နေသည့်နေရာအနီးတဝိုက်နှင့် မျှောစင်များက ကျောင်းနေအရွယ် မောင်လင်းလက်အတွက် နေ့စဉ်ကျင်လည်ရာ နေရာများဖြစ်လာသည်။ ခဲလုပ်ကွက်များအနီးရှိ ကျောက်တုံးများကို တူဖြင့်ထု(ကျောက်ကပ်ထု)ပြီး ခဲသတ္တုပါဝင်သည့် ကျောက်တုံး၊ ကျောက်ခဲ အသေးလေးများဖြစ်အောင်လုပ်ကာ မိသားစုစားဝတ်နေရေးအတွက် တစ်ဖက် တစ်လမ်းမှ ဝင်ငွေရှာနေရခြင်း ဖြစ်သည်။ ထုခွဲထားသည့် ကျောက်တုံးအသေးများကို နေအိမ်တွင်ပြန်ကြိတ်ကာ […]


