ပေါက်ကွဲပစ်ခတ်မှုများဖြင့် ထားဝယ်မြို့နယ်က ရွေးကောက်ပွဲ
Dawei Watch
December 28, 2025လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် အာမခံထားသောကြောင့် နာမည်ပျက်မခံဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မဲပေးအပြီးတွင် မီီဒယာများကို ပြောဆိုလိုက်သည်။ သို့သော် ပဋိပက္ခများအကြား၊ ဖိအားပေးမှုများအကြား လက်နက်ကိုင် တရုန်းရုန်းဖြင့် ကျင်းပခဲ့သော ရွေးကောက်ပွဲမှာ တရားမျှတမှု၊ လွတ်လပ်မှုများ မရှိဟု ပြည်သူအများစုက ဆိုကြသည်။ ယနေ့ ဒီဇင်ဘာလ ၂၈ ရက်တွင် တနင်္သာရီတိုင်းအတွင်း၌လည်း မြို့နယ် ၄ ခုတွင် ရွေးကောက်ပွဲပြုလုပ်ခဲ့ပြီး ထားဝယ်မြို့နယ်တွင်တော့ ထားဝယ်အရှေ့တောဒေသ(ထိုင်းမြန်မာနယ်စပ်) တစ်ခွင်လုံးနှင့် မြို့ဝန်းကျင် ကျေးရွာအုပ်စုနှစ်ခုမှအပ မြို့ပေါ်ရပ်ကွက်အားလုံးနှင့် စစ်အုပ်စုလက်လှမ်းမီသမျှ ကျေးရွာအုပ်စုများတွင် မဲရုံများ ဖွင့်လှစ်ထားသည်။ ထားဝယ်မြို့နယ်တွင် မဲပေးခွင့်ရှိသူ ကိုးသောင်းကျော်ရှိပြီး မဲရုံ ၄၉ ရုံဖြင့် ရွေးကောက်ပွဲပြုလုပ်နေကြောင်း တိုင်းရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။ စစ်ကော်မရှင်၏ ယနေ့ရွေးကောက်ပွဲတွင် မဲပေးသူ အထိုက်အလျှောက်ရှိခဲ့ပြီး […]


