ဂရင်းလန်းအရေးနောက်ကွယ်က အလှကုန်ဘီလျံနာ
Dawei Watch
January 26, 2026ဂရင်းလန်းကျွန်းကို အမေရိကန်က အမြဲတမ်း အပြည့်အဝ ဝင်ရောက်အသုံးပြုခွင့် ရသွားပြီလို့ သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာလိုက်ပါပြီ။ ဂရင်းလန်းကို အင်အားသုံးသိမ်းပိုက်မယ့် ခြိမ်းခြောက်မှုကိုလည်း ပြန်ရုတ်သိမ်းလိုက်ပါပြီ။ ဒုတိယကမ္ဘာစစ်ပြီးကတည်းက အနောက်အုပ်စုရဲ့ လုံခြုံရေးကို အာမခံချက်ပေးထားတဲ့ နေတိုးအဖွဲ့ကို ပြိုကွဲလုနီးနီး ဖြစ်စေခဲ့တဲ့ ခြိမ်းခြောက်မှုကို ထရမ့်က ပြန်ရုတ်သိမ်းလိုက်တာပါ။ ဂရင်းလန်းကို အမေရိကန်က သိမ်းပိုက်မယ့် စိတ်ကူးဟာ ရွှေဝါရောင်ဆံပင်နဲ့ ကမ္ဘာ့ဩဇာအကြီးဆုံး လူရဲ့ ခေါင်းထဲကို ဘယ်လို ရောက်လာခဲ့တာပါလဲ။ ကမ္ဘာကျော်အလှကုန်အမှတ်တံဆိပ် Estée Lauder နဲ့ ဆက်စပ်နေပါတယ်။ ထရမ့်ရဲ့ ပထမအကြိမ် သမ္မတသက်တမ်းကာလတုန်းက တစ်ရက်မှာ သူ့ရဲ့ ထိပ်တန်းလက်ထောက်တစ်ယောက်ကို ဘဲဥပုံရုံးခန်းထဲမှာ ခေါ်တွေ့ခဲ့ပါတယ်။ “ထရမ့်က ကျွန်တော့်ကို ဘဲဥပုံရုံးခန်းထဲ ခေါ်တွေ့တယ်။ အမေရိကန်အနေနဲ့ ဂရင်းလန်းကျွန်းကို ဝယ်သင့်တယ်လို့ နာမည်ကြီးစီးပွားရေးသမားတစ်ယောက်က အကြံပြုထားတယ်ဆိုတဲ့အကြောင်း […]


