ပုလောမြို့နယ်၊ ပလမြို့ကို စစ်ကြောင်းထိုးလာ၍ စစ်ရှောင်များ ထပ်မံထွက်ပြေး
Dawei Watch
July 15, 2026ပုလောမြို့နယ်၊ ပလမြို့ကျေးရွာအချို့ကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာသဖြင့် စစ်ရှောင်နေသော ဒေသခံများမှာ ရှောင်နေသည့်နေရာမှ ထပ်မံပြောင်းရွှေ့ထွက်ပြေးနေရကြောင်း သိရသည်။ ဇူလိုင်လ ၈ ရက်နေ့တွင် စစ်အာဏာရှင်တပ်စစ်ကြောင်းက ဇရပ်ဆိပ်ရွာဘက်ကို စစ်ကြောင်းထိုးလာသဖြင့် မြိတ်-ထားဝယ်လမ်းပိုင်းရှိ ကျေးရွာများမှဒေသခံများ စစ်ဘေးရှောင် ထွက်ပြေးကြရကြောင်း စစ်ဘေးရှောင်ကူညီနေသူများက ဆိုသည်။ မြိတ်-ထားဝယ်လမ်းပိုင်းရှိ ကြဲရွာ၊ စက်တော်ရာရွာ၊ တပိုရွာ၊ ဘိုင်းပြင်ရွာ၊ ဇရပ်ဆိပ်ရွာနှင့် မင်းပြင်ရွာရှိ ဒေသခံများသည် နီးစပ်ရာရွာအနီးရှိ တောတောင်များတွင် ရှောင်နေကြရကြောင်း၊ ဇူလိုင်လ ၁၄ ရက်နေ့တွင် စစ်အာဏာရှင်စစ်ကြောင်းက ဇရပ်ဆိပ်ရွာသို့ ရောက်ရှိလာသဖြင့် ထပ်မံပြောင်းရွှေ့ ထွက်ပြေးရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ထပ်ပြောင်းရတော့ လမ်းမှာရေတွေကလည်းကြီး၊ မိုးကလည်းရွာ၊ စစ်ကြောင်းလည်းထိုးနေတယ်။ ပြေးဖို့မြေမရှိသလိုမျိုး ဖြစ်နေတယ်။ မိုးရွာထဲ အကုန်ပြေးနေရတယ်” ဟု အထက်ပါဒေသခံက ပြောသည်။ ဥယျာဉ်ခြံထဲသို့ ရှောင်သည့်စစ်ရှောင်အများစုသည် […]


