ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်မြို့၊ အိုးလုပ်ပြင်ကမ်းတွင် မီးလောင်မှုဖြစ်

July 8, 2026

ပုံစာ - အိုးလုပ်ပြင်ကမ်းနား မီးလောင်မှုတွင် မီးသတ်ကားအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - ကရုဏာ (မြိတ်)။

မြိတ်မြို့၊ ရေနံမြေရပ်ကွက်၊ အိုးလုပ်ပြင်ကမ်းနားအနီး ဇူလိုင်လ ၇ ရက် ည ၈ နာရီဝန်းကျင်က မီးလောင်ခဲ့ကြောင်း မြို့ခံများနှင့် မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ကမ်းနားအနီး ငါး၊ ပုစွန်ထည့်သည့် ရေခဲပုံးများ စီထားသည့်နေရာတွင် မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မီးလောင်မှုကြောင့် လူနှင့် အဆောက်အအုံ ထိခိုက်ပျက်စီးမှု မရှိကြောင်း မြိတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“လမ်းကြားလေးထဲမှာ လောင်တာပါ။ အိမ်တွေကို မီးကူးတာ၊ ထိခိုက်တာ မရှိပါဘူး။ ဘယ်ကစဖြစ်လဲတော့ အတည်ပြုနေဆဲပါ” ဟု ၎င်းက ပြောဆိုသည်။

မီးလောင်သည့် အိုးလုပ်ပြင်ကမ်းနားတွင် မီးသတ်ကားများနှင့် လူမှုကူညီရေးအသင်းများ၏ ကားများ လာရောက်ကူညီပေးခဲ့ကြောင်း မြို့ခံအချို့ မှတ်တမ်းတင်ထားသည့် ရုပ်သံများ၌ တွေ့ရသည်။

ပုံစာ – အိုးလုပ်ပြင်ကမ်းနား မီးလောင်မှုတွင် မီးသတ်ကားအချို့အား တွေ့ရစဉ်။

ဓာတ်ပုံ – ကရုဏာ (မြိတ်)။Dawei Watch | ဇူလိုင် ၈