ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

မြိတ်တွင် နှစ်ဝက်အတွင်း ဓာတ်လိုက်သေဆုံးသူ ငါးဦးရှိ

Dawei Watch

July 7, 2026

ယခု နှစ်ဝက်ကာလအတွင်း မြိတ်မြို့တွင် ဖြစ်ခဲ့သည့် ဓာတ်လိုက်သေဆုံးမှုငါးခုအနက် လေးခုမှာ လုပ်ငန်းခွင်အတွင်း လျှပ်စစ်အသုံးပြု လုပ်ကိုင်စဉ် မတော်တဆ ဓာတ်လိုက်သေဆုံးသည်ကို တွေ့ရသည်။

စစ်အာဏာရှင်တပ် ပြန်ဆုတ်ပြီးနောက် မော်တုန်း (အ‌ရှေ့ကမ်း) ရွာကို လက်နက်ကြီးများဖြင့်ပစ်ခတ်

Dawei Watch

July 6, 2026

စစ်အာဏာရှင်တပ်က တနင်္သာရီမြို့သို့ ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံလေးဦးအနက် နှစ်ဦးကို ခံဝန်ဖြင့် ပြန်လွှတ်လိုက်သည်ဟု ဆိုသည်။

စစ်အာဏာရှင်တပ် မော်တုန်းရွာသားလေးဦးကိုဖမ်းပြီး နှစ်ရက်ကြာအထိပြန်မလွှတ်သေး

Dawei Watch

July 4, 2026

မော်တုန်း (အရှေ့ကမ်း) တွင် ညမထွက်ရအမိန့်ထုတ်ထားသလို အိမ်ထောင်စုစာရင်းလည်း တစ်အိမ်ချင်းစီ လိုက်လံစစ်ဆေးနေကြောင်း ဆိုသည်။

ပလမြို့ကို ဆန်သယ်ယူခွင့်ပိတ်ထား၍ ဒေသတွင်းဆန်ကိုသာ အားထားနေရ

Dawei Watch

July 2, 2026

ပုလောမြို့နယ်၊ ပလမြို့တွင် စစ်အာဏာရှင်တပ်က ဆန်အပါအဝင်၊စားနပ်ရိက္ခာသယ်ယူခွင့် တားမြစ်ထား၍ ဒေသတွင်းဆန်များကိုသာ အားကိုးစားသောက်နေရကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့်နှစ် ဇူလိုင်လတွင် စစ်အာဏာရှင်တပ်က ပလမြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် စားနပ်ရိက္ခာသယ်ယူခွင့် ပိတ်ပင်ထားခြင်းဖြစ်သည်။ ကားလမ်းများကို ရံဖန်ရံခါ ပိတ်ပင်ထားလေ့ရှိပြီး ပြီးခဲ့သည့်ဇွန်လမှစကာ ကားလမ်းကို နံနက် ၇ နာရီမှ နေ့လယ် ၁ နာရီခန့်အထိ ဖွင့်ပေးသော်လည်း ဆန်ကားများဖြတ်သန်းခွင့် မရရှိကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ဆန်ကလွဲရင် ကျန်တာအကုန် ဝယ်လို့ရတယ်။ မတင်ခိုင်းတော့ ဘယ်ကားမှလည်း မတင်ဘူး။ ဆန်ကားတွေလည်း မလာကြဘူး။ စပါးကြိတ်စက်တွေမှာ သွားဝယ်ရပြီး ဈေးတော့ တက်လာတယ်။ လယ်လုပ်သမားတွေတော့ ရှိတယ်လေ” ဟု အထက်ပါဒေသခံက ပြောသည်။ ဘိုင်းပြင်၊ ဇရပ်ဆိပ်၊ မင်းပြင်၊ တပို၊ စက်တော်ရာ၊ ကြဲနှင့် […]

စစ်အာဏာရှင်တပ်က မော်တုန်းရွာကို စစ်ကြောင်းထိုး

Dawei Watch

July 2, 2026

တနင်္သာရီမြို့နယ်၊ မော်တုန်းကျေးရွာအုပ်စု၊ မော်တုန်းရွာ (အနောက်ကမ်း) ကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများထံမှ သိရသည်။ ဇူလိုင်လ ၂ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မော်တုန်းရွာ (အရှေ့ကမ်း) အခြေစိုက် စစ်အာဏာရှင်တပ် အမှတ် (၃၀၆) အမြောက်တပ်နှင့် အောက်ကင်းရွာအခြေစိုက် (၅၅၇) ခြေလျင်တပ်ရင်းတို့ ပူးပေါင်း၍ စစ်အာဏာရှင်တပ်သား ၃၀ ခန့်က မော်တုန်းရွာ ကူးတို့ဆိပ်သို့ စစ်ကြောင်းထိုးပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ စစ်အာဏာရှင်တပ်က ၈၁ မမ နှစ်လုံး၊ ၄၀ မမ တစ်လုံးဖြင့် မော်တုန်းရွာ အနောက်ကမ်းမှတစ်ဆင့် မော်တုန်းရွာ အရှေ့ကမ်းသို့ ပစ်ခတ်ခဲ့ကြောင်း […]

တနင်္သာရီ စစ်ဘေးရှောင်များ ငှက်ဖျားနှင့် တုပ်ကွေးအဖြစ်များပြီး ဆေးကုသရန်ခက်ခဲ

Dawei Watch

June 30, 2026

စစ်ဘေးရှောင်များသည် တောအတွင်းရှိ စမ်းချောင်းများ၏ နံဘေးတွင် တဲများထိုး၍ တိမ်းရှောင်နေကြပြီး ဆေးဝါးကုသရန်အတွက် လှေဖြင့် နေ့တစ်ဝက်ခန့် သွားလာရကြောင်း ဆိုသည်။

မောတောင်မြို့နှင့် ရွာ ၁၀ ရွာက ကွမ်းသီးများကို စစ်အာဏာရှင်တပ် ကားများဖြင့်သယ်ယူ

Dawei Watch

June 26, 2026

ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့နှင့် အနီးဝန်းကျင်ရှိ ကျေးရွာ ၁၀ရွာ ကွမ်းသီးများကို စစ်အာဏာရှင်တပ်သားများသည် ကားများဖြင့် တနင်္သာရီမြို့သို့ သယ်ယူနေကြောင်း ဒေသခံများက ပြောသည်။ ဇွန်လ အစပိုင်းမှစ၍ ၂၀ရက်အထိ စစ်အာဏာရှင်တပ်က မောတောင်မြို့နှင့် ကျေးရွာများရှိ နေအိမ်များတွင် သိုလှောင်ထား သည့် ကွမ်းသီးခြောက်များနှင့် အခွံနွှာပြီးသား ကွမ်းသီးများကို သယ်ယူနေခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံများက ဆိုသည်။ မောတောင်မြို့၊ အမှတ်၁ရွာ၊ အမှတ်၃ရွာ၊ အမှတ်၅ရွာနှင့် အမှတ်၈ရွာအပါအဝင် အနီးရှိ ကျေးရွာ ၁၀ရွာရှိ နေအိမ်များတွင် ကွမ်းသီးရာသီဖြစ်သဖြင့် ကွမ်းသီးခြောက်များနှင့် နေလှန်းထားသည့်ကွမ်းသီးများသည် နေအိမ်အများစုတွင်ရှိနေကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ “တစ်ခါတိုက်ရင် သုံးစီးအပြည့်ပဲ။ စစ်ကားနဲ့ တိုက်တယ်။ မျက်စိရှေ့က ဖြတ်သွားနေတာတွေ့ရတယ်” ဟု ၎င်းက ပြောသည်။ ကွမ်းသီးများကု တနင်္သာရီမြို့နယ်သို့ ပို့ဆောင်ပြီး […]

တနင်္သာရီ ဘန်ကြုပ်ရွာအနီးကို စစ်အာဏာရှင်တပ် ဂျိုင်ရိုကော်ပတာနှစ်စင်းဖြင့် ဗုံးချ

Dawei Watch

June 25, 2026

တနင်္သာရီမြို့နယ်၊ ဘန်ကြုပ်ရွာအနီးကို စစ်အာဏာရှင်တပ်က ဂျိုင်ရိုကော်ပတာနှစ်စင်းဖြင့် ဗုံးချတိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများထံမှ သိရသည်။ ဇွန်လ ၂၄ရက် မွန်းလွဲ ၂နာရီ ၄၀မိနစ်တွင် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “(ဗုံး) နှစ်လုံးလာကြဲချလိုက်တယ်။ တောထဲကျတယ်။ လူထိခိုက်မှုမရှိဘူး”ဟု အထက်ပါ ‌ဒေသခံက ပြောသည်။ ဂျိုင်ရိုကော်ပတာနှစ်စီးသည် မြိတ်မြို့မှပျံသန်းလာပြီး သိန္ဓောကျေးရွာအုပ်စု၊သာရဘွင်ကျေးရွာအုပ်စုနှင့် တကူကျေးရွာအုပ်စုများတွင်လည်း ပတ်ဝဲခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ “ပတ်ဝဲနေတယ်။ ပြီးမှပျံသွားတယ်။ နှစ်ကြိမ်တောင် (တကူကျေးရွာအုပ်စုမှာ) လာဝဲနေလို့ နှစ်ခါပြေးဝပ်လိုက်ရတယ်။ (ရဟတ်ယာဉ် ထက် ) နှေးတယ်။ အလျားတိုတယ်” ဟု တကူဒေသခံတစ်ဦးက ပြောဆိုသည်။ တော်လှန်ရေးတပ်ဖွဲ့ဝင်များကလည်း စစ်အာဏာရှင်တပ်သည် ဂျိုင်ရိုကော်ပတာဖြင့် ဘန်ကြုပ်ရွာအနီးကို ဗုံးနှစ်လုံးကြဲရာ တောထဲတွင်ကျရောက်ပေါက်ကွဲပြီး ထိခိုက်မှုမရှိကြောင်း ပြောဆိုကြသည်။ ဘန်ကြုပ်ရွာသည် တကူ‌ကျေးရွာအုပ်စုနှင့် တစ်ဆက်တည်းရှိသည့်ရွာဖြစ်သည်။ […]